
မေ ၁၅ရက်နေ့မှာတော့ ပိတ်ဆို့ဆန္ဒပြသူတွေဘက်က လောက်လေးဂွနဲ့ပစ်ခတ်တာ၊ ခဲနဲ့ပစ်ပေါက်တာတွေ ရှိခဲ့သလို ရဲတပ်ဖွဲ့ဘက်ကလည်း ရာဘာကျည်တွေနဲ့ပစ်ခတ်နှိမ်နင်းမှုကြောင့်ရွာသူရွာသားအချို့ ထိခိုက် ဒဏ်ရာရတာတွေလည်းရှိခဲ့ပြီး ဆန္ဒပြတာကို ခေါင်းဆောင်တဲ့ ရွာသူ ရွာသား ၁၀ဦးကို ပုဒ်မ ၅၀၅ (ခ)နဲ့ ထပ်မံ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
ဆန္ဒပြတာကို ခေါင်းဆောင်တဲ့ ရွာသူ ရွာသား ၁၀ဦးကို ပုဒ်မ ၅၀၅ (ခ)နဲ့ ထပ်မံ တရားစွဲဆို
' ' ရဲတွေက ကားနဲ့ အနည်းဆုံး ၅စီးလောက်ရှိမယ်။ ကျွန်မတို့ကတော့ ရှောင်နေရတာ။ ဦးရွှေအုန်းအိမ်ရယ် ကိုထွန်းနိုင်တို့အိမ်တွေထဲထိ လာရှာတယ်ပြောတယ်။ ၁၅ရက်နေ့အပြီးမှာ ကျမတို့ကို ပုဒ် ၅၀၅ (ခ)နဲ့ ထပ်စွဲ ထားတယ်။ အခုဆိုဒီစက်ရုံ စီမံကိန်းကြောင့် ရွာမှာ တရားစွဲခံရတဲ့သူက ၃၀နီးပါးလောက်ရှိလာပြီ'' လို့ ဒီကနေ့ မနက်ပိုင်းက ရွာထဲ ရဲတပ်ဖွဲ့ဝင်တွေ ဝင်ရောက်ခဲ့တဲ့အခြေအနေပေါ် အောင်သပြေရွာသူတစ်ဦး ဖြစ်တဲ့ မရင်ရင်အောင်က ပြောပြပါတယ်။
မေ ၁၅ ရက်နေ့က ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့အကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့အပြီးမှာတော့ စက်ရုံဝင်းအတွင်း အဆောက်အဦအချို့နဲ့ ယာဉ်အချို့ မီးရှို့ဖျက်ဆီးခံရ တာတွေလည်းရှိခဲ့ပါတယ်။
အဲဒီနေ့က ဖြစ်စဉ်မှာ ဆန္ဒပြခဲ့တဲ့ ရွာသား ၃ဦးကို ရဲတပ်ဖွဲ့က တပါတည်းဖမ်းခေါ်သွားခဲ့သလို မန္တလေး အခြေစိုက် အွန်လိုင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Channel Manday Tv က သတင်းထောက်တစ်ဦးဖြစ်တဲ့ နန္ဒ (တကိုယ်တော်)ကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး ဝတ္တရားနှောင့်ယှက်မှု ပုဒ်မ ၃၃၃ အပါအဝင် ပုဒ်မ ၄၃၅၊ ပုဒ်မ ၁၁၄ တို့နဲ့အမှုဖွင့်ထားခဲ့တယ်လို့ သိရပါတယ်။
