Monday, July 8, 2019

တံငါသည်တွေရဲ့ ငါးမိုင်းခွဲမှုကြောင့် တရုတ်ခရီးသွားနှစ်ဦး အပါအ၀င် သုံးဦး သေဆုံး

မလေးရှားနိုင်ငံ ဆာဘာ့ရှ်ပြည်နယ် ဆမ်ပိုနာကမ်းလွန်မှာ ဇူလိုင် ၅ ရက်နေ့ က တံငါသည်တွေရဲ့ ငါးမိုင်းခွဲမှုကြောင့် တရုတ်ခရီးသွားနှစ်ဦး အပါအ၀င် လူ သုံးဦးသေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး မလေးရှားရဲတပ်ဖွဲ့က မိုင်းခွဲခဲ့တဲ့ တံငါသည်တွေကို လိုက်လံရှာဖွေနေကြောင်း သိရပါတယ်။ တရုတ်ခရီးသွား နှစ်ဦးနဲ့ ၎င်းတို့ ရဲ့ ရေငုပ်လမ်းညွှန် မလေးအမျိုးသားတစ်ဦးတို့ ရဲ့ သက်မဲ့ရုပ်အလောင်းတွေကို အခင်းဖြစ်ရေပြင်မှာ တွေ့ ရှိခဲ့ကြတာပါ။ သံသယရှိ တံငါသည်တွေကို မိမိတို့ လိုက်ရှာနေကြောင်းနဲ့  ရေကြောင်းရဲတပ်ဖွဲ့ကိုလည်း စုံစမ်းစစ်ဆေးမှုလုပ်ဖို့  အမိန့် ပေးထားကြောင်း ဆာဘာ့ရှ်ပြည်နယ် ရဲမင်းကြီး အိုမာမမ်မက်ရှ်က ဘာနာမားသတင်းဌာနကို ပြောခဲ့ပါတယ်။

မူဆယ်မြို့ ပေါ် လူမြင်ကွင်း၌ ဖုန်းနှင့်ပိုက်ဆံအိတ်လုသည့်အပြင် ဓါးဖြင့်ထိုးသည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွား

တရုတ်ပြည်နယ်စပ် မူဆယ်မြို့ ပေါ် မြို့ လယ်ခေါင်တွင် စကားရပ်ပြောနေသူနှစ်ဦးထံမှဖုန်းနှင့်ပိုက်ဆံအိတ်ကို အမျိုးသားတစ်ဦးက ပေါ်တင်ဝင်လုပြီး ဓါးဖြင့်ထိုးသည့်ဖြစ်စဉ်တစ်ခု ဇူလိုင်လ(၆)ရက် ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ရှမ်းပြည်နယ်၏ တရုတ်နယ်စပ်မြို့ ဖြစ်သော မူဆယ်မြို့ ၊ မင်္ဂလာမူဆယ်လမ်း၊ ဆန်းစပါးကုန်စည်ဒိုင်ရှေ့ အများမြင်ကွင်းတွင် ယင်းဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လုယက်သူကို ရဲတပ်ဖွဲ့ က ရှာဖွေဖမ်းဆီးထားပြီဖြစ်ကြောင်းလည်း သိရသည်။

နေတိုးတပ်ဖွဲ့ Sea Breeze စစ်ရေးပူပေါင်းပါဝင်လေ့ကျင့်မှု ရုရှားစောင့်ကြည့်

မြောက်အတ္တလန္တိတ်နိုင်ငံများအဖွဲ့ နေတိုးတပ်ဖွဲ့ရဲ့ ပင်လယ်ကူး သင်္ဘောတွေဟာ ပင်လယ်နက်ထဲက ‘Sea Breeze 2019’ လို့ခေါ်တဲ့ စစ်ရေးလေ့ကျင့်မှုအတွင်း ပါဝင်လေ့ကျင့်နေလို့ ရုရှားက မျက်စိဒေါက်ထောက် ကြည့်နေတယ်လို့ ရိုက်တာ သတင်းဌာနမှာ ဖော်ပြပါတယ်။ စစ်ရေးလေ့ကျင့်နေပုံကို ရဟတ်ယာဉ်ပျံနေချိန် စက်မောင်းသူ အခန်းထဲကနေ ရိုက်ကူးထားတဲ့ ရုပ်သံကိုလည်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ဇူလိုင် ၅ ရက်မှာ ဖြန့်ချိလိုက် ပါတယ်။

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် စစ်တောင်းရိပ်မွန်တွင် ရေကြီးရေလျှံဖြစ်နေ

အခုရက်ပိုင်းအတွင်းမှာ မိုးအဆက်မပျက်ရွာသွန်းတာကြောင့် ရေတံခါးတည်ဆောက်နေတဲ့ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် စစ်တောင်းရိပ်မွန်မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပါတယ်။  အခုလိုရေကြီး ရေလျှံတာတွေဖြစ်နေပေမယ့် ရပ်ကွက်နေပြည်သူတွေကို ရေတံခါးတည်ဆောက်မှုအကြောင်း အသိပေးအကြောင်းကြားတာ မရှိဘူးလို့ စစ်တောင်းရိပ်မွန်နေ ကိုအောင်ကျော်မိုးက ပြောပါတယ်။

ကမ္ဘာ့အကြီးဆုံး ဂုန်လျှော်အိတ် ဂင်းနစ်စံချိန်သစ်တင်

ကမ္ဘာ့အကြီးမားဆုံး ဂုန်လျှော်အိတ်ကို အင်္ဂလန်နိုင်ငံမှာပြုလုပ်ခဲ့တယ်လို့ UPI သတင်းမှာ ဇူလိုင် ၅ ရက်နေ့ ဖော်ပြပါတယ်။  ဒီအိတ်ကို သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီတဲ့ ဈေးဝယ်အိတ်ထုတ်လုပ်ရေးကုမ္ပဏီတခုနဲ့ မားကတ်တင်းအေဂျင်စီတခုနဲ့  မူလတန်းကျောင်းသားတွေ ပူးပေါင်းဖန်တီးခဲ့တာဖြစ်ပါတယ်။ ဒီဖန်တီးမှုဟာ ကမ္ဘာ့အကြီးမားဆုံးအဖြစ် သတ်မှတ်ခံခဲ့ရပြီး ဂင်းနစ်စံချိန်သစ်ကိုလည်း ရရှိခဲ့ပါတယ်။  Cotton Bag ကုမ္ပဏီက Varn လို့ ခေါ်တဲ့ ဒီဂျစ်တယ်မားကတ်တင်းကုမ္ပဏီရဲ့ အကူအညီနဲ့ Fitzmaurice မူလတန်းကျောင်းတို့မှ ကျောင်းသားတွေ ပူးပေါင်းကာ ပြန်လည်အသုံးပြုနိုင်တဲ့ ကမ္ဘာ့အကြီးမားဆုံးအိတ်ကို ဖန်တီးခဲ့တာပါ။

တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများ ဇူလိုင် ၂၃ နောက်ဆုံး တင်သွင်းရန် တိုက်တွန်း

တက္ကသိုလ်ဝင်ခွင့်လျှောက်မယ့် ကျောင်းသားတွေအနေနဲ့ ဝင်ခွင့်လျှောက်လွှာတွေကို ဇူလိုင် ၂၃ ရက် နောက်ဆုံးထား အချိန်မီတင်သွင်းကြဖို့ အဆင့်မြင့်ပညာဦးစီးဌာနက တိုက်တွန်းလိုက်ပါတယ်။ အခုနှစ်တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာတွေကို ဇွန် ၂၄ ရက်နေ့ကနေစပြီး ဇူလိုင် ၂၃ ရက်နေ့အထိ ပြည်နယ်နဲ့တိုင်းဒေသကြီးအလိုက် သက်ဆိုင်ရာတက္ကသိုလ် ၂၃ ကျောင်းနဲ့ သီးခြားဝင်ခွင့်ခေါ်ယူခွင့်ရရှိထားတဲ့ တက္ကသိုလ် ၁၄ ကျောင်းမှာ လက်ခံပေးနေတာပါ။

ကိုရီးယားမင်းသမီး လီယူအွမ်း ခုံးကောင်ဖမ်းစားသည့်ရုပ်သံထုတ်လွှင့်မှု SBS တောင်းပန်

တောင်ကိုရီးယား ရုပ်ရှင်မင်းသမီး လီယူးအွမ်းက ထိုင်းနိုင်ငံအတွင်း ရှားပါးသတ္တဝါအဖြစ် တားမြစ်ကာကွယ်ထားတဲ့ ခုံးကောင် မျိုးစိတ်တွေအား ဖမ်းစားနေပုံရုပ်သံကို ထုတ်လွှင့်ဖို့ ခွင့်ပြုခဲ့တဲ့အတွက် တောင်ကိုရီးယား ရုပ်သံအစီအစဉ် SBS က တောင်းပန်လိုက်ပါတယ်။  ဇွန်လ ၂၉ ရက်မှာ ထုတ်လွှင့်တဲ့ တောရိုင်းဥပဒေသလို့ နာမည်ပေးထားတဲ့ ရုပ်သံ အစီအစဉ်ထဲမှာ အဲဒီရုပ်ပုံတွေ ပါသွားခဲ့တာပါ။

ဆေးဝါးပြတ်လပ်မှုနှင့် အကျပ်အတည်းများ ရင်ဆိုင်နေရသည့် လိုက်ဘေးရီးယား ဆေးရုံများ

လိုက်ဘေးရီးယား၏ Phebe ဆေးရုံတွင် အထူးကြပ်မတ်ကုသဆောင်၌ အမျိုးသမီးငယ်တစ်ဦး လဲလျောင်းနေသည်။ သူ့အတွက် လိုအပ်သောဆေးကို မိခင်ဖြစ်သူက ယူလာချိန်တွင် ဆရာဝန်က ခေါင်း ခါလိုက်သည်။ “လူနာတွေ ရောက်လာချိန်မှာ မိသားစုဝင်တွေ ဆေးထွက်ဝယ်ဖို့ ကျွန်တော်တို့က ခိုင်းရပါတယ်။ တစ်ခါတလေ သူတို့ပြန်လာတဲ့အချိန်မှာ လူနာတွေက သေသွားပါပြီ” ဟု ဆေးရုံ၏ ဒါရိုက်တာ ဆရာဝန် ဂျက်ဖာဆင်ဆစ်ဘလေ က ငြီးတွားခဲ့သည်။ြ ပည်တွင်းစစ် နှစ်ပေါင်းများစွာ ဖြစ်ခဲ့ပြီးနောက် ၂၀၁၄-၂၀၁၆ တွင် နိုင်ငံသမိုင်း၌ အဆိုးရွားဆုံး အီဘိုလာ အကျပ်အတည်းကို ရင်ဆိုင်ခဲ့ရသော လိုက်ဘေးရီးယား ကျန်းမာရေးကဏ္ဍဍသည် လဲပြိုနေပြီဖြစ်သည်။

ထိုင်းရဲများ၏ အနိုင်​ကျင့်​ခံရခြင်းအား​ကျေနပ်​မှုမရှိ၍ မြန်​မာနိုင်​ငံသားတစ်​ဦးမှ မဲ့​ဆောက်​.မြဝတီချစ်​ကြည်​​ရေး တံတားအလယ်​တွင်​ ဆန္ဒ​ဖော်​ထုတ်

Image may contain: 5 people, people standingထိုင်းနိုင်​ငံသို့ သွားရန်​ မြန်​မာနိုင်​ငံရှိ ထိုင်းသံရုံးမှ အလည်​အပတ်​ တရားဝင်​ဗီဇာယူပြီး ထိုင်းနိုင်​ငံ မဲ့​​ဆောက်.ဘန်​ကာက်​ လမ်း​ကြောင်းမှ (၄.၆.၂၀၁၉) ညပိုင်းကားဖြင့်သွားခဲ့ရာ.. အဆိုပါလမ်းရှိ ၅ ဂိတ်​​မြောက်​​နေရာမှ ထိုင်းရဲများက ထိုင်း​ငွေ ၁၂၀၀ ​တောင်းရာမ​ပေးနိုင်​သဖြင့်​.၎င်းအား ​ခြေ​ထောက်ဖြင့် ကန်​ခဲ့သဖြင့်​..ထိုသူမှ ထိုင်းရဲများအား ထိုင်း​ငွေ ၅၀၀ ဘတ်​​ ​ပေး​သော်​လည်း ထိုင်းရဲ များမှ ၎င်း၏အိမ်​စာချုပ်​များကို အဓမ္မသိမ်းယူခဲ့ခြင်း​ကြောင့်​....အနိုင်​ကျင့်​ခံရသူ မြန်​မာနိုင်​ငံသားမှ ယ​နေ့.၂၀၁၉ ဇူလိုင်​ ၇ ရက်​​နေ့ နံနက်​(၉)နာရီအချိန်​ခန့်​က...ထိုင်း.မြန်​မာနယ်​စပ်​ မဲ့​ဆောက်​.မြဝတီ အမှတ်​(၁)ချစ်​ကြည်​​ရေးတံတားအလယ်​​နေရာတွင်​ တစ်​ကိုယ်​​တော်​ဆန္ဒ​ ​ဖော်​ထုတ်​ခဲ့​ကြောင်း သိရသည်​။

ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် သတ်မှတ်ထားသည့် အတန်းလိုက်ပညာရပ်များအား အမှန်တကယ်တတ်မြောက် ကြရန်လို

နိုင်ငံတော်တွင်လိုအပ်နေသည့် နည်းပညာနှင့် လူသားစွမ်းရည်အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ကြရာတွင်ကျောင်းသား၊ ဆရာ၊ မိဘ၊ အုပ်ချုပ်ရေးတာဝန်ရှိသူများဆိုသည့် ပညာရေးစတုဂံအား ကောင်းရန်လိုကြောင်း၊ ကျောင်းသားကပညာကိုတတ်အောင်ကြိုးစားသင်ယူ၊ ဆရာများကပညာကို တတ်မြောက်အောင်သင်ကြားပေး၊ မိဘများကသားသမီးများအတွက် ပညာရေးကိုအားပေး၊ အုပ်ချုပ်ရေး တာဝန်ရှိသူများက ရုပ်ဝတ္ထုများနှင့်သင်ထောက်ကူပစ္စည်းများ အပါအ၀င် အေးချမ်း၊ လုံခြုံ၊ ပျော်ရွှင်စွာဖြင့် ပြည့်စုံသည့်သင်ကြားရေးပတ်ဝန်းကျင်ကို ဖော်ဆောင်ပေးပြီး ၀ိုင်းဝန်းကူညီအထောက်အကူပေးကြခြင်းဖြင့် မျိုးဆက်သစ်လူငယ်များ ၏ပညာရေးကဏ္ဍသည်တိုးတက်လာမည်ဖြစ်ကြောင်း၊

ပညာရေးဆိုင်ရာ ဖိအားများနှင့် ကြုံနေရသော စင်ကာပူကလေးများ

စင်ကာပူသည် ကမ္ဘာ့ပညာရေး အဆင့်အတန်းများတွင် အောင်မြင်မှုများအတွက် ကလေးများသည် ကြီးမားစွာ ပေးဆပ်နေရသည်။ ကျောင်းသားကလေးငယ်များသည် ပြင်းထန်သော ဖိအားများအား ကျော်လွှားနိုင်ရန် ရုန်းကန်နေရစဉ် စိတ်ကျန်းမာရေး အကူအညီ ရယူသူ အရေအတွက်လည်း မြင့်တက်လာနေသည်။ ကလေးများသည် အခြေခံပညာအဆင့်မှစတင်၍ စာသင်ကျောင်းများနှင့်သက်ဆိုင်သော စိုးရိမ်ပူပန်မှုများနှင့် ဖိအားများကို ရင်ဆိုင်နေရသည့်လက္ခဏာများကို ပြသခဲ့ကြပြီး ကလေးများသည် ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့သည်အထိ ပြင်းထန်သော ဖြစ်စဉ်များပင် ရှိခဲ့သည်။

အာဖဂန်ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဒိုဟာတွင် နှစ်ရက်ကြာကျင်းပ

