
ရှေးဦးစွာစေတီတော်ကြီး၏ ရင်ပြင်တော်ပေါ်၌ နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ဆရာတော်၊ သံဃာတော်များက မေတ္တသုတ်နှင့် ၂၄ ပစ္စည်းမဟာပဋ္ဌာန်း တော်မြတ်များ ရွတ်ဖတ်သရဇ္ဈာယ်ကြကာ ပေါ်ကြိုဘုရားကြီးကျောင်းတိုက် ပဓာနနာယက ဆရာတော်ဓမ္မကထိက ဗဟုဇနဟိတဓရဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တဒေဝိန္ဒ အရှင်သူမြတ်ထံမှ အနုမောဒနာတရားနှင့် ငါးပါးသီလခံယူဆောက်တည်ကြသည်။
ဆက်လက်၍ စေတီတော်အထွတ်သို့တင်လှူမည့်ထီးတော်နှင့်စိန်ဖူးတော်များအား ပေါ် ကြိုဘုရားကြီးတွင် လက်ယာရစ်သုံးကြိမ်လှည့်လည်ကြပြီး နံနက် ၉ နာရီမှစတင်ပင့်ဆောင်ကြရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေး၊ ဒုပြည်နယ်အုပ် ချုပ်ရေးမှူး ဦးကျော်သူဇော်၊ ဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင်များက ထီးတော်နှင့် စိန်ဖူးတော်များကို အမွှေးနံ့သာရည်များပက်ဖျန်း၍ ပူဇော်ကန်တော့ကြသည်။
No comments:
Post a Comment