' ' ကျွန်တော်တို့ သတင်းထောက်က Live လွှင့်နေတာ သူကိုဖမ်းပြီးမှ မီးလောင်တာကဖြစ်တာ။ ဒါကို မီးလောင် အောင်မြှောက်ပေးတယ်၊ ဝတ္တရားနှောင့်ယှက်တယ်ဆိုပြီး ပုဒ်မတွေတပ်ထားတယ် တိုင်းရဲတပ်ဖွဲ့ က။ ဒါကလွဲနေတာ အသိသာကြီး။ အခုသူ့ကို ရမန် ယူထားတာ ၂၉ရက်နေ့ထိဆိုတော့ အဲဒီနေ့ထိ စောင့်ကြည့်နေတယ်။ တရားမစွဲဘဲ ပြန်လွှတ်မလားလို့ မလွှတ်ဘူးဆိုရင်တော့ တိုင်းရဲတပ်ဖွဲ့ကို တရားစွဲသွား မယ်။''လို့ Channel Manday Tv ရဲ့ အယ်ဒီတာချုပ်ဖြစ်တဲ့ ကိုမင်းဒင်ကဘီဘီစီကိုပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ တရားဝင်လူမူကွန်ရက်စာမျက်နှာဖြစ်တဲ့ ရဲဇာနည်ပေ့ခ်ျကနေလည်း အောင်သပြေကျေးရွာ ဖြစ်စဉ်ကိုဖော်ပြရာမှာ သတင်းထောက်နန္ဒ(တကိုယ်တော်) ဟာ ရဲတပ်ဖွဲ့ဝင် တစ်ဦးကို ရိုက်နှက်ခဲ့တယ်လို့လည်း ဖော်ပြထားခဲ့ပါတယ်။
ဒါနဲ့ပတ်သက်ပြီး မဟုတ်မမှန်တဲ့အတွက် ပေ့ခ်ျကနေ ပြန်လည်ပြင်ဆင်တောင်းပန်ပေးဖို့ တောင်းဆိုထား မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တရားဥပဒေချုပ်ရုံးတို့ကိုလည်း စာပေးပို့တောင်းဆိုထားပြီး ပြန်လည်ပြင်ဆင် မဖော်ပြ ဘူးဆိုရင်တော့ ရဲဇာနည်ပေ့ခ်ျကို ဒီရက်ပိုင်းထဲမှာပဲ တရားစွဲဆိုသွားဖို့ ရှေ့နေကွန်ရက်နဲ့တိုင်ပင်နေပြီလို့လည်း ကိုမင်းဒင်ကပြောပါတယ်။
အငြင်းပွားမှုတွေဖြစ်ပွားနေတဲ့ ဒီ ကျောက်မီးသွေးသုံး Alpha ဘိလပ်မြေ စက်ရုံ စီမံကိန်းဟာ ၂၀၁၂ ကတည်းက ဒေသခံတွေ ကန့်ကွက်မှုကြောင့် ရပ်နားထားရပြီး လက်ရှိ အစိုးရလက်ထက်မှာ ဥပဒေနဲ့ ညီညွတ်မှုရှိတယ်လို့ဆိုကာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ပြန်လည် ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။
ဒီစီမံကိန်းဟာ ရွာနဲ့ခြံစည်းရိုးသာခြားပြီး ရှိနေတာကြောင့် ဒေသခံတွေရဲ့ တောင်ယာတွေပျက်စီးမှာ ကျန်းမာရေး ထိခိုက်လာမှာစိုးရိမ်နေကြသလို စီမံကိန်းလုပ်သားအချို့က ရွာခံမိန်းကလေးတွေကို အိနြေ္ဒပျက်ပြား အောင် လုပ်ဆောင်တာတွေလည်းရှိနေ တဲ့အတွက် ကန့်ကွက်ကြရတာဖြစ်တယ်လို့ ဒေသခံအချို့က ပြောပါတယ်။
၂၀၁၈ ခုနှစ်တုန်းက ဒီစက်ရုံစီမံကိန်းအတွက် လမ်းတွေဖောက်လုပ်တဲ့အခါမှာလည်း ရွာသားတွေပိုင် ခြံစည်းရိုးမြေတွေပါဝင်နေတာကို မဖယ်ပေးဘဲ စက်ရုံပိတ်သိမ်းဖို့ကန့်ကွက်ဆန္ဒပြခဲ့တဲ့အတွက် ဒေသခံ ၁၈ ဦးကို တရားစွဲဆိုထားတာတွေလည်း ရှိခဲ့ပါတယ်။
No comments:
Post a Comment