၁၈ နှစ်ကြာ အာဖဂန်စစ်ပွဲကို အဆုံးသတ်ရန် ကြိုးပမ်းမှုအဖြစ် အမေရိကန်နှင့် သူပုန်အဖွဲ့များအကြား ဆွေးနွေးပွဲများ သီးခြားပြုလုပ်နေကြစဉ် အာဖဂန်အတိုက်အခံများအပါအဝင် သြဇာကြီးအာဖဂန် ကိုယ်စားလှယ်များစွာသည် ဒိုဟာမြို့၌ ဇူလိုင် ၇ ရက်တွင် စတင်ကျင်းပသော နှစ်ရက်ကြာ အာဖဂန်ထိပ်သီးတွင် တာလီဘန်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။အာဖဂန်နစ္စတန်ရှိ အမေရိကန်တပ်ဖွဲ့များကို စတင်ရုပ်သိမ်းခွင့်ပြုရေးအတွက် စက်တင်ဘာလတွင် ကျင်းပရန်သတ်မှတ်ထားသော အာဖဂန်သမ္မတရွေးကောက်ပွဲ မတိုင်မီ တာလီဘန်အဖွဲ့နှင့် နိုင်ငံရေးသဘောတူညီချက်တစ်ခု ရရှိရန် လိုလားကြောင်း ဝါရှင်တန်က ပြောကြားထားသည်။

စစ်ပွဲဒဏ် ငါးနှစ်ကြာကြုံပြီးနောက် ယီမင်နိုင်ငံ၏ အခြေအနေ အဆိုးရွားဆုံးသို့ရောက်ရှိ

ယီမင်နိုင်ငံ မြို့တော်ဆာနာအတွက် မဟာဗျူဟာကျသော ဝင်ပေါက်တစ်ခုဖြစ်သည့် Amran မြို့ ရှိ ဒေသခံအများစုကဲ့သို့ပင် မိုဟာမက်အယ်လ်နာ့ခ်ျရီသည်လည်း လွန်ခဲ့သည့်ငါးနှစ်တွင် ဟူသီသူပုန်တို့၏ မြို့သိမ်းပိုက်မှုသည် ကာလကြာရှည်မည်မဟုတ်ဟု တွေးထင်ခဲ့သည်။ သို့သော် တိုက်ပွဲများသည် နိုင်ငံ၏ နယ်မြေများသို့ မြန်မြန်ဆန်ဆန်ပျံ့နှံ့ခဲ့ပြီး အာရပ်ကမ္ဘာ၏ အ ဆင်းရဲဆုံးနိုင်ငံကို ဖွတ်ဖွတ်ညက်ညက် ကြေစေသော ပဋိပက္ခတစ်ခုသို့ ကျရောက်စေခဲ့ပြီး ယခုထိအ ဆုံးမသတ်သေးပေ။

အမေရိကန်ကျောင်းသား ဝမ်ဘီယာ၏ မိဘများက သားဖြစ်သူ သေဆုံးမှုအတွက် နစ်နာကြေးအဖြစ် ဖမ်းဆီးခံ မြောက်ကိုရီးယားသင်္ဘ࿿ောကို ရရှိရန် ကြိုးပမ်း

အမေရိကန်ကျောင်းသား အော်တိုဝမ်ဘီယာ သေဆုံးမှုအတွက် မြောက်ကိုရီးယားက လျော်ကြေးဒေါ်လာ သန်းနှင့်ချီ ပေးဆောင်ရန် အမေရိကန်တရားသူကြီးက ဆုံးဖြတ်ထားစဉ် ထိုလျော်ကြေးအားရရှိရန် ကြိုးပမ်းမှုအဖြစ် ဖမ်းဆီးခံထားရသည့် မြောက်ကိုရီးယား ကုန်တင်သင်္ဘ࿿ောတစ်စီးကို ပေးရန် ゞင်း၏ မိဘများက တောင်းဆိုခဲ့သည်။ ဝမ်ဘီယာ မတရားသဖြင့် သေဆုံးရသည့် အကြောင်းအရင်းကို အဖြေပေးရန် မြောက်ကိုရီးယားက ပျက်ကွက်ခဲ့သဖြင့်  ထိန်းချုပ်ထားသည့် မြောက်ကိုရီးယား၏ ပိုင်ဆိုင်မှုများကို ရရှိရန် ゞင်းတို့တွင် အခွင့်အရေးရှိသည်ဟု ဝမ်ဘီယာ၏မိဘများက ဇူလိုင်  ၃ ရက်တွင် နယူးယောက်ဖက်ဒရယ် တရားရုံးသို့ တင်ခဲ့သည့် အမှုတွဲစာရွက်စာတမ်းများတွင် ဖော်ပြထားသည်။ ဝမ်ဘီယာသည် ဟောင်ကောင်တွင် ပညာသင်ယူမည့် အစီအစဉ်မတိုင်မီ ဧည့်လမ်းညွှန်ပါဝင်သော ခရီးသွားအဖွဲ့ဖြင့် မြောက်ကိုရီးယားသို့ အလည်အပတ် သွားရောက်စဉ် ဖမ်းဆီးခံရပြီးနောက် အမေရိကန်သို့ ရောက်ရှိခဲ့ပြီး မကြာမီ သေဆုံးခဲ့သည်။

ဟောင်ကောင်ဆန္ဒပြသူများက တရုတ်ဘူတာရုံသို့ ချီတက်ဆန္ဒပြ

 ဇူလိုင် ၇ ရက်တွင် West Lowloom ဘူတာရုံသို့ ချီတက်ဆန္ဒပြရန် ဆန္ဒပြသူများ စုဝေးနစေဉျပေကျင်းထောက်ခံသည့် ခေါင်းဆောင်များကို ဆက်လက်ဖိအားပေးရန် တက်ကြွလှုပ်ရှားသူများက ကြိုးပမ်းနေစဉ် အစိုးရဆန့်ကျင်သည့် ဆန္ဒပြသူ ထောင်ပေါင်းများစွာက ဇူလိုင် ၇ ရက်တွင် ချီတက်ဆန္ဒပြမှုတစ်ခုကို စတင်ခဲ့ပြီး  တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်ချိတ်ဆက်သည့် အငြင်းပွားဖွယ် မီးရထားဘူတာရုံ West Lowloom သို့ ချီတက်ခဲ့ကြသည်။ ဇူလိုင် ၁ ရက်တွင် လူငယ်အများစုပါဝင်သည့် နှာခေါင်းစည်းတပ်ထားသည့် ဆန္ဒပြသူများက ပါလီမန်ကို မကြုံစဖူး စီးနင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် ယင်းဆန္ဒပြမှုသည် လူအများအပြားပါဝင်သည့် ပထမဆုံး ဆန္ဒပြမှုလည်းဖြစ်သည်။ ဆန္ဒပြသူများက ပါလီမန်ကို စီးနင်းတိုက်ခိုက်ခဲ့မှုသည် အပြည်ပြည်ဆိုင်ရာ စီးပွားရေးဗဟိုချက်ဖြစ်သည့် ဟောင်ကောင်ကို နောက်ထပ်အကျပ်အတည်းတစ်ခု ကျရောက်စေခဲ့သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၄) နယ်မြေအတွင်း မူးယစ်ဆေးဝါးကင်းစင်ကြောင်း NDAA အဖွဲ့ အကြီးအကဲအချို့ အာမခံ

ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ (၄) နယ်မြေအဖြစ် သတ်မှတ်ထားသည့် မိုင်းလား၊ ဆီလူးနှင့် နမ့်ပန်းဒေသတို့တွင် မူးယစ်ဆေးဝါး လုံးဝကင်းစင်ကြောင်း အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်ဖွဲ့  (NDAA) ၏ အကြီးအကဲအချို့က အာမခံပြောကြားသည်။ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ အထူးဒေသ (၄) နယ်မြေအတွင်း အချိန်မရွေး လာရောက်ကြည့်ရှုနိုင်ပြီး မူးယစ်ဆေးဝါးတွေ့ရှိခဲ့ပါက မိမိ လည်ပင်း အဖြတ်ခံနိုင်သည်အထိ အာမခံကြောင်း အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ (NDAA) သတင်းပြန်ကြားရေးဌာနကြီးမှူး ဦးခမ်းမောင်က ဆိုသည်။

"အင်ဒိုမှာ ရစ်ခ်ျတာစကေး ၇.၁ ရှိ ငလျင်ကြီးလှုပ်ပြီးနောက် ဆူနာမီသတိပေးချက် ထုတ်ပြန်"

အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်းရှိ မြောက်ပိုင်းဆူလာဝေစီ ကမ်းလွန်ပင်လယ်ပြင်မှာ ရစ်ခ်ျတာစကေး ၇.၁ အဆင့်ရှိ အင်အားပြင်းထန်တဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် အင်ဒိုနီးရှားဘူမိရူပဗေဒဌာ (Indonesian Geophysics Agency - BMKG) က ဆူနာမီရေလှိုင်း သတိပေးချက် ထုတ်ပြန်ခဲ့ကြောင်း သိရပါတယ်။ ငလျင်ကြီးဟာ ဒေသစံတော်ချိန် ယနေ့ (ဇူလိုင် ၇ ရက်) ည ၁၀ နာရီ ၈ မိနစ်မှာ လှုပ်ခတ်ခဲ့တယ်လို့ BMKG က ပြောပါတယ်။ ငလျင်ဟာ မြောက်ပိုင်းဆူလာဝေစီနဲ့ မြောက်ပိုင်းမာလူကူ ပြည်နယ်နှစ်ခုကြား Molucca ပင်လယ်မှာ ဗဟိုပြုပြီး မြေအောက်အနက် ၁၅ မိုင်ခန့်မှာ လှုပ်ခတ်သွားခဲ့ကြောင်း US Geological Survey (USGS) ဝက်ဘ်ဆိုက်က ဖော်ပြပါတယ်။

၁၂နှစ်အကြာ ကိုပါအမေရိက ဖလား ချန်ပီယံ ဖြစ်လာတဲ့ ဘရာဇီး

အိမ်ရှင် အဖြစ် ကျင်းပတဲ့ ကိုပါအမေရိက ဖလားပြိုင်ပွဲမှာ ဘရာဇီးက ပီရူးကို ၃-၁ဂိုးနဲ့ နိုင်ပြီး ၂၀၀၇ နောက်ပိုင်း ပထမဆုံး ချန်ပီယံဆုကိုရယူနိုင်ခဲ့ပါတယ်။ နှစ်သင်းစလုံး ဆီမီးဖိုင်နယ်ပွဲတုန်းက လူစာရင်းကို အပြောင်းအလဲ မလုပ်ခဲ့ဘဲ ပွဲထွက်ခဲ့တာပါ။ ဒီပွဲမှာ VAR ရဲ့ အဆုံးအဖြတ်နဲ့ ပင်နယ်တီတွေရှိခဲ့သလို အိမ်ရှင် ဘရာဇီင်္းကတော့ ဒုတိယပိုင်းမှာ တစ်ယောက်လျော့နဲ့ နိုင်ခဲ့တာပါ။ ပထမပိုင်း ၁၅မိနစ်မှာ အဲဗာတန်က ဦးဆောင်ဂိုးသွင်းပြီး ပီရူးဖက်က ၄၄မိနစ်မှာ ပင်နယ်တီ ပြန်ရခဲ့ပါတယ်။ တိုက်စစ်မှူး ဂွာရဲရိုး ကန်သွင်းခဲ့တာပါ။ ဒါပေမယ့် ချက်ချင်းပဲ ၄၅မိနစ်မှာ ဂါဘရီရယ် ဂျေဆုက ပြန်သွင်းလို့ အိမ်ရှင် ဘရာဇီး ၂-၁ဂိုးနဲ့ဦးဆောင်ခဲ့ပြန်ပါတယ်။

တာချီလိတ်က ရှင်းမန် & ရှင်းဒါ - ၂ ရွှေဆိုင် ဆိုင်ဖွင့်ချိန်တွင် လုယက်ခံရ

Image may contain: one or more people and outdoorတာချီလိတ်မြို့ ရှင်းမန် & ရှင်းဒါ - ၂ ရွှေဆိုင်ကို သေနတ်နဲ့ လူနှစ်ဦးက ဇူလိုင်လ (၈)ရက်၊ ဆိုင်ဖွင့်ချိန် မနက် (၈)နာရီခန့်မှာ ဝင်ရောက်လုယက်ခဲ့တယ်လို့ ကနဦး သတင်းရရှိပါတယ်။ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်၊ ဝမ်ကောင်းဈေးအနီး ဗိုလ်ချုပ်လမ်းပေါ်မှာရှိတဲ့ ရှင်းမန် & ရှင်းဒါ - ၂ ရွှေဆိုင် မနက်ဆိုင်ဖွင့်ချိန်ဖြစ်တဲ့ (၈)နာရီခန့်မှာ ဆိုင်ဝန်ထမ်းတွေ ဆိုင်ဖွင့်ဖို့ ပြင်ဆင်နေစဉ်မှာ ဆိုင်ကယ်ဦးထုပ် အကြီးဆောင်းထားတဲ့ လူနှစ်ဦးက ဆိုင်ထဲဝင်လာပြီး လုယက်သွားတာဖြစ်တယ်လို့ ဆိုင်ဝန်ထမ်းတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ဝင်ရောက်လုယက်မှုကြောင့် ရွှေဘယက်တစ်ကုံး၊ ရွှေဆွဲကြိုးတစ်ကုံးနဲ့ေ ရွှဆွဲပြားတစ်ပြား ပါသွားပြီး အလေးချိန် ၂၅ ဘတ်သားခန့်ရှိတယ်လို့ ကနဦးသတင်းအရ သိရပါတယ်။

သင်္ဃ္န်းကျွန်းမြို့နယ်တွင် အငှားယာဉ်ငှားစီးသူ၏လည်ပင်းကို ဓားဖြင့်ထောက်ပြီး ငွေနှင့် လက်ကိုင်ဖုန်း လုယက်ခဲ့သည့် ယာဉ်မောင်းပါလေးဦးအား ဖမ်းဆီးရမိ

သင်္ဃ္န်းကျွန်းမြို့နယ်တွင် အငှားယာဉ်ငှားစီးသူ၏ လည်ပင်းကို ဓားဖြင့်ထောက်ပြီး ငွေနှင့် လက်ကိုင်ဖုန်း လုယက်ခဲ့သည့် ယာဉ်မောင်းပါလေးဦးအား ဖမ်းဆီးရမိခဲ့ကြောင်း ဇူလိုင် ၇ ရက်တွင် အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။ ယင်းသို့ အငှားယာဉ်ငှားစီးသူ၏ လည်ပင်းကို ဓားဖြင့်ထောက်ပြီး ငွေနှင့်လက်ကိုင် ဖုန်း လုယက်သွားသူလေးဦးမှာ ဒဂုံတောင်မြို့နယ် ၆၅ ရပ်ကွက်နေ ဇေယျာမျိုးမောင် (၂၅ နှစ်)၊ ၂၃ ရပ် ကွက်နေ အတာ(ခ)ဘိုဖုချို(၁၈ နှစ်)၊ ၂၆ ရပ်ကွက်နေ တိုးတိုးအောင် (ခ) တိုးကြီး(၂၆ နှစ်)နှင့် မျိုးသက်(၂၇ နှစ်) တို့ဖြစ်ကြောင်း သိရသည်။

၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သူများနှင့် ဘက်စုံပညာထူးချွန်လူငယ်များအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

Image may contain: 4 people, indoor၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင် ခဲ့သော စစ်သည်များ၊ တပ်မတော်သား မိသားစုဝင် သားသမီးများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၏ သားသမီးများနှင့် ဘက်စုံပညာ ထူးချွန်လူငယ်များအား ဂုဏ်ပြုဆု ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး ထူးချွန်ကျောင်းသားများအား ဂုဏ်ပြုတံဆိပ်၊ ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

ကျောင်းသူ ၈ ဦးကို မုဒိမ်းကျင့်ခဲ့ဟု ဘင်္ဂလားဒေ့ရှ် ဘာသာရေး ကျောင်းဆရာ ၀န်ခံ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ နက်ထရိုကိုနာခရိုင်မှာ ကျောင်းသူလေးတစ်ဦးကို မုဒိမ်းကျင့်ဖို့  ကြိုးစားခဲ့မှုနဲ့  ဖမ်းဆီးခံထားရတဲ့ ဘာသာရေးကျောင်းဆရာတစ်ဦးက သူဟာ ကျောင်းသူ ၈ ဦးကို မုဒိမ်းကျင့်ခဲ့ကြောင်း ယခုအခါ ၀န်ခံထွက်ဆိုလိုက်တယ်လို့  သိရပါတယ်။ေ ကျာင်းဆရာ အဘူခါယာ ဘယ်လာလီဟာ ကန်ဒူယာမြို့ရှိ Ma Hawa(ခ) Qawmi Mohila Madrasa ကျောင်းကို လွန်ခဲ့တဲ့ တစ်နှစ်လောက်က ရောက်ရှိလာသူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့ က ဆရာဖြစ်သူ ဘယ်လာလီဟာ ၈ နှစ်အရွယ်ကျောင်းသူလေးကို မုဒိမ်းကျင့်ဖို့ ကြိုးစားနေကြောင်း အခြား အတန်းဖော် နှစ်ဦးက ငိုယိုကာ အကူအညီတောင်းခံခဲ့တာကြောင့် ဒေသခံတွေက ၄င်းကို ဖမ်းဆီး ရိုက်နှက်ကာ ရဲလက် အပ်ခဲ့ကြတာဖြစ်ပါတယ်။

နျူကလီးယား ကတိကဝတ်များကို ရက် ၆၀ အတွင်း စွန့်ပယ်မည်ဟု အီရန်ခြိမ်းခြောက်

အထင်ကရ နျူကလီးယား သဘောတူညီချက်ပါ နောက်ထပ် ကတိကဝတ်တွေကို ရက် ၆၀ အတွင်း စွန့်ပယ်မည်ဟု အီရန်က ဇူလိုင် ၇ ရက်မှာ ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။ ဒီ သဘောတူညီချက်မှာ ပါဝင်လက်မှတ်ရေးထိုးထားသူတွေနဲ့အကြား ဖြေရှင်းချက်တစ်ခု ရှာဖွေနိုင်ခြင်း မရှိဘူးဆိုပါက ဒီ စာချုပ်ကို စွန့်ပယ်တော့မှာဖြစ်ကြောင်း အီရန်က ပြောပါတယ်။ “ ရက်ပေါင်း ၆၀ လောက်ကြာပြီးရင်တော့ ဖြေရှင်းချက်တစ်ခု ရှာနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်၊ ဒီလိုမှ မဟုတ်ရင်တော့ တတိယ ခြေလှမ်းကို လှမ်းရပါလိမ့်မယ်” လို့ အီရန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အရက်ဂ်ချီက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောပါတယ်။

ပြင်သစ်မှာ တွေ့ရတဲ့ ဒေါ်နယ်ထရမ့် ဦးခေါင်းပုံ လေမှုတ်အရုပ်ကြီး

  ပြင်သစ်နိုင်ငံ မတ်ဇ်မြို့က မိုဆယ်လီမြစ်ထဲမှာတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဦးခေါင်းပုံ ဧရာမ လေမှုတ်အရုပ်ကြီးတစ်ရုပ်ကို တွေ့ရမှာ ဖြစ်ပါတယ်။ ရေထဲမှာ တစ်ဝက်တစ်ပျက် ပေါလောပေါ်နေတဲ့ ထရမ့် ခေါင်းပုံ လေမှုတ်ရုပ်ကြီးကိုတော့ ဇူလိုင် ၅ ရက်ကနေ စက်တင်ဘာ ၇ ရက်အထိ ယင်းမြစ်ထဲမှာ ထားရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကတော့ ရာသီဥတု ပြောင်းလဲခြင်းနဲ့ သဘာဝပတ်ဝန်းကျင်အပေါ်မှာ ထားရှိတဲ့ ထရမ့်ရဲ့ သဘောထားရပ်တည်ချက်ကို ဆန့်ကျင်ရှုတ်ချတဲ့အနေနဲ့ ဒီ လေမှုတ်ရုပ်ကြီးကို မိုဆယ်လီ မြစ်ထဲမှာ ထားရှိတာဖြစ်ကြောင်း သိရပါတယ်။

ဟောင်ကောင်မှာ ထောင်နဲ့ချီတဲ့ ဆန္ဒပြသမားတွေ စုရုံးချီတက်ပြီး အစိုးရကို ဆက်လက်ဖိအားပေး

ဟောင်ကောင်အစိုးရကို ဆန့်ကျင်တဲ့ ထောင်နဲ့ချီတဲ့ ဆန္ဒပြသမားတွေဟာ ဇူလိုင်လ ၇ ရက်က မြို့တွင်း စုရုံးချီတက်ခဲ့ကြပြီး ပေကျင်းအစိုးရ လိုလားတဲ့ ဟောင်ကောင်ခေါင်းဆောင်တွေအပေါ် ဆက်လက်ဖိအားပေးဖို့ ကြိုးစားခဲ့ကြပါတယ်။ ယခုတစ်ကြိမ်မှာတော့ အစိုးရဆန့်ကျင်ဆန္ဒပြသူတွေဟာ ဟောင်ကောင်ဒေသနဲ့ တရုတ်ပြည်မကြီးကို ချိတ်ဆက်ထားတဲ့ အငြင်းပွားဖွယ် ရထားဘူတာရုံတစ်ခုကို ဦးတည်ချီတက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

‘အကျင့်ပျက်ခြစားမှုတွေနဲ့ ကိုပါအမေရိကပြိုင်ပွဲ’လို့ ဝေဖန်သွားတဲ့ မက်ဆီ

လီယွန်နယ် မက်ဆီဟာ ချီလီနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲ တတိယနေရာလုပွဲ ပထမပိုင်းမှာ အနီကတ်နဲ့ အထုတ်ခံရပြီးနောက် ပွဲအပြီး ဆုတံဆိပ်ချီးမြှင့်တဲ့ အခမ်းအနားကို တက်ရောက်ခဲ့ခြင်းမရှိသလို ပြိုင်ပွဲကိုလည်း အကျင့်ပျက်ခြစားမှုလို့ သူက ဝေဖန်သွားခဲ့ပါတယ်။ အာဂျင်တီးနားအသင်းဟာ ချီလီအသင်းကို အဂူရို၊ ဒီဘားလားတို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ယူပြီး ကိုပါအမေရိကပြိုင်ပွဲမှာ တတိယနေရာရရှိခဲ့တာဖြစ်ပါတယ်။

ကသည်းလက်နက်ကိုင်များအား ဖယ်ရှားအရေးယူမှုများ ပြုလုပ်ရန် တမူးဒေသခံများ တောင်းဆို

 စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ဗုံးပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့ခြင်းနှင့်ပတ်သက်၍ ကသည်း လက်နက်ကိုင်များကို ပြစ်တင်ရှုတ်ချလိုက်ပြီး အာဏာပိုင်များအနေဖြင့် အရေးယူဖယ်ရှားမှုများ ပြုလုပ်ရန် တမူးဒေသခံများက တောင်းဆိုလိုက်ကြသည်။ ယမန်နေ့ ဇူလိုင် ၆ ရက်နေ့က တမူးမြို့၊ ဧပရယ်မွန်ခန်းမတွင် ကျင်းပခဲ့သည့် ဒေသတွင်း ငြိမ်းချမ်းရေးဆွေးနွေး ပွဲအပြီး ထုတ်ပြန်ချက် ထုတ်၍ တောင်းဆိုလိုက်ခြင်းဖြစ်ပြီး စစ်ကိုင်းတိုင်း၊ တမူးနယ်စပ်နှင့် ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်း အခြေချ နေထိုင်သော ကသည်းလက်နက်ကိုင်များအား အမြန်ဆုံး ဖယ်ရှားပေးသင့်ကြောင်း ပါရှိသည်။

စုံနံ့သာမြိုင်ကတော့ စားတယ်ဗျာ

(တစ်) အခုဆိုရင် စုံနံ့သာမြိုင်က တောသတ္တ၀ါတွေ ကမ္ဘာ့နေရာအ သီးသီးမှာ ရောက်ရှိပြီး အခြေချ လို့ နေထိုင်လာခဲ့ကြတာဟာဖြင့် သူတို့မရောက်တဲ့နေရာရယ်လို့ မရှိသလောက်ကို ဖြစ်နေပါပြီ။ မိုက်ဂရေးရှင်း (Migration)တဲ့။ တစ်နေရာက တစ်နေရာကို ပြောင်းနေတာကို ပြောတာပါပဲ။ ဟုတ်တယ်။ တောသတ္တ၀ါတွေ တစ်နေရာက တစ်နေရာကို ပြောင်းကြတယ်။ ဇာတိစုံနံ့သာ မြိုင်ကို စွန့်ခွာပြီးအရပ်တစ်ပါးကို ပြေးကြတယ်။ သူတို့ပြောပုံအရ တောဟာနေလို့ထိုင်လို့ မကောင်း တော့ဘူးဆိုလား။ ဘယ်လို ကြောင့် နေလို့ထိုင်လို့မကောင်း တော့တာတုံးဆိုတော့  တောက စားလွန်းလို့တဲ့။

အခါးစားပေးသင့်တဲ့ အကြောင်းအရင်း

အစားအသောက်တွေဆိုရင် အနံ့အရသာနဲ့ပြည့်စုံမှစားတတ်တယ်၊ ချဉ်၊ငန်၊စပ် ဒါမှမဟုတ် ချိုတဲ့အရသာလေးကိုမှ ကြိုက်တယ်ဆိုရင်တော့ ဆေးဖြစ်ဝါးဖြစ်အနေနဲ့ အခါးလေးနည်းနည်းလောက်စားပါ၊ လို့ပြောပါရစေနော်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ပြောပြပေးထားတာမို့ ဖတ်ကြည့်ဖို့ပြောပါရစေ Hello ဆရာဝန်ပရိသတ်ကြီးရေ…….
အခါးစားပေးသင့်တဲ့အကြောင်းအရင်း
အခါးကိုနေ့စဉ်မဟုတ်ရင်တောင် တစ်ပတ်မှာ ၃ ရက်လောက်တော့ စားပေးသင့်ပါတယ်။ ဒီလိုပြောရတဲ့အကြောင်းအရင်းကတော့ အခါးဓာတ်က ခန္ဓာကိုယ်ကျန်းမာဖို့အတွက် လိုအပ်လို့ပါ။ အခါးစားပေးတဲ့အခါ

နွေရာသီမှာသောက်လေ့ရှိကြတဲ့ ဥသျှစ်ရည်ချိုချိုလေးကပေးတဲ့ ကျန်းမာရေးအာနိသင်

နွေပူနေချိန်မှာ ဥသျှစ်သီးဖျော်ရည်  အေးအေးချိုချိုလေးသောက်လိုက်ရတာကလည်း စိတ်ကျေနပ်မှု အပြည့်အဝရရှိစေတဲ့ ခံစားချက်တွေထဲကတစ်ခုပဲနော်။ ငယ်ငယ်က မြန်မာနိုင်ငံအလယ်ပိုင်းက အပူပိုင်းဒေသတွေကိုသွားရင်ဥသျှစ်သီးဖျော်ရည်မွှေးမွှေးချိုချိုလေးကိုသောက်ခဲ့ဖူးမှာပါ။ ထန်းလျက်နဲ့ဖျော်ထားတဲ့ ဥသျှစ်သီးဖျော်ရည်လေးက သောက်ကောင်းရုံလောက်တင်မဟုတ်ဘဲ ကျန်းမာရေးအတွက်လည်း တကယ်ကောင်းတယ်ဆိုတာကို ဒီဆောင်းပါးေးလကနေတဆင့် ပြောပြပေးချင်ပါတယ်။

ဆင်းရဲခြင်းမှ ကင်းလွတ်ဖို့

ဇွန်လ ၂၈ ရက်ထုတ် 7Day သတင်းစာမျက်နှာဖုံးတွင် စိတ် ဝင်စားစရာကောင်းပြီး ကျွန်တော် တို့အတွက် မထူးဆန်းသော သ တင်းတစ်ပုဒ်ကို ဖတ်ရသည်။ သ တင်းက ‘မြန်မာနိုင်ငံတွင်လူလေး ဦးလျှင် တစ်ဦးဆင်းရဲနေ’ ဟူ၍ ဖြစ်သည်။ စိတ်ဝင်စားစရာ ကောင်းခြင်းမှာ သတင်းအရနိုင်ငံ ၏ လူဦးရေလေးပုံတစ်ပုံမှာ ဆင်း ရဲနေသောကြောင့် ဖြစ်သည်။ မ ထူးဆန်းဟုဆိုရခြင်းမှာ ကျွန် တော်တို့နိုင်ငံသားများအဖို့ ဆင်း ရဲခြင်းနှင့် ထုသားပေသားရ နေ သည်မှာ ရာစုနှစ်တစ်ဝက်ကျော် ပြီဖြစ်သောကြောင့်ပါတည်း။

ကဏ္ဍငါးခုတွင် အောက်တိုဘာ ၁ ရက်ကစ၍ ယူနီကုတ်စနစ် အသုံးပြုရမည်

 ဆက်သွယ်ရေးအော် ပရေတာများ၊ ဟန်းဆက်ထုတ် လုပ်တင်သွင်းသူများ၊ ဆားဗစ် စင်တာများ၊ နည်းပညာဆိုင်ရာ အဖွဲ့အစည်းများနှင့် Content  Providers များသည် အောက်တို  ဘာ ၁ ရက်ကစ၍ ယူနီကုတ် မြန်မာစာစနစ်ကို စတင်အသုံးပြုရ မည်ဟု မြန်မာနိုင်ငံကွန်ပျူတာအ သင်းချုပ်ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ထွန်းသူရသက်ကပြောသည်။ e Government ဦးဆောင် ကော်မတီ၏ လမ်းညွှန်ချက်အရ အစိုးရအဖွဲ့အစည်းများတွင် ယူနီ ကုတ်စံသတ်မှတ်ချက်နှင့် ကိုက် ညီသည့် ပြည်ထောင်စုဖောင့်ကို ဧပြီလ ၁ ရက်က စတင်၍ ရုံးတွင်း လုပ်ငန်းစဉ်များ၌ ပြောင်းလဲအသုံးပြုရာ ရာနှုန်းပြည့် အောင်မြင်ခဲ့သည်ဟု ၎င်းကပြောသည်။

မကွေးတိုင်း ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးအသင်းသို့ ရောက်လာသည့် Single Mother များအနက် အများစုမှာ သက်ငယ်မုဒိမ်းမှုဟုဆို

မကွေးတိုင်းဒေသကြီး ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက် ရေးအသင်းသို့ တစ်နှစ်အတွင်း အကူအညီ တောင်းခံလာသည့် Single Mother ၁၇ ဦးအနက် ၁၅ ဦးသည် သက်ငယ်မုဒိမ်းမှုနှင့် ရင်ဆိုင်ခဲ့ရသူများဖြစ်ကြောင်း အသင်း အတွင်းရေးမှူး ဒေါ်စန္ဒာသန်းက ပြောသည်။ ‘‘(၁၈)နှစ်အောက် ကလေးတွေပါ။ များသောအားဖြင့် (၁၃)၊(၁၄)နှစ်အရွယ် ကလေးတွေကပိုများပါတယ်။ (၂၁)နဲ့ (၂၃)နှစ်အရွယ် နှစ်ယောက်ပါပါတယ်’’ ဟု ၎င်းကဆိုသည်။

ပုဂံယဉ်ကျေးမှုနယ်မြေအတွင်းရှိဟိုတယ်များ ဖယ်ရှားပေးရမည်မဟုတ်ဟုဆို

 ရှေးဟောင်းမြို့တော် ပုဂံဒေသကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်သွားသော်လည်း ယဉ်ကျေးမှုအမွေအနှစ် နယ်မြေအတွင်းရှိ ဟိုတယ်များနှင့် ဆောက်လက်စဟိုတယ်များ ဖယ်ရှားပေးရမည် မဟုတ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။ ထို့အပြင် ပုဂံဒေသခံများ အဆင်ပြေစေရေး Home Stay (ဧည့်နေထိုင်ခွင့်) ခွင့်ပြုပေးမည်ဖြစ်ကြောင်း သူရဦးအောင်ကိုက ပြောသည်။

