
မလ ၁၉ ရက်နေ့ ၁၈၅၀ အချိန်တွင် တနင်္သာရီမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ တနင်္သာရီမြို့နယ်၊ အရှေ့မော်တုန်းကျေးရွာအုပ်စု၊ ဇလုံးကျေးရွာ ပြည်ထောင်စု ကားလမ်းပေါ်တွင် မှုခင်းကျဆင်းရေးလုပ်ငန်း များဆောင်ရွက်နေစဉ် မသင်္ကာဖွယ်ရပ်ထားသော မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် မြိတ်မြို့၊ ပုလဲဒီပါရပ်ကွက်နေ မအေးမိုးကြွယ် ၂၃ နှစ်၊ မြိတ်မြို့၊ နောက်လယ်ရပ်ကွက်နေသူများဖြစ်သည့် ကောင်းထက်ပိုင်(ခ) ပိုင်ပိုင် ၂၃ နှစ်နှင့် ဖြူတုန်း(ခ)သန်းမင်းစိုး ၂၃ နှစ်တို့အားတွေ့ရှိပြီး ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၇၁၂ ပြား (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၅၃၅.၆ သိန်း)၊ မြန်မာငွေ ၅၀၀၀၀ ကျပ်၊ လက်ကိုင်ဖုန်း ၂ လုံးနှင့် မူးယစ် ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် တနင်္သာရီမြို့မရဲစခန်း တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
No comments:
Post a Comment