ပန်ပေါင်း ဝမ့်ဝမ့် KTV မီးလောင်မှုဖြစ်ပွား

Image may contain: outdoor၂၀၁၉ ဇူလှိုင်လ ၈ ရက်နေ့ နံနက် ၆း ၁၀ နာရီအချိန်ခန့်က ကျောက်မဲမြို့ ပန်ပေါင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ဝမ့်ဝမ့် KTV မီးလောင်မှုဖြစ်ပွားခဲ့သည် ။ မီးလောင်ကျွမ်းရာသို့ ခရိုင်မီးသတ်တပ်ဖွဲ့မှ မီးသတ်ကား ၃ စီးဖြင့်လာရောက်မီးငြိမ်းသတ်ခဲ့ကြသည် ။

ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရမဲ့ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်လာတဲ့ ပုဂံ

ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသကို ယူနက်စကိုက ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရမဲ့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် အဖြစ် ဇူလိုင် ၆ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ ဒီလို သတ်မှတ်ခံခဲ့ရတာကြောင့် နှစ်ပေါင်း ရာ၊ ထောင်ချီ သက်တမ်းရှိတဲ့ ပုဂံက ရှေးဟောင်း အဆောက်အအုံတွေကို ရေရှည်ထိမ်းသိန်းရေးမှာ ပိုအားကောင်းလာပါတော့မယ်။ ထိန်းသိမ်းစောင့်ရှောက်ဖို့ အတွက် ယူနက်စကိုက အကူအညီပေးတာတွေ ပိုရလာပါလိမ့်မယ်။ ဒါ့အပြင် ယူနက်စကို စာရင်းဝင်နိုင်ခဲ့တာကြောင့် ပုဂံဒေသဟာ နိုင်ငံတကာစည်းမျဉ်းတွေအရ တရားဝင်စောင့်ရှောက် ကာကွယ်မှုကိုရရှိမှာ ဖြစ်ပါတယ်။ ပုဂံဒေသကို ကမ္ဘာလှည့် ခရီးသွားတွေ ပိုစိတ်ဝင်စားလာမှာ ဖြစ်တာကြောင့် ခရီးသွားလုပ်ငန်းလည်း ပို ဖွံ့ဖြိုးလာဖို့ ရှိနေပါတယ်။

မက်ဆီက ဒိုင်လူကြီးများနှင့် အဂတိလိုက်စားမှုကို ပြင်းထန်စွာဝေဖန်

အာဂျင်တီးနားအ သင်းခေါင်းဆောင်မက်ဆီသည် ပွဲကြီးကြပ်ကိုင်တွယ်ပုံနှင့် အဂတိ လိုက်စားမှုကို ဆန့်ကျင်ရန် ကိုပါ အမေရိကဖလားတတိယဆုပေး ပွဲကို သပိတ်မှောက်ခဲ့ပြီး အာဂျင် တီးနားသည် မျှတစွာဆက်ဆံခံ ရခြင်းမရှိကြောင်း အခိုင်အမာ ပြောကြားသည်။ အာဂျင်တီးနားက ချီလီကို ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့သည့်တတိ ယနေရာလုပွဲတွင် မက်ဆီသည် တိုက်ရိုက်အနီကတ်ဖြင့် ထုတ် ပယ်ခံရပြီး ၎င်းနှင့်အချင်းများ ခဲ့သော ချီလီကွင်းလယ်လူမီဒယ် လည်း ထုတ်ပယ်ခံရသည်။

ဘောလုံးပွဲများ အလွန်အကျွံ ပြသခြင်းကို Adidas အကြီးအကဲ သတိပေး

ဘောလုံးပွဲများ အ လွန်အကျွံပြသခြင်းသည် အ ကောင်းလွန်ခြင်းဖြစ်နိုင်သည်ဟု ဂျာမနီအားကစားဝတ်စုံနှင့် အား ကစားပစ္စည်းကုမ္ပဏီကြီး Adidas အကြီးအကဲက သတိပေးပြော ကြားသည်။ ဘောလုံးကို အလွန်အကျွံ ဦးစားပေးခြင်းဖြင့် အားကစား ကလပ်များနှင့် အစည်းအရုံးများ သည် ပရိသတ်များနှင့် ကင်းလွတ် နိုင်သည်ဟု ကက်စပါရော့စ ကက်ဒ်က ပြောကြားကာ ရုပ်သံ လိုင်းများအနေဖြင့်လည်း ဒုတိယ တန်း၊ တတိယတန်းဘောလုံးပွဲ များပြသမည့်အစား အခြားအား ကစားများပြသရန် ၎င်းက တိုက် တွန်းသည်။

အာဖရိကဖလားတွင် အိမ်ရှင်အီဂျစ်နှင့် လက်ရှိချန်ပီယံကင်မရွန်း ရှုံးနိမ့်

အာဖရိကနိုင်ငံများဖလား (၁၆)သင်းရှုံးထွက်အဆင့်တွင် အိမ်ရှင်အီဂျစ်သည် တောင်အာ ဖရိကအသင်းကို ၁-၀ ဂိုးဖြင့် ရှုံး နိမ့်ခဲ့သည်။ ယင်းပွဲအပြီး သုံးနာရီမပြည့် မီ မက္ကဆီကိုနိုင်ငံသားဂျာဗီးယား အက်ဂူရီကို အီဂျစ်နည်းပြရာထူး မှထုတ်ပယ်ကြောင်း အီဂျစ်ဘော လုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဟာနီအဘိုရီ ဒါကကြေညာပြီး ၎င်းကိုယ်တိုင် လည်း နုတ်ထွက်ခဲ့သည်။ ထို့အပြင် ဘုတ်အဖွဲ့ဝင်များ ကို ရာထူးမှနုတ်ထွက်ရန် ရီဒါက တိုက်တွန်းခဲ့ပြီး ၎င်း၏နုတ်ထွက်မှု သည် စာရိတ္တပိုင်းတာဝန်ယူခြင်း ဖြစ်ကြောင်း ပြောသည်။

ကွင်းလယ်လူ လော့ဖ်တက်ဖ်ချိခ်နှင့် ချယ်လ်ဆီးအသင်း ငါးနှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆို

အင်္ဂလန်ကွင်းလယ်လူ လော့ဖ်တက်ဖ်ချိခ်(၂၃ နှစ်)သည် ချယ်လ်ဆီးအသင်းနှင့် ငါးနှစ် သက်တမ်းတိုးစာချုပ် လက်မှတ် ရေးထိုးခဲ့သည်။  အင်္ဂလန်အတွက် ၁၀ ပွဲကစားထားသော ချိခ်သည် ချယ်လ်ဆီးတွင် ပုံမှန်ပွဲထွက်ကစားသမားအဖြစ် ပြီးခဲ့သည့် ဘောလုံးရာသီက အထင်ကြီးစရာခြေစွမ်းပြသနိုင်ခဲ့သည်။ ချယ်လ်ဆီးနည်းပြသစ်လမ်း ပတ်က ၎င်း၏ အစီအစဉ်အဓိက အစိတ်အပိုင်းအဖြစ် ချိခ်ကို အသုံး ပြုမည်ဟု မျှော်လင့်ရသည်။

တရုတ်နိုင်ငံက သံအမတ်ကြီးပြောင်းလဲပြီးနောက် လပိုင်းအကြာ မြန်မာကလည်း သံအမတ်ကြီးအသစ်ခန့်အပ်မည် ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာညွှန်ကြားရေးမှူးချုပ် ဦးမျိုးသန့်ဖေကို သံအမတ်ကြီး အမည်စာရင်းပေးထား

တရုတ်နိုင်ငံက မြန်မာ နိုင်ငံဆိုင်ရာသံအမတ်ကြီးကို အ ပြောင်းအလဲပြုလုပ်ပြီး လပိုင်းအ ကြာတွင် မြန်မာအစိုးရကလည်း  တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအ မတ်ကြီးကို ပြောင်းလဲခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီးဌာန သည် တရုတ်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးဦးသစ်လင်းအုန်းကို  ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာမြန်မာ သံအမတ်ကြီးအဖြစ် ပြောင်းရွှေ့ ခန့်အပ်ကြောင်း ဇူလိုင် ၅ ရက် တွင်ကြေညာခဲ့ပြီး ၎င်းနေရာ၌ ကောင်စစ်ရေးရာနှင့် ဥပဒေ ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်ဦးမျိုးသန့်ဖေကို ခန့်အပ် တာဝန်ပေးရန် စီစဉ်ခြင်းဖြစ် သည်။

ဂျပန်အကူအညီဖြင့် တည်ဆောက်သော စစ်ရှောင်စခန်း မြစ်ကြီးနားတွင် မကြာမီဖွင့်လှစ်မည်

 မြစ်ကြီးနားမြို့နယ်အ တွင်း၌  ဂျပန်နိုင်ငံအကူအညီဖြင့် စစ်ရှောင်စခန်းတစ်ခု  တည် ဆောက်ထားပြီး ဇူလိုင်လလယ် တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း  ကချင်နှစ်ခြင်းခရစ်ယာန်အသင်း တော်(KBC)မှ ဦးခါးလီက ပြောကြားသည်။ အဆိုပါ စစ်ရှောင်စခန်းအ သစ်တွင် မြစ်ကြီးနားမြို့ စံပြစစ် ရှောင်စခန်းရှိ အိမ်ထောင်စု ၃၃ စုမှ လူဦးရေတစ်ရာကျော်ကို  ပြောင်းရွှေ့နေရာချထားမည်ဖြစ် ပြီး ယင်းစခန်းမှ ကားဖြင့်သွားပါ က နာရီဝက်ကြာခရီးသွားရသည့် နေရာ၌ နေအိမ်သစ်များ ဆောက် လုပ်ပြီးဖြစ်သည်ဟု KBC က ဆို သည်။

အချုပ်အခြာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုအပေါ် ထိပါးသည့် ကိစ္စမှန်သမျှ လုံးဝလက်မခံဟု အစိုးရပြော

ရခိုင်ပြည်နယ်ကို ဘင်္ဂလားဒေ့ရှ်ထံ လွှဲပြောင်းသင့် သည်ဟူ၍ အမေရိကန်အောက် လွှတ်တော်အမတ်တစ်ဦး၏ ပြော ကြားချက်နှင့်ပတ်သက်၍ နိုင်ငံ ၏ အချုပ်အခြာအာဏာအပေါ် ထိခိုက်လာနိုင်မည့် ကိစ္စရပ်မှန်သ မျှကို လက်ခံမည်မဟုတ်ဘဲ အစိုး ရအနေဖြင့် အဆိုပါမူအတိုင်း ရပ်တည်မည်ဖြစ်ကြောင်း သမ္မတ ရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ကပြောသည်။  ‘‘အစိုးရရဲ့ တရားဝင် ရပ် တည်ချက် သဘောထားကတော့ ကျွန်တော်တို့နိုင်ငံရဲ့ အချုပ်အ ခြာပိုင်မှု၊ နယ်မြေတည်တံ့ခိုင်မြဲမှု၊  ဒီအပေါ်မှာ ထိပါးလာနိုင်တဲ့ဟာ တွေ၊ ထိခိုက်လာနိုင်တဲ့ဟာတွေ မှန်သမျှ လုံးဝလက်မခံပါဘူး။ အစိုးရအနေနဲ့ ဒီအတိုင်းပဲ ရပ် တည်မှာဖြစ်ပါတယ်’’ဟု ဦးဇော် ဌေးကဆိုသည်။

7 Sense ထုတ်လုပ်ရေးနဲ့ စာချုပ်သက်တမ်းတိုးမယ့် ရွှေထူး

 သြဂုတ်တွင် 7Sense ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးမည့် စစ်ကားရုပ်ရှင်၌ ပါဝင်သရုပ်ဆောင်ရန်ရှိ ကြောင်း အဆိုတော် ရွှေထူးက ပြောသည်။ ယင်းဇာတ်ကားကို ဒါရိုက် တာ ကိုပေါက်က ရိုက်ကူးမည်ဖြစ် ပြီး သရုပ်ဆောင်များအဖြစ် ၎င်းအပါအ၀င် နေတိုး၊ ကျော်ကျော်ဗို၊ထူးအောင်၊ အေးမြတ်သူ၊ နွယ်ဒါလီထွန်းနှင့် ရွှေရင်အေးတို့အပြင် အခြားသရုပ်ဆောင်များစွာ ပါဝင် မည် ဖြစ်သည်။ ‘‘ဇာတ်လမ်းကတော့ ကျွန် တော့်ဆီ မရောက်သေးဘူး။ ပြင် ဆင်မှုကတော့ လေးယောက်စ လုံး Gym မှာစုပြီး Gym ဆော့ဖြစ် ကြတယ်။ အဓိကကတော့ ထူး အောင်က ဗလအတောင့်ဆုံးဆို တော့  သူက သင်ပြပေးတာပေါ့။ ကျွန်တော်တို့ကျတော့ အခုမှ လေ့ကျင့်ခန်းကို ပြန်လုပ်တာဆိုတော့ တော်တော်တော့ လိုက်ရတယ်’’ ဟု ၎င်းကပြောသည်။

‘အဖေ့စကား’သီချင်းကို နားထောင်ပြီး မျက်ရည်ကျတဲ့ မိုးအောင်ရင်

 မြင့်မြတ်နှင့် ရုပ်ရှင် တစ်ကား ရိုက်ကူးရန် အစီအစဉ် ရှိကြောင်း မကြာမီလပိုင်းအတွင်း က အကျဉ်းထောင်မှလွတ်မြောက် လာသည့် မိုးအောင်ရင်ကပြော သည်။ ‘‘သူငယ်ချင်းနှစ်ယောက် ဇာတ်လမ်း။ အတိအကျတော့ မသိရသေးဘူး။ ဇာတ်ညွှန်းမရ သေးလို့။ ဇာတ်ညွှန်းရပြီးမှပဲ ပြင် ဆင်မှုတွေလုပ်ရမှာ။ ရှစ်လပိုင်း လောက် ရိုက်မယ်ပြောတယ်’’ ဟု ၎င်းကပြောသည်။ြ မင့်မြတ်နှင့်ယခင်ကတည်း က ခင်မင်သောကြောင့် ရိုက်ကူး ချိန်တွင်လည်း ၎င်းကို  ဖေးမမည်ဟုထင်ကြောင်း  မိုးအောင်ရင်က ပြောသည်။

အိုင်ဗရီကို့စ် နိုင်ငံတကာ ကြက်တောင်ပြိုင်ပွဲတွင် သက်ထားသူဇာ ဗိုလ်စွဲ ခြောက်ကြိမ်မြောက် နိုင်ငံတကာရွှေတံဆိပ်ဆုရရှိခြင်းဖြစ်

 အိုင်ဗရီကို့စ်နိုင်ငံ၌ ကျင်းပသည့် နိုင်ငံတကာကြက်တောင်ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ကြက်တောင်မယ် သက်ထားသူဇာသည် မောရစ်သျှ၊ ပါကစ္စတန်၊ အီရန်နှင့် အိန္ဒိယကစားသမားတို့ကို ကျော်ဖြတ်၍ အနိုင်ရဗိုလ်စွဲခဲ့သည်။ ဇူလိုင် ၇ ရက်က ကျင်းပသည့် အဆိုပါ နိုင်ငံတကာ ကြက် တောင်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် သက် ထားသူဇာသည် ကမ္ဘာ့အဆင့် (၈၂)ရှိ အိန္ဒိယကစားသမား Sri Krishna Priya Kudaravalli ကို ( ၂၁-၁၈) ( ၂၁-၁၃) မှတ်ဖြင့် နှစ်ပွဲပြတ် အနိုင်ရကာ ချန်ပီယံဆု ဆွတ်ခူးခဲ့သည်။

တပ်မတော်ဖမ်းလာသည့် တရားမဝင် ပယင်းတူးသူ ၆၈ ဦးကို ပညာပေးပြီးပြန်လွှတ်

ကချင်ပြည်နယ် တနိုင်း မြို့နယ်အတွင်း တရားမဝင် ပယင်းတူးဖော်သူ ၆၈ ဦးကို တပ် မတော်စစ်ကြောင်းက ဖမ်းဆီးပြီး တနိုင်းမြို့နယ် ရဲတပ်ဖွဲ့သို့ အပ်နှံ ခဲ့ရာ ပညာပေးပြီး ပြန်လွှတ်ခဲ့ သည်။ လုံခြုံရေး ဆောင်ရွက်နေ သည့် တပ်မတော်စစ်ကြောင်း သည် ဇူလိုင် ၄ ရက်တွင် မိုင်ခွန်ရွာနှင့် လေးမိုင်ခန့်အကွာ၌ တရားမဝင် ပယင်းတူးဖော်နေသည့် အမျိုးသား ၅၈ ဦးနှင့် အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၆၈ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးရမိသူများကို တနိုင်းမြို့မရဲစခန်းက လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်နေကြောင်း တပ်မ တော်က ဇူလိုင် ၆ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

နိုင်ငံသားပိုင်လက်လီ၊ လက်ကားလုပ်ငန်းများတွင် နိုင်ငံခြားသားရှယ်ယာ ၃၅ ရာခိုင်နှုန်းအထိ ခွင့်ပြုရန် စီစဉ်နေ

နိုင်ငံသားပိုင်လက်လီ၊ လက်ကားလုပ်ငန်းများတွင် နိုင်ငံ ခြားသားရင်းနှီးမြှုပ်နှံမှုကို ၃၅ ရာ ခိုင်နှုန်းအထိ ပါဝင်ခွင့်ပြုရေး စီစဉ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောသည်။ လက်ရှိအချိန်ထိ ၂၀ ရာခိုင် နှုန်းသာ နိုင်ငံခြားသားရင်းနှီးမြှုပ် နှံမှုကို ခွင့်ပြုထားသော်လည်း ကုမ္ပဏီဥပဒေအရ ၃၅ရာခိုင်နှုန်း အထိ တိုးမြှင့်ခွင့်ပြုရန် အစီအစဉ် များရေးဆွဲပြင်ဆင်နေသည်ဟု ၎င်းကဆိုသည်။

ပြည်ပမှ သစ်အလုံးလိုက် ထပ်မံတင်သွင်း

သစ်အခြေခံစက်ရုံများ ကုန်ကြမ်း လိုအပ်ချက်ကြောင့် ကွန်ဂိုနိုင်ငံမှ သစ်တန်ချိန် ၂၈ တန်ကို ထပ်မံတင်သွင်းခဲ့သည်ဟု Jewellery Teak Timber ကုမ္ပဏီမန်နေဂျင်း ဒါရိုက်တာ ဦးသိန်းချီက ပြောသည်။ြ မန်မာနိုင်ငံ၌ သစ်ထုတ် လုပ်မှု လျှော့ချသည့်နောက်ပိုင်းတွင် သစ်အခြေခံစက်ရုံများ၏ ကုန် ကြမ်းလိုအပ်ချက် များပြားလာ သဖြင့် ပြည်ပနိုင်ငံမှ သစ်အလုံး လိုက် တင်သွင်းခြင်းဖြစ်ပြီး  ဒုတိယအကြိမ် တင်သွင်းခြင်းဖြစ်သည်။

ကာတွန်းများကို ခွင့်ပြုချက်မယူဘဲသုံးပါက တရားစွဲမည်

ကာတွန်းများကို ခွင့်ပြုချက်မယူဘဲ ယူသုံးပါက တရား ဥပဒေကြောင်းအရ အရေးယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကာတွန်းဆရာများအသင်း ဒုဥက္ကဋ္ဌ ဦးဝင်း အောင်က ပြောသည်။ ဇူလိုင် ၆ ရက်က ပန်းဆိုး တန်းတာဝါတွင် ပြုလုပ်သည့် ကာတွန်းအလွဲသုံးစားမှုလုပ်ခြင်းနှင့်မူပိုင်ခွင့်ချိုးဖောက်ခြင်းဆိုင်ရာသတင်းစာရှင်းလင်းပွဲတွင် ကာ တွန်းဆရာ ဦးဝင်းအောင်က ထည့်သွင်းသတိပေးခြင်းဖြစ်သည်။

လာမည့် ၁၀ ရက်အတွင်း အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့ သီးခြားတွေ့ဆုံမည်

အစိုးရဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ(KNPP) ကိုယ်စားလှယ် အဖွဲ့များ လာမည့် ၁၀ ရက်အတွင်း သီးခြားစီတွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း အစိုးရဆွေးနွေးရေး ကိုယ်စားလှယ် များက ပြောသည်။ အစိုးရ ကိုယ်စားလှယ်အဖွဲ့ နှင့် KNU ကိုယ်စားလှယ်အဖွဲ့ တို့၏ အလွတ်သဘော ဆွေးနွေးပွဲကို ရန်ကုန်မြို့၌ လာမည့်တစ်ပတ် အတွင်း တွေ့ဆုံမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးကော်မရှင် အကြံပေး ဦးလှမောင်ရွှေက ပြော သည်။

ပြည်ပမော်တော်ယာဉ်ကုမ္ပဏီများ၏ ပြည်တွင်းထုတ်ကားအစီးရေ တစ်လလျှင် ၁,၂၀၀ ခန့်ရှိ

 မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချ ရေး  လုပ်ငန်းရှင်များအသင်း (MAMDA)၏ ကောက်ယူထား သည့်အချက်အလက်များအရ ပြည်တွင်း၌ SKD (အစိတ်အပိုင်း များတင်သွင်းလာပြီး ပြန်လည် တပ်ဆင်ထုတ်လုပ်သည့်စနစ်)၊ CKD (အလုံးစုံပြည်တွင်း၌ ထုတ် လုပ်သည့်စနစ်)ဖြင့် ပြည်ပ မော် တော်ယာဉ်ကုမ္ပဏီများ၏ ထုတ် လုပ်မှု တစ်လလျှင် အစီးရေ ၁,၂၀၀ ခန့်ရှိသည်။ ၂၀၁၉ ကစတင်ကာ မြန်မာ့ ကားဈေးကွက်အတွင်းသို့ SKD, CKD စနစ်ဖြင့် ၀င်ရောက်လာ သည့် နိုင်ငံတကာမော်တော် ယာဉ်အမှတ်တံဆိပ်များလည်း ခြောက်လအတွင်း ဈေးကွက်ဝေ စု၏ ၁၀ ရာခိုင်နှုန်းကျော်  ရရှိ ထားကြောင်း MAMDA ကဖော်ပြ သည်။

အစိုးရသက်တမ်းသုံးနှစ်အတွင်း ကုန်သွယ်မှုလိုငွေပမာဏ အများဆုံးလျော့ကျ

ဒီချုပ်အစိုးရ၏ တတိယ မြောက်ဘဏ္ဍာနှစ်ကိုးလအတွင်း မြန်မာနိုင်ငံ၏ ကုန်သွယ်မှုလိုငွေ သည် ပြီးခဲ့သည့်ဘဏ္ဍာနှစ်ကာလ တူနှင့်နှိုင်းယှဉ်ပါက ကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံကျော်လျော့ နည်းသည်။ ၂၀၁၇-၁၈ ဘဏ္ဍာနှစ် ကိုး လအတွင်း ကုန်သွယ်မှုစုစုပေါင်း ၏ ၁၀ ရာခိုင်နှုန်းကျော်ရှိသောကုန် သွယ်မှုလိုငွေပမာဏက ယခု ဘဏ္ဍာနှစ်ကာလတူတွင် ၅ရာခိုင် နှုန်းအောက်သို့ ကျဆင်းခဲ့သည်။ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်ကိုး လအတွင်း မြန်မာနိုင်ငံ၏ ကုန် သွယ်မှုလိုငွေသည် ဒေါ်လာတစ် ဘီလီယံခန့်သာရှိသဖြင့် ပြီးခဲ့ သည့်နှစ်ကာလတူတွင် ကုန်သွယ် မှုလိုငွေ ဒေါ်လာ ၃ ဒသမ ၃ ဘီလီ ယံကျော်ရှိခဲ့သည်။

တောင်ကိုရီးယားနိုင်ငံက ရေလုပ်ငန်းအတွက် နှစ်စဉ်မြန်မာလုပ်သားရာနှင့်ချီ ခေါ်ယူမည်

တောင်ကိုရီးယားနိုင်ငံမှ အနေဖြင့် ပင်လယ်ငါးဖမ်း ရေလုပ်ငန်းအတွက် နှစ်စဉ်မြန်မာလုပ်သားဦး ရေရာနှင့်ချီခေါ်ယူ မည်ဟု ယင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်မည့် ရွှေဖြိုးသာပြည်ပအလုပ်အကိုင် ရှာဖွေရေးကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဒေါ်သင်းသင်းဝင်းက ပြောသည်။ အဆိုပါ ရေလုပ်သား စေလွှတ်ခြင်းကို မြန်မာနိုင်ငံဘက်မှ ရွှေဖြိုးသာကုမ္ပဏီနှင့် တောင်ကိုရီးယားနိုင်ငံဘက်မှ လုပ်သားလက်ခံခေါ်ယူမည့် ဂူရွန်ပိုကုမ္ပဏီတို့ သဘောတူညီမှု MoU ကို ယမန်နေ့က ရန်ကုန်မြို့၌လက်မှတ်ရေးထိုးပြီး ယင်းလုပ်သားများ စတင်စေလွှတ်ရန် ပြင်ဆင်နေသည်။

အစိုးရ၏ အပစ်ရပ်မူကြမ်းပါ နယ်မြေသတ်မှတ်မှုကို လက်မခံသော်လည်း ဆက်လက်ညှိနှိုင်းမည်ဟု AA အဖွဲ့ ပြောကြား

အစိုးရက အဆိုပြုသော အပစ်အခတ်ရပ်စဲရေးစာချုပ် မူကြမ်းတွင် ပါရှိသည့် ရခိုင်လက် နက်ကိုင်အဖွဲ့ (AA)အတွက် နယ်မြေသတ်မှတ်ချက်ကို လက်မခံ သော်လည်း ညှိနှိုင်းမှုများ ဆက် လက်လုပ်ဆောင်မည်ဟု AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြော ကြားသည်။ AA၊ တအာင်းအဖွဲ့ (TNLA)၊ကချင်အဖွဲ့ (KIA)၊ ကိုးကန့်အဖွဲ့(MNDAA) ဟူသည့် မြောက်ပိုင်း လက်နက်ကိုင်လေးဖွဲ့အား အစိုးရဘက်က အဆိုပြုသည့် အပစ်ရပ် မူကြမ်းများကို ဇွန်လ ၃၀ ရက် တွင် ပေးအပ်ထားသည်။

ဗဟိုဘဏ်က သုံးရက်အတွင်း ဒေါ်လာ ၁၀ သန်း ၀ယ်ယူ

ဗဟိုဘဏ်က ဇွန်လအတွင်း ကန်ဒေါ်လာ ၁၈ သန်းနှင့် ဇူလိုင်ပထမပတ်အတွင်း ဒေါ်လာ ၁၀ သန်း ၀ယ်ယူခဲ့ကြောင်း ထုတ်ပြန်သည်။ ဇူလိုင် ပထမပတ်အတွင်း ၀ယ်ယူရာတွင် တစ်ဒေါ်လာလျှင် ၁,၅၀၇ ကျပ်မှ ၁,၅၁၁ ကျပ်ဖြင့် ၀ယ်ယူခြင်းဖြစ်သည်။ေ ဒ်ါလာ ၁၀ သန်းကို ဇူလိုင် ၃ ရက်မှ ၅ ရက်အတွင်း ၀ယ်ယူ ခြင်းဖြစ်ပြီး  ဇူလိုင် ၁ ရက်နှင့် ၂ ရက်တွင် ၀ယ်ယူမှု မရှိခဲ့ဟု ဗဟို ဘဏ်က ထုတ်ပြန်ထားသည်။

ခေါင်းဆောင်များကို အမှုဖွင့်မှု ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ထိခိုက်နိုင်ဟု AA အဖွဲ့ သုံးသပ်

ရခိုင်လက်နက်ကိုင် အဖွဲ့ (AA)ခေါင်းဆောင်များကို တရားခံပြေး အမှုဖွင့်ထားခြင်း သည် ငြိမ်းချမ်းရေးဆွေးနွေးမှုများ အပေါ် အကျိုးသက်ရောက်မှုများ စွာ ရှိနိုင်ကြောင်း AA ပြောခွင့်ရ ပုဂ္ဂိုလ် ခိုင်သုခက ပြောသည်။ ‘‘အရင်တုန်းက အဲဒီလိုမရှိခဲ့ ဘူး။ အခုနောက်ပိုင်း သူတို့ဘက် က အဲဒီလိုလုပ်လာတာဆိုတော့ ဒီဟာတွေက တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှု တည်ဆောက်ရေးကို တော်တော်လေး ထိခိုက်တာပေါ့’’ ဟု ၎င်းက ဆိုသည်။

မေနှင့်ဇွန်လအတွက် အကောင်းဆုံးနည်းပြဆုကို ရှမ်းအသင်းနည်းပြ ဦးအောင်နိုင်ရရှိ

 မြန်မာလိဂ် အမှတ်ပေး ဘောလုံးပြိုင်ပွဲ၏ မေလနှင့်ဇွန်လ အကောင်းဆုံးနည်းပြဆုကို ရှမ်းယူနိုက်တက်နည်းပြချုပ် ဦးအောင်နိုင်က ရရှိခဲ့သည်။ ရှမ်းအသင်းနည်းပြ ဦး အောင်နိုင်သည် မေလနှင့် ဇွန်လ အတွင်း ယှဉ်ပြိုင်ကစားခဲ့သော မြန်မာလိဂ်ပွဲစဉ်များတွင် နှစ်ပွဲ နိုင်၊ သုံးပွဲသရေရရှိအောင် စွမ်း ဆောင်နိုင်ခဲ့ပြီး ပွဲစဉ်(၁၄) အပြီး ရမှတ် ၂၆ မှတ်ဖြင့် အဆင့်(၂)နေ ရာ၌ ရပ်တည်နိုင်အောင် ဆောင် ရွက်နိုင်ခဲ့သည်။ ထို့အပြင် ရှမ်းပြည်နယ် ကိုယ်စားပြု ရှမ်းယူနိုက်တက် သည် ပွဲစဉ်(၁၄)ကစားပြီးချိန် အထိ  ရှုံးပွဲမရှိစံချိန်ပါ  ရယူထားနိုင်သည်။

ခြေစမ်းပွဲတွင် မြန်မာ ယူ-၁၅ အသင်း တရုတ် ယူ-၁၅ အသင်းကို ရှုံးနိမ့်

တရုတ်နိုင်ငံတွင် ယှဉ် ပြိုင်သည့် နိုင်ငံတကာခြေစမ်းပွဲ၌ မြန်မာ့လက်ရွေးစင်ယူ-၁၅ ဘော လုံးအသင်းက တရုတ်ယူ-၁၅ အသင်းကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့် ခဲ့သည်။ ဇူလိုင် ၆ ရက်က တရုတ် နိုင်ငံ ဟိုင်ကူမြို့ရှိ Wutuanhe Sport ကွင်းတွင် ကျင်းပသည့် ယင်းပွဲ၌ အိမ်ရှင်တရုတ်အသင်း နှင့် မြန်မာအသင်းတို့ အကြိတ်အ နယ်ယှဉ်ပြိုင်ခဲ့သည်။  ပွဲချိန် ပထမပိုင်းတွင် နှစ် သင်းစလုံးဂိုးသွင်းနိုင်ခြင်း မရှိသ ဖြင့် ဂိုးမရှိသရေဖြင့် ပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းတွင် တရုတ်အသင်း က အနိုင်ဂိုး နှစ်ဂိုးသွင်းယူသဖြင့် ပွဲအပြီး၌ မြန်မာအသင်း ရှုံးနိမ့်ခဲ့ သည်။

ခေါင်းစွပ်တပ် ကစားရသဖြင့် အခက်အခဲအချို့ ကြုံတွေ့ဟု ကျော်ဇင်ထက်ပြော

ရန်ကုန်နှင့် ရတနာပုံပွဲ တွင် ဦးခေါင်းထပ်မံထိခိုက်မှု မဖြစ်စေရန် ခေါင်းစွပ်တပ်၍ ကစားရသဖြင့် အခက်အခဲအချို့ကြုံရကြောင်း ဂိုးသမား ကျော်ဇင်ထက်က ပြောသည်။ေ ကျာ်ဇင်ထက်သည် ပြီးခဲ့ သည့် ရန်ကုန်နှင့်ရှမ်းပွဲတွင် ဇင် မင်းထွန်းနှင့် ဘောလုံးယှဉ်လု ခိုက် ဦးခေါင်းထိခိုက်မိပြီး ဆေးရုံ သို့ အရေးပေါ်ရောက်ကာ ကုသ ခဲ့ရသည်။ လက်ရှိတွင် ဒဏ်ရာ ပြန်လည်သက်သာသော်လည်း ဆရာဝန်၏ ညွှန်ကြားချက်ကြောင့် ဦးခေါင်းစွပ်တပ်ဆင်၍ ကစား ခြင်းဖြစ်သည်။

မန္တလေးတောင်ခြေအနီး ရုပ်သေးပြဇာတ်ရုံအသစ် ဖွင့်လှစ်

ရုပ်သေးပညာရပ်ဆိုင် ရာ အလုပ်ရုံဆွေးနွေးပွဲများ ပြု လုပ်နိုင်မည့် မြန်မာ မာရီယိုနက် သီရေတာ ရုပ်သေးပြဇာတ်ရုံအ သစ်ကို မန္တလေးတောင်ခြေအနီး တွင် ဖွင့်လှစ်ကြောင်း မြန်မာနိုင်ငံရုပ်သေးကော်မတီဥက္ကဋ္ဌ ဒေါ်မမနိုင်က ပြောသည်။ ‘‘ဒီနေရာအသစ်က အ ဟောင်းထက် ပိုကျယ်တဲ့အတွက် ဖျော်ဖြေရေးအစီအစဉ်တွေ ပြု လုပ်တာအပြင် နိုင်ငံတကာ ရုပ် သေး အလုပ်ရုံဆွေးနွေးပွဲလိုဟာ မျိုးတွေကိုပါ လက်ခံပြီးတော့ လည်း လုပ်လို့ရသွားမယ်’’ဟု ဒေါ်မမနိုင်ကပြောသည်။

ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ တပ်နှင့် ရဲပူးပေါင်းလုံခြုံရေးစခန်း တိုက်ခိုက်ခံရ စစ်သည်နှစ်ဦးကျဆုံး

တပ်မတော်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ လုံခြုံရေး ဆောင်ရွက်နေသည့် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စခန်းတစ်ခုကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှလာရောက် တိုက်ခိုက်ခြင်းကြောင့် စစ်သည်နှစ်ဦးကျဆုံးပြီး ရဲတပ်ဖွဲ့ဝင်နှင့် စစ်သားများ ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူးဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။ ယင်းတိုက်ခိုက်ခံရမှု ဖြစ်စဉ်သည် ဇူလိုင် ၆ ရက် နံနက်က မောင်တောမြို့နယ်  တောင်ပြို လက်ဝဲဒေသဘက်တွင်  ဖြစ်ပွားခြင်းဖြစ်သည်ဟု တပ်မတော် တာဝန်ရှိသူက ဆိုသည်။

ကျောက်တန်းရွာပစ်ခတ်မှု ဖြစ်စဉ်အတွင်း ဒဏ်ရာရသူတစ်ဦး နှစ်လအကြာတွင် ထပ်မံသေဆုံး

ရခိုင်လက်နက်ကိုင် အဖွဲ့(AA)နှင့် ပတ်သက်ပြီး သံသ ယရှိသည်ဟုဆိုကာ လူဦးရေ ၂၇၀ ကျော်ကို ထိန်းသိမ်းစစ် ဆေးစဉ် ပစ်ခတ်မှုဖြစ်ပွား၍ ဒဏ် ရာရသူတစ်ဦးသည် နှစ်လကျော် အကြာတွင် သေဆုံးခဲ့သည်ဟု ရသေ့တောင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ် ခင်စောဝေက ပြောကြားသည်။  ရသေ့တောင်မြို့နယ်ကျောက် တန်းရွာစာသင်ကျောင်း၌ လူဦး ရေ ၂၇၀ ကျော်ကို ထိန်းသိမ်းစစ် ဆေးစဉ် မေလ ၂ရက်၌ ပစ်ခတ်မှု ဖြစ်ပွားရာ ခြောက်ဦးပွဲချင်းပြီး သေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့ သည်။ ဒဏ်ရာရသူများအနက်  တစ်ဦးသည် ဆေးရုံ၌ ကုသမှုခံယူ စဉ်သေဆုံးခဲ့ပြီး ဇူလိုင် ၆ ရက်ညတွင် အသက်(၃၀)အရွယ် အမျိုးသားတစ်ဦး ထပ်မံသေဆုံး ခြင်းဖြစ်သည်။

ထူးခြားသည့် ဇူလိုင် ၆

ဇူလိုင် ၆ ရက်သည် မြန်မာနိုင်ငံအတွက် ပျော်ရွှင်စိတ်လှုပ်ရှားစရာများကို ပေးခဲ့သည့်ထူးခြားသည့်နေ့ဖြစ်သည်။  မြန်မာတို့၏ အသည်းနှလုံးရှေးဟောင်းမြို့တော်ပုဂံဒေသကိုအဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့တွင်ကျင်းပလျက်ရှိသော ကမ္ဘာ့ကုလ သမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (UNESCO)၏ (၄၃)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီညီလာခံအစည်းအ ဝေးတွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်လိုက်သည်။ လွန်ခဲ့သောနှစ်ပေါင်း ၁,၀၀၀ ခန့်ကတည်းက တည်ရှိခဲ့သော ကမ္ဘာ သိ မြန်မာ့အမွေအနှစ်သည် ယင်းနှင့်ထိုက်တန်သည့်နေရာဖြစ်သော ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ်သို့ပါ ရောက်ရှိလာခဲ့ခြင်းဖြစ်၏။

ဖေ့စ်ဘွတ်ပေါ်ကနေ ချစ်ကြိုက်ပြီး တရုတ်မယားအဖြစ်ရောင်းစားရန်ကြံသူကို ကျိုင်းတုံတွင် ဖမ်းဆီး

ဖေ့စ်ဘွတ်ပေါ်ကနေတစ်ဆင့် ချစ်ကြိုက်ခဲ့သူကို လက်ထပ်ရယူကာ တရုတ်နိုင်ငံတွင် တရုတ်မယားအဖြစ် ရောင်းစားရန်ကြံစည်သူကို ကျိုင်းတုံမြို့မှာ ဇူလိုင်လ (၅)ရက်က ဖမ်းဆီး အရေးယူထားတယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ (၂)လခန့်က ဘန်ကောက်မြို့မှာ အလုပ်လုပ်ကိုင်နေတဲ့ မသန်းသန်းမြင့်ဆိုသူဟာ ဖေ့စ်ဘွတ်ပေါ်ကနေ တစ်ဆင့် သန်းထိုက်ဆိုသူနဲ့ ချစ်ကြိုက်ခဲ့တယ်လို့ သိရပါတယ်။

တောင်ကုတ်မြို့ စိုးမိုးသဇင် ဖုန်းအရောင်းဆိုင်မှ ဖုန်းခိုးသူများအား ဖော်ထုတ်ဖမ်းဆီး

ရခိုင်ပြည်နယ် တောင်ကုတ်မြို့ ကံပိုင်ရပ်ကွက် အမ်းလမ်းမကြီးရှိ စိုးမိုးသဇင် ဖုန်းရောင်းဆိုင်၌ ဇွန် ၁၄ ရက် နံနက် ၆ နာရီက ဆိုင်ဖွင့်စဉ် တံခါးမှာပွင့်နေပြီး မှန်ဗီရိုအတွင်းမှ OPPO ဖုန်း နှစ်လုံး ၊ViVO ဖုန်း နှစ်လုံး၊ CM-7 ဖုန်း သုံးလုံး၊ MI-6 ဖုန်း တစ်လုံး၊ HUAWEI Y-3 ဖုန်း တစ်လုံး၊ ကီးပတ် ဖုန်း တစ်လုံး စုစုပေါင်း တန်ဖိုး ကိုးသိန်း ခန့် ခိုးယူခံခဲ့ရကြောင်း သိရသည်။

(၁၂)ဘီးယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်အား ဝင်ရောက်တိုက်မိ၍ ယာဉ်နောက်လိုက် သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် လက်ကံကုန်းကျေးရွာအနီး ရွှေဘို-မြစ်ကြီးနားကားလမ်းပေါ်တွင် (၁၂)ဘီးယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်အား ဝင်ရောက်တိုက်မိ၍ ယာဉ်နောက်လိုက် သေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင်မီးသတ်ဦးစီးမှုး ဦးအေးမြင့်ထံမှသိရသည်။ြ ဖစ်စဉ်မှာ ဇူလိုင် ၇ ရက် နံနက် ၄ နာရီ ၂ မိနစ်က ကန့်ဘလူမြို့နယ်မှ ရွှေဘိုမြို့ဘက်သို့ မြစ်သားမြို့နေ ယာဉ်မောင်း နန်းထိုက်အောင် မောင်းနှင်လာသော ကျောက်မီးသွေးများတင်ဆောင်လာသည့် Counder (၁၂)ဘီး အဖြူရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းညာဘက်ရှိ မယ်ဇလီပင်အား ဝင်ရောက်တိုက်မိ၍ လမ်းပိတ်ဆို့နေကြောင်းသတင်းအရ ခင်ဦးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ခင်ဦးမြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်သူခ ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင် (၈)ဦးတို့မှ မီးငြှိမ်းသတ်ယာဉ် (၁)စီးဖြင့် သွားရောက်ရှင်းလင်းဆောင်ရွက်ခဲ့သည်။

ကျော်ဇင်ဝင်းအမှု လူ့အခွင့်ရေးကော်မရှင် စုံစမ်းတွေ့ရှိချက် တပတ်အတွင်း ထုတ်ပြန်မယ်

ကျောင်းကလည်း ကျောင်းတွင်းစုံစမ်းမှုကို စလုပ်နေတယ်လို့ ဘီဘီစီကိုပြောခဲ့ပါ တယ်။ ဒါပေမယ့် အဲဒီရလဒ်ကို ဘယ်တော့ထုတ်ပြန်ပေးမယ်ဆိုတာကိုတော့ အခုထိမသိရသေးဘူးလို့သာ တုံ့ပြန်ပါတယ်။
လိင်စိတ်တိမ်းညွတ်မှုကို ဖွင့်ဟဝန်ခံခိုင်းရာကတဆင့် ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တဲ့ ကျော်ဇင်ဝင်းအမှု စုံစမ်းစစ် ဆေးရရှိထားတဲ့ ရလဒ်ကို လာမယ့် တပတ်အတွင်း ထုတ်ပြန်ပေးမယ်လို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေးကော်မရှင် (MNHRC) အဖွဲ့ဝင် ဦးယုလွင်အောင်က ဇူလိုင်လ ၇ရက်က ဘီဘီစီကိုပြောပါတယ်။

စစ်​ကိုင်း​မြို့​တွင်​​ ကေတီဗွီကုန်​ကျ​ငွေကိစ္စနှင့်စကားများရာ​မှ ဓားထိုးမှုဖြစ်ပွား

စစ်ကိုင်းမြို့တွင် KTV အခန်းခ ကျသင့်ငွေကိစ္စနှင့်စကားများရာမှ ဓားထိုးမှု ဇူလိုင် ၅ ရက် ည ၉ နာရီကျော်က ဖြစ်ပွားခဲ့ကြောင်း စစ်ကိုင်းမြို့မရဲစခန်းက သိရသည်။ စစ်ကိုင်းမြို့ ဇေယျာကွက်သစ်ရပ်နေ ကျောက်လုံး (ခ) ဇင်မင်းထက်(၂၁ နှစ်) သည် စစ်ကိုင်းမြို့ ၊ရွာထောင်ရပ်နေ ထွန်းလင်းအောင်(ခ)ထွန်းလင်း(၂၀ နှစ်) အား ဇေယျာရပ်ကွက် ဓမ္မာရုံရှေ့တွင် ချွန်ထက်သောအရာဖြင့်ထိုးသွင်းသောကြောင့် ထွန်းလင်းအောင်(ခ)ထွန်းလင်းမှာ စိုးရိမ်ဒဏ်ရာရရှိရာ စစ်ကိုင်းမြို့ဆေးရုံသို့ပို့ဆောင်ပေးပြီး ဆက်လက်ကုသမှုခံယူရန် မန္တလေးဆေးရုံကြီးသို့လွှဲပြောင်းပေးပို့ခဲ့ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။

သံသယတရားခံကို ဗစ်တိုးရီးယား မိသားစု ဘယ်လို သဘောထားလဲ

Wisdom Hill မူကြိုကျောင်းသူလေး သက်ငယ်မုဒိမ်း ပြုကျင့် ခံခဲ့ရမှု ပထဆုံးအကြိမ် ရုံးချိန်းရောက်ဖို့ သီတင်းတစ်ပတ်ပဲ လိုပါတော့တယ်။ေ ကျာင်းကြီးကြပ်ရေးမှူး အမျိုးသမီးရဲ့ ကားကိုမောင်းတဲ့ ကိုအောင်ကြီးကို ရဲက ဖမ်းပြီး မုဒိမ်းမှုနဲ့ ပုဒ်မတပ် တရားစွဲထားတာပါ။ လာမယ့် ဇူလိုင် ၁၅ ရက် တနင်္လာနေ့ဆိုရင် နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးမှာ စတင် စစ်ဆေးမှာ ဖြစ်ပါတယ်။ ဒီအမှုမှာ တရားလိုက နစ်နာသူ ကလေးငယ်ရဲ့ မိခင် ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နယ်စပ်က ကင်းစခန်းအတိုက်ခံရ၊ စစ်သည်၂ ဦးကျဆုံး

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်က နယ်ခြားစောင့် ကင်းစခန်းတစ်ခုကို ဇူလိုင် ၆ ရက် မနက် ၆ နာရီလောက်မှာ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းက လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က တိုက်ခိုက်လို့ တပ်မတော်က စစ်သည် ၂ ဦးကျဆုံးပြီး ရဲတပ်ဖွဲ့ဝင်တချို့လည်း ဒဏ်ရာရခဲ့တယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ထံက သိရပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် တပ်မတော်ဘက်က ဒဏ်ရာရသူတချို့လည်း ရှိခဲ့တယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဘီဘီစီကိုပြောပါတယ်။

တပ်မတော်နဲ့ AA ဂျီနီဗာကွန်ဗင်းရှင်းကို လိုက်နာဖို့ အရပ်ဘက်အဖွဲ့တွေ တိုက်တွန်း

ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေအတွင်း ဒေသခံပြည်သူတွေမှာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာတွေကြောင့်  လက်နက်ကိုင်တွေလိုက်နာရမယ့် ဂျီနီဗာကွန်ဗင်းရှင်းကို လိုက်နာဖို့အပါအဝင် အချက် ၅ ချက်ကို အရပ်အဖွဲ့ ၁၅ဖွဲ့က ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်နယ် ပလက်ဝမြို့နယ်တွေမှာ အစိုးရတပ်မတော်နဲ့ ရခိုင်တပ်တော်ကြား တိုက် ပွဲတွေကြောင့် ဒေသခံအရပ်သား ၄ သောင်းနီးပါးလောက်ဟာ နေအိမ်တွေကနေ စွန်ခွာထွက်ပြေးနေရတယ်လို့ အရပ်ဖက်အဖွဲ့ ၁၅ ဖွဲ့က ဇူလှိုင်လ ၅ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာဖြစ်ပါတယ် ။

အေအေ ပြောခွင့်ရ ခိုင်သုခရဲ့ ယောက်ဖတော်သူအပါအဝင် လူသုံးဦးကို တပ်မတော်ဖမ်း

ရခိုင်ပြည်နယ် အမ်းမြို့နယ် ကျေးရွာတစ်ခုကနေ ရက္ခိုင်တပ်တော် အေအေရဲ့ ပြောခွင့်ရသူ ခိုင်သုခရဲ့ ယောက်ဖ တော်စပ်သူ တစ်ဦးနဲ့ နောက်ထပ် လူနှစ်ဦးကို စစ်တပ်က ဖမ်းဆီး ခေါ်ဆောင်သွားပြီး အမ်းမြို့မရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သူတို့မိသားစုတွေထံက သိရပါတယ်။ အခု ခေါ်ဆောင်ခံရသူ သုံးဦးဟာ အမ်းမြို့နယ် ဓာတ်တော်ကျေးရွာက ဖြစ်ပြီး ဇူလိုင် ၆ ရက်နေ မနက် ၉ နာရီလောက်မှာ စစ်တပ်က ကား ၂စီးနဲ့ ရွာထဲကို ဝင်လာပြီး ခေါ်ယူသွားတာ ဖြစ်တယ်လို့ မိသားစုတွေက ပြောဆိုပါတယ်။

ဟောင်ကောင်မှာ ဆန္ဒပြသူထောင်ဂဏန်း ထပ်မံစုဝေး

ဟောင်ကောင်မှာ ဆန္ဒပြတဲ့သူ ထောင်ပေါင်းများစွာဟာ ဒီကနေ့မှာလည်း ထပ်မံပြီးတော့ လမ်းတွေပေါ်ထွက်ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြတဲ့သူအတော်များများက အနက်ရောင် အင်္ကျီတွေဝတ်ဆင်ပြီး ၊ တချို့တွေကလည်း ဗြိတိန်အလံကိုကိုင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြတဲ့သူတွေက ဟောင်ကောင်ရဲ့ လူစည်ကားတဲ့ ဈေးဝယ်စင်တာတွေရှိတဲ့နေရာကနေ တရုတ်နိုင်ငံ ပြည်မကြီး နဲ့ ဟောင်ကောင်ကို ချိတ်ဆက်ပေးထား တဲ့ Kowloon ဘူတာရုံကိုချီတက်ဆန္ဒပြခဲ့ကြပြီး၊ ဆန္ဒပြရာလမ်းတလျှောက်မှာလည်း ဟောင်ကောင်ကို တရုတ်ပြည်မကြီး လက်အောက်ကနေ လွတ်မြောက်ရေး ကြွေးကြော်သံတွေကို အော်ဟစ်ခဲ့ကြပါတယ်။

အမျိုးသမီး ကမ္ဘာ့ဖလား ကန်အသင်း စတုတ္ထအကြိမ်မြောက်ဗိုလ်စွဲ

အမေရိကန် အမျိုးသမီးဘောလုံးအသင်းကတော့ ကမ္ဘာ့ဖလားဖိုင်နယ်မှာ အနိုင်ရပြီး ၂ နှစ် ဆက်တိုက် ချန်ပီယံ ဖြစ်သွားပါတယ်။ ၂၀၁၉ ဖီဖာ အမျိုးသမီးကမ္ဘာ့ဖလား နောက်ဆုံး ဗိုလ်လုပွဲကို ပြင်သစ်နိုင်ငံ လီယွန်မြို့မှာ တနင်္ဂနွေနေ့က ကစားကြတာမှာ အမေရိကန်အသင်းက နယ်သာလန်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ နိုင်ပြီး ချန်ပီယံဖြစ် သွားတာပါ။

ရုရှားနိုင်ငံ အလယ်ပိုင်းတွင် ဆီတင်ယာဉ်ပေါက်ကွဲမှုဖြစ်ပွား ၊ လူ ၄ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရ

ရုရှားနိုင်ငံအလယ်ပိုင်း Sverdlovsk Oblastပြည်နယ်တွင် ဇူလိုင် ၇ ရက်က ဆီတင်ယာဉ်တစ်စီးပေါက်ကွဲမှုဖြစ်ပွားရာ လက်ရှိတွင် သေဆုံးသူ ၄ ဦး ၊ ဒဏ်ရာရသူ ၇ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။ လောင်စာဆီ လီတာ ၅၀၀ တင်ဆောင်လာသော ဆီတင်ယာဉ်တစ်စီးသည် ဇူလိုင် ၇ ရက် ဒေသစံတော်ချိန် ၀၀ နာရီ ၁၅ မိနစ်ခန့်က Sverdlovsk Oblastပြည်နယ် မြောက်ပိုင်း Karpinskမြို့ အနီးရှိ တောင်တက်လမ်းတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံအရာရှိတစ်ဦး၏ပြောကြားချက်ကို ရုရှားမီဒီယာများက ကိုးကားဖော်ပြထားသည်။

လူကုန်ကူးခံရသူ မြန်မာ တရာကျော် ထိုင်းအာဏာပိုင်တွေ ဖမ်းဆီး

ထိုင်းနဲ့ မလေးရှားနယ်စပ်ဒေသ ဆုံခလာခရိုင်ထဲမှာ ဇူလိုင်လ ၅ ရက်နဲ့ ၆ ရက် ၂ ရက်အတွင်း လူကုန်အကူးခံရတဲ့ မြန်မာနိုင်ငံသား တရာကျော်ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့ပါတယ်။ ဒီလူကုန်ကူးမှုမှာ ပါဝင်ပတ်သက်နေတဲ့ ထိုင်းကျေးရွာသူကြီး တဦးကိုပါ ဖမ်းဆီးနိုင်ခဲ့တာပါ။ ထိုင်း-မလေးနယ်စပ်ဒေသမှာ လူကုန်အကူးခံရမှုတွေ ဆက်တိုက်ဖြစ်ပွားနေသလို လူကုန်အကူးခံရ သူတွေထဲမှာ အသက်မပြည့်တဲ့ ကလေးငယ်တွေ များလာနေတဲ့အတွက် ကုလသမဂ္ဂကပါ သွားရောက်စစ်ဆေးဖို့ စီစဉ်နေပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်းပေးပို့ပါတယ်။

အိုင်ဗရီကိုစ့် ဗိုလ်လုပွဲ သက်ထားသူဇာ အနိုင်ရ

အိုင်ဗရီကို့စ်နိုင်ငံမှာ ဇူလိုင်လ ၄ ရက်နေ့ကနေ ၇ ရက်နေ့ထိ ကျင်းပခဲ့တဲ့ ၂၀၁၉ Cote d’ivoire နိုင်ငံတကာ အမျိုးသမီး တဦးချင်း ကြက်တောင်ရိုက်ပြိုင်ပွဲမှာ တနင်္ဂနွေနေ့က နောက်ဆုံးဗိုလ်လုပွဲမှာ မြန်မာ့လက်ရွေးစင် မသက်ထားသူဇာဟာ ကမ္ဘာ့အဆင့် ၈၂ ရှိနေတဲ့ အိန္ဒိယ အားကစားသမား Sri Krishna Priya Kudaravalli ကို နှစ်ပွဲပြတ်နဲ့ အနိုင်ရပြီး ရွှေတံဆိပ်ဆု ဆွတ်ခူးလိုက်ပါတယ်။ အိန္ဒိယ အားကစားမယ်ဟာ မသက်ထားသူဇာကို ၁၇-၂၁၊ ၁၃-၂၁ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်စခန်း မြေပြိုမှု တဦးသေဆုံး

ဘင်္ဂလားဒေရှ့် နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေမှာ မုတ်သုံရာသီဒဏ်ကြောင့် မြေပြိုကြပြီး တဦးသေဆုံး၊ လူပေါင်း ၄၅၀၀ ကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ရကြောင်း အကူအညီပေးရေး တာဝန်ရှိသူတွေက တနင်္ဂနွေနေ့မှာ ပြောပါတယ်။ မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ မူဆလင် လူနည်းစု ၉ သိန်းကျော် နေထိုင်နေရာ ကောဇ့်ဘဇားက စခန်းတွေမှာ မိုးရေချိန် ၁၄ လက်မထိ ရောက်ခဲ့တဲ့ ၇၂ နာရီကြာ မိုးရွာသွန်းခဲ့ပြီးနောက် စနေနေ့က စလို့ မြေပြိုကျတာလို့ ကုလသမဂ္ဂက ပြောပါတယ်။ မြန်မာနဲ့ နယ်စပ်အနီး တောင်ကုန်းတွေပေါ်မှာ အဖြစ်ဆောက်ထားတဲ့ စခန်းတွေမှာ မြေပြိုကျမှု ၂၆ ခု ဖြစ်ခဲ့တဲ့ အစီရင်ခံချက်တွေ ရှိနေပါတယ်။ တဲတွေ ဆောက်ဖို့၊ နောက် ထင်းရဖို့ အတွက် သစ်ပင်တွေကို ခုတ်လှဲခဲ့ကြတာကြောင့်လည်း မြေအနေအထား မခိုင်ခံ့စေတာပါ။

Sunday, July 7, 2019

လပွတ္တာမြို့နယ် ကျွန်းကလေးကျေးရွာတွင် လေဆင်နှာမောင်းတိုက်ခတ်၌ အမက(ခွဲ) ကျောင်းပျက်စီး

လပွတ္တာမြို့နယ် မောင်းဒီးကျေးရွာအုပ်စု ကျွန်းကလေးကျေးရွာတွင် ယနေ့ (7.7.2019) နံနက် ၉နာရီခွဲအချိန်က လေဆင်နှာမောင်းတိုက်ခတ်၍ အမက(ခွဲ)ကျွန်းကလေး (၁၀မိုင်) ကျောင်းပျက်စီးသွားကြောင်းသိရသည်။

အကြွေးတောင်းပြီးပြန်လာသည့် ၈၃ နှစ်အရွယ် အဖွားအိုအား အသက် ၂၀ အရွယ် အမျိုးသားက အဓမ္မပြုကျင့်

အကြွေးတောင်းပြီး ပြန်လာသည့် ၈၃ နှစ်အရွယ် အဖွားအိုအား ၂၀ နှစ် အရွယ်အမျိုးသားက အဓမ္မပြုကျင့်ခဲ့မှု ခင်ဦးမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ကြို့ကန်ကျေးရွာနေ ဒေါ် ------- (၈၃) နှစ်သည် ဇူလိုင်လ ၅ ရက်၊ နံနက် ၈ နာရီခန့်က တစ်မိုင်ခန့်ကွာဝေးသော ကျွန်းပင်ကန်ကျေးရွာသို့ အကြွေးသွားတောင်းပြီး ပြန်လာစဉ် မိုးဒီ (၂၀)နှစ်က အဓမ္မပြု ကျင့်ခဲ့ကြောင်း ခင်ဦးမြို့မရဲစခန်းမှ သိရသည်။

ရေပူဂိတ်အနီးရှိရွာထဲသို့ ထွက်ပြေးတိမ်းရှောင်သည့် Ford ကားပေါ်မှ ကျောက်စိမ်းအများအပြားဖမ်းဆီးရမိ

Image may contain: 1 person, sitting and foodImage may contain: foodရှမ်းပြည်နယ်(မြောက်ပိုင်း)သိန္နီမြို့နယ် ရေပူအမြဲတမ်းစစ်ဆေးရေး စခန်းအနီးရှိ ပန်ဆုံကျေးရွာအတွင်း ထွက်ပြေး တိမ်းရှောင်သွားသော Ford အမျိုးအစား ဖိုးဝှီးအနီရောင်အား အနက်ရောင်စတစ်ကာ ကပ်ထားသော ယာဉ်ပေါ်မှ တရားမဝင်သယ်ဆောင်လာသော ကျောက်စိမ်းအများအပြားဖမ်းဆီးရမိခဲ့သည်ဟုသိရသည်။

ရှေးဟောင်းအမွေနှစ်များကြား ခေတ်သစ်အဆောက်အဦများ မရှိစေချင်ဟု save bagan အဖွဲ့ပြော

ယဉ်ကျေးမှုအမွေအနှစ်တွေ နားမှာ ခေတ်သစ်အဆောက်အအုံ၊ စီးပွားရေးအဆောက်အအုံမှ မရှိစေချင်ဘူးလို့ save bagan အဖွဲ့ ဦးဆောင်သူ ကိုမျိုးဆက်စံက ဒီဗွီဘီကို ပြောပါတယ်။ ပုဂံရှေးဟောင်း ယှဉ်ကျေးမှုဒေသကို ကမ္ဘာအမွေအနှစ် စာရင်းဝင်ဖြစ်သွားပေမယ့် ရှေးဟောင်းအမွေနှစ်တွေကြားက ခေတ်သစ်အဆောက်အဦတွေ ရှိနေသမျှ ရွှေရည်စိမ်တဲ့ ကမ္ဘာအမွေအနှစ်သာ ဖြစ်နေဦးမှာလို့ ဆိုပါတယ်။

ဝင်ဘယ်တန် နှစ်ယောက်တွဲပွဲစဉ်တွင် အန်ဒီမာရေးနှင့် ဆရီနာဝီလျံတို့ အနိုင်ရ

ဝင်ဘယ်တန်အမျိုးသား၊ အမျိုးသမီးနှစ်ယောက်တွဲပွဲစဉ်မှာ ပရိသတ်စိတ်ဝင်စားမှု အများဆုံးအတွဲဖြစ်တဲ့ ဗြိတိန်တင်းနစ်အကျော်အမော် အန်ဒီမာရေးနဲ့ နာမည်ကြီး ဆရီနာဝီလျံ တို့ဟာ ပြိုင်ဘက်ကို အပြတ်အသတ်အနိုင်ယူပြီးတော့ အဖွင့်လှစ်ခဲ့ပါတယ်။ ပြိုင်ဘက် အန်ဒရီရာမိုင်းစ်နဲ့ အလက်ဆာဂွါရာချီတို့ကို ၆-၄ ၆-၁ နဲ့ ပြတ်ပြတ်သားသား အနိုင်ရခဲ့တာဖြစ်သလို ပွဲကြာမြင့်ချိန်ဟာလည်း ၇၆ မိနစ်သာရှိခဲ့ပါတယ်။

ဥရောပချန်ပီယံ လီဗာပူးအသင်းဟာ လာမယ့်ရာသီမှာ အောင်မြင်မှုတွေ ဆက်ပြီးရဖို့အတွက် ကစားသမားဝယ်ယူအားဖြည့်မှူတွေ စတင်ပြုလုပ်လာပါတယ်။ ဂျာဂျင်ကလော့ပ်ဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းလောက်ကတည်းက ငွေကြေးအမြောက်အမြားသုံးစွဲပြီး အသင်းကို တည်ဆောက်ခဲ့ပေမယ့် အခုနွေရာသီအပြောင်းအရွှေ့မှာတော့ ငြိမ်သက်နေခဲ့ပါတယ်။ လက်တလော လီဂူးကလပ် လိုင်လီအသင်းမှာ ကစားနေတဲ့ အိုင်ဗရီကိုစ့်တောင်ပံကစားသမား နီကိုးလက်စ်ပီပီကို ခေါ်ယူဖို့ကြိုးပမ်းနေတာဖြစ်ပြီး ဥရောပကလပ်အသင်းကြီးတွေနဲ့အပြိုင် ခေါ်ယူရဖို့ ရှိနေပါတယ်။ အသက် ၂၄ နှစ်အရွယ် ပီပီဟာ ပြီးခဲ့တဲ့ရာသီက လိုင်လီအတွက် ၂၂ ဂိုးသွင်းယူပေးထားပြီး ဂိုးဖန်တီးမှု ၁၁ ကြိမ်ပြုလုပ်ထားလို့ အာဆင်နယ်၊ ဘိုင်ယန်မြူးနစ် စတဲ့အသင်းတွေကလည်း ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။ အပြောင်းအရွှေ့နဲ့ ပတ်သက်လို့ မေးမြန်းခဲ့ရာမှာတော့ လက်တလော မိခင်နိုင်ငံအသင်းနဲ့ အာဖရိကနိုင်ငံများဖလား ကစားနေလို့ ဖလားရရှိရေးကိုသာ အာရုံစိုက်ထားပြီး အေးဂျင့်နဲ့လွှဲထားကြောင်း၊ လီဗာပူးဟာ တောင်ပံကနေ ထိုးဖောက်တိုက်စစ်ဆင်တဲ့ ပုံစံနဲ့ ကစားတယ်ဆိုတာတော့ သိထားတယ်လို့ဆိုပါတယ်။

KKO ခွဲထွက်အဖွဲ့မှ ဗိုလ်မှူး အဆင့်ရှိသူ ၁ ဦးနှင့် အဖွဲ့ဝင် ၂ ဦး ဥပဒေဘောင်အတွင်းသို့ ၀င်ရောက်

Image may contain: 3 people, people standingKKO ခွဲထွက်အဖွဲ့မှ ဗိုလ်မှူး အဆင့်ရှိသူ ၁ ဦးနှင့် အဖွဲ့ဝင် ၂ ဦးတို့သည် ၎င်းတို့ ကိုင်ဆောင်သည့် လက်နက်၊ ခဲယမ်း၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ သင်္ကန်းညီနောင်တပ်နယ်ရှိ နယ်မြေခံတပ်ရင်းမှ တစ်ဆင့် ဥပဒေဘောင်အတွင်းသို့ ၀င်ရောက်လာခဲ့သည်။ ၎င်းတို့အနေဖြင့် ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်လိုခြင်း၊ ထာဝရ ငြိမ်းချမ်းရေးရရှိရန် အမှန်တကယ်ဆန္ဒရှိလာခြင်း၊ တိုက်ပွဲများကြောင့် ဒေသခံပြည်သူလူထု ဆင်းရဲဒုက္ခရောက်နေကြသည်ကို တွေ့မြင်လာရခြင်းနှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ယုံကြည်လက်ခံခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်ပြီး လက်နက်၊ ခဲယမ်း၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ၀င်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ ဥပဒေဘောင်အတွင်း ၀င်ရောက်လာသူများအား သင်္ကန်းညီနောင် တပ်နယ်ရှိ တာဝန်ရှိသူများက လှိုက်လှဲစွာ ကြိုဆိုခဲ့ကြပြီး လိုအပ်သည့် ကူညီထောက်ပံ့မှု များအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

တောင်ကြီးမြို့မဈေးလမ်းအား ပြုပြင်ပေးရန် ဒေသခံများ လိုလားနေ

Image may contain: outdoorတောင်ကြီးမြို့၏ အဓိကစီးပွားရေး အချက်အခြာနေရာတစ်ခုဖြစ်သော မြို့မဈေးအနောက်ဘက်ရှိ ဈေးလမ်းမှာ ဆိုးရွားစွာပျက်စီးနေပြီး မြို့တော်အင်္ဂါရပ်ကို ထိခိုက်ကာ အရုပ်ဆိုး အကျည်းတန်နေစေသဖြင့် အမြန်ဆုံး ပြုပြင်ပေးရန် လိုအပ်နေသည်ဟု ဒေသခံများမှ ပြောဆိုလျက် ရှိသည်။ “တောင်ကြီးမြို့ပေါ်မှာရှိတဲ့ လမ်းတွေကတော့ ပြုပြင်ပေးသင့်တာ အကုန်လုံးပါပဲ။ အဲဒီအထဲမှာ အဆိုးဆုံးကတော့ ဈေးလမ်းကိုပြုပြင်ပေးစေချင်ပါတယ်။ အဲဒီလမ်းကအသုံးပြုသူတွေလည်းများတယ်။

နျုကလီးယားသဘောတူစာချုပ်အရကန့်သတ်ထားတဲ့ပမာဏထက်ပိုပြီး ယူရေနီယမ်ထုတ်တော့မယ်လို့ အီရန်ကြေညာ

၂၀၁၅ ခုနှစ်က အီရန်နဲ့ကမ္ဘာ့အင်အားကြီးနိုင်ငံတွေချုပ်ဆိုခဲ့တဲ့ နျူကလီးယားသဘောတူစာချုပ်(JCPOA)ကိုချိုးဖောက်တဲ့အနေနဲ့ စာချုပ်အရသတ်မှတ်ထားတဲ့ပမာဏပေါင် ၆၆၀ ထက်ပိုပြီး ယူရေနီယမ်ထုတ်တော့မယ်လို့ အီရန်နိုင်ငံက ဒီနေ့မှာကြေညာပါတယ်။ JCPOAကိုဆက်တည်မြဲချင်သေးပေမဲ့ ဥရောပနိုင်ငံတွေက သူတို့ရဲ့ကတိက၀တ်တွေကို မတည်ခဲ့ဘူးလို့ အီရန်နိုင်ငံခြားရေးဒုတိယ၀န်ကြီးအဘတ်စ် အာရက်ချီကပြောပါတယ်။

အကျဉ်းထောင်အတွင်း ဒဏ်ရာများနှင့် သေဆုံးခဲ့မှု လူသတ်မှုဖြင့် အမှုဖွင့်

မန္တလေးအိုးဘိုအကျဉ်းအထောင်အတွင်း ဒဏ်ရာများနှင့် သေဆုံးခဲ့သည့် ထွန်းမြင့်ဝင်း (ခ) ကိုထွန်း သေဆုံးမှုနှင့်ပတ်သက်၍ ဇူလိုင်လ ၆ ရက်နေ့ ညနေပိုင်းအချိန်က လူသတ်မှုဖြင့် အမှတ် (၂) ရဲစခန်းတွင် အမှုဖွင့်ခဲ့ကြောင်း သိရသည် ။ေ သဆုံးသူ ထွန်းမြင့်ဝင်း (ခ) ကိုထွန်း (၃၈) နှစ်သည် ဇွန်လ ၅ ရက်နေ့ နံနက်ပိုင်းအချိန် က သေဆုံးခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၆ ရက်နေ့က မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး ရင်ခွဲရုံ မှ အောင်သပြေကျေးရွာသို့ ပြန်လည်သယ်ယူလာကာ ဇွန်လ ၇ ရက်နေ့ နေ့လည်ပိုင်းအချိန်တွင် သင်္ဂြိုလ်ခဲ့သည် ။

အီစတာနေ့ ဗုံးခွဲမှုအပြီးမှာ အစ္စလာမ် လမ်းစဉ်နဲ့ ဆော်ဒီ လွှမ်းမိုးစိမ့်ဝင်မှုကို ဦးနှိမ်၊ နှိပ်ကွပ်ရန် သီရိလင်္ကာ ကြိုးစားနေ

အစ္စလာမ်ရဲ့ ဝါဟာဘီလမ်းစဉ်ခွဲကြောင့် အီစတာနေ့ဗုံးခွဲမှု ဖြစ်ပျက်ခဲ့ကြောင်း နိုင်ငံရေးသမားတွေနဲ့ ဘုန်းကြီးတွေ ဆက်စပ်ပြောဆိုလာတဲ့နောက် သီရိလင်္ကာဟာ ဝါဟာဘီလမ်းစဉ်ပျံ့ပွားရာ အဓိက ရင်းမြစ်ဖြစ်တဲ့ ဆော်ဒီအာရေဗျရဲ့ လွှမ်းမိုးစိမ့်ဝင်နေမှုကို လျှော့ချရန် ကြိုးစားနေပါတယ်။ ဧပြီ ၂၁ ရက်တုန်းက ဘာသာရေးဆရာ ဇာရန်းဟာရှင် အမှူးပြုတဲ့ သီရိလင်္ကာနိုင်ငံသား ၉ ဦးဟာ ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ ဇိမ်ခံဟိုတယ်ကြီးတွေမှာ အသေခံဗုံးခွဲခဲ့တာကြောင့် လူ ၂၅၀ ဦး သေဆုံးခဲ့ရပါတယ်။

မြန်မာနိုင်ငံတွင် ၁၈ နှစ်အထက် သွေးတိုးရောဂါရှိသူ ၃၀ ရာခိုင်းနှုန်းရှိ

မြန်မာနိုင်ငံမှာ အသက် ၁၈ နှစ်အထက် သွေးတိုးရောဂါရှိတဲ့ သူက ၃၀ ရာခိုင်နှုန်းရှိတယ်လို့ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့က ပြောပါတယ်။ေ သွးတိုးရောဂါက မကူးစက်တဲ့ ရောဂါတမျိုးဖြစ်ပြီး အပေါ်သွေး ၁၄၀ နဲ့ အောက်သွေး ၉၀ ရှိနေမယ်ဆိုရင်တော့ ဆေးပညာအရ သွေးတိုးရောဂါရှိကြောင်း သတ်မှတ်တယ်လို့ ဆိုပါတယ်။ လူအများစုက ကိုယ့်မှာ သွေးတိုးရောဂါရှိနေတာကို မသိရှိကြဘူးလို့ ဆိုပါတယ်။ ဆေးပညာအဖွဲ့တွေရဲ့ လေ့လာတွေ့ရှိချက်အရ တကမ္ဘာလုံးမှာတော့ အသက် ၅၀ အထက် လူအယောက် ၁၀၀ မှာ လူအယောက် ၄၀ က သွေးတိုးရောဂါရှိနေတာပါ။

ဖလော်ရီဒါပြည်နယ် ဈေးဝယ်စင်တာတခုတွင် ပေါက်ကွဲမှုဖြစ်၊ လူ ၂၀ ဒဏ်ရာရ

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် ဈေးဝယ်စင်တာတခုမှာ မနေ့က ပေါက်ကွဲမှုဖြစ်ပြီး အနည်းဆုံး လူ ၂၀ ဒဏ်ရာရခဲ့ပါတယ်။  ဓာတ်ငွေ့ပေါက်ကွဲတာဖြစ်ပြီး မီးကြွင်းမီးကျန်တွေ ရှိနိုင်တာကြောင့် အဲဒီနားက လမ်း ၂ ခုကို အဝင်အထွက်မလုပ်ဖို့ ရဲတပ်ဖွဲ့က သတိပေးထားပါတယ်။ ပေါက်ကွဲတဲ့ ပြင်းအားကြောင့် အနားက L.A အားကစားလေ့ကျင့်ရုံမှာ ပြတင်းပေါက် အတော်များများ ပွင့်ထွက်ကုန်တဲ့အပြင် ယာဉ်ရပ်နား စခန်းမှာလည်း အပျက်အစီးတွေ ပြန့်ကျဲနေ ပါတယ်။ လူတွေလည်း ထွက်ပေါက်တွေဆီ ပြေးထွက်ခဲ့ကြပါတယ်။ အခင်းဖြစ်ရာ နေရာမှာတင် လူနာအတော်များများကို ကုသပေးခဲ့ရတယ်လို့ မီးသတ်ဌာနက တွစ်တာ လူမှုကွန်ရက်ကနေ ပြောပါတယ်။ လူမရှိတဲ့ စားသောက်ဆိုင်တဆိုင်ကနေ ပေါက်ကွဲတာ ဖြစ်ပုံရတယ်လို့ မျက်မြင်သက်သေ တွေကို ကိုးကားပြီး ဒေသခံ သတင်းစာက အစီရင်ခံပါတယ်။

သိန်း ၆၅၀၀ ကုန်ကျသည့် စမုံချောင်းကူးတံတား သွားမရသဖြင့် နိုင်ငံ့အကြီးအကဲများထံ တိုင်ကြားမည်

66164251_2965337193605278_4410785852255371264_nမန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ် ဆူးပန်းရွာနဲ့ ခင်ပန်းရွာ ရွာ ၂ ရွာ ကြားမှာ နိုင်ငံတော်ဘဏ္ဍာငွေ သိန်း ၆၅၀၀ အကုန်အကျခံ တည်ဆောက်ထားတဲ့ စမုံချောင်းကူးတံတားပေါ်က သွားလာမရလို့ နိုင်ငံတော်အကြီးအကဲတွေကို တိုင်ကြားသွားမယ်လို့ ဒေသခံတွေက ဇူလိုင်လ ၆ ရက်နေ့က ပြောပါတယ်။  ဆူးပန်းရွာနေ ဦးဆန်းဝင်းက “ဒီတံတားကြီး ပြီးစီးပါပြီ ဆိုပြီး ကျောက်စာတိုင်ထူတယ်၊ ဖွင့်ပွဲလုပ်တယ်။ အဲဒါတွေက တနှစ်ကျော်သွားပြီ ဒီတံတားပေါ်က ကူးသန်းသွားလာလို့ မရသေးပါဘူး။ ချဉ်းကပ်လမ်းလည်း မပြီးသေဘူး၊ မနှစ်ကတနှစ်လုံး စမုံရေတွေ လာတယ်။

မြိတ်တွင် ဖောက်ထွင်းခံရသည့် ရွှေထည်ပစ္စည်းအချို့နှင့် လက်ခံထားသူအား ဖမ်းမိ

Image may contain: one or more peopleတနင်္သာရီတိုင်း၊ မြိတ်မြို့၊ မြစ်ငယ်ရပ်၊ အ.ထ.က ၁ ကျောင်းလမ်းရှိ ရှေးဟောင်းအိမ်ကြီးမှာ ဖောက်ထွင်းခံရတဲ့ ရွှေထည်ပစ္စည်းအချို့ကို ဇွန်လ ၆ ရက်နေ့က လက်ခံထားသူနဲ့အတူ ဖမ်းမိခဲ့တယ်လို့ မြို့မရဲစခန်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။ေ နအိမ်ပိုင်ရှင် ဦးတင့်ဆွေနဲ့ ဇနီးဖြစ်သူ ဒေါ်ရီရီအေးတို့ ကျန်းမာရေးအတွက် ရန်ကုန်ကို ဆေးကုသဖို့ ဇွန်လ ၈ ရက်နေ့က ထွက်သွားပြီး ဇူလိုင် ၅ ရက်နေ့၊ မနက်ပိုင်း နေအိမ်ပြန်ရောက်စဉ် အခန်းတွင်းရှိ ဘီရိုအောက်ထပ်အံဆွဲအတွင်းမှ ရွှေထည် ၇၀ ကျပ်သားလောက် ဖောက်ထွင်းခံရကြောင်း သိရှိခဲ့တာပါ။

H1N1 ရောဂါပိုးတွေ့သူ ၂ ရက်အတွင်း လူနာ ၂၀ ကျော် တိုးလာ

၂ ရက်အတွင်း ရာသီတုပ်ကွေး H1N1 ရောဂါပိုးတွေ့သူ ၂၀ ကျော်တိုးလာပြီး သေဆုံးသူတော့ မရှိဘူးလို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ပါတယ်။ ဇူလိုင် ၄ ရက်အထိ ပိုးတွေ့သူ ၁၄၁ ယောက်ရှိခဲ့ပြီး ဇူလိုင် ၆ ရက်မှာတော့ ပိုးတွေ့သူ ၁၆၄ ယောက် ဖြစ်လာတာပါ။ေ သဆုံးသူကတော့ မေလကနေ ဇူလိုင် ၄ ရက်အထိ အယောက် ၃၀ ရှိပြီး ရန်ကုန်တိုင်းထဲက ၂၄ ယောက် ရှိပါတယ်။ ရန်ကုန်တိုင်းထဲမှာတော့ လှိုင်သာယာနဲ့ ဒဂုံမြို့သစ်တောင်ပိုင်းက သေဆုံးသူ အများဆုံးဖြစ်ပါတယ်။ ပြီးတော့ ဧရာဝတီတိုင်းက ၃ ယောက်၊ စစ်ကိုင်းတိုင်းက ၂ ယောက်နဲ့ မွန်ပြည်နယ်က ၁ ယောက် သေဆုံးခဲ့ပါတယ်။

လက်ထပ်မည်ဟု လိမ်ညာပြီး တရုတ်မယားအဖြစ် ရောင်းစားရန် ကြံစည်သူ ၃ ဦးကို ဖမ်းဆီး

အမျိုးသမီးတဦးအား လက်ထပ်ပေါင်းသင်းမယ်လို့ လိမ်လည်ခေါ်ဆောင်ပြီး တရုတ်မယားအဖြစ် ပြုလုပ်ဖို့ စည်းရုံးသူ ၃ ဦးကို ဖမ်းဆီး အရေးယူထားတယ်လို့ ပြည်ထဲရေးက ဒီနေ့ ထုတ်ပြန်ပါတယ်။ ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ လင်းသာရွာနေ ၃၄ နှစ်အရွယ် အမျိုးသမီးတဦး တရုတ်နိုင်ငံကို တရုတ်မယားအဖြစ်ပြုလုပ်ဖို့ စည်းရုံးခံရပြီး မိုင်းလားမြို့မှာ ရောက်ရှိနေကြောင်းသတင်းအရ ဇူလိုင် ၃ ရက်နေ့မှာ အမှတ် ၁၈ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲစု (ကျိုင်းတုံ)မှ တပ်ဖွဲ့ဝင်တွေက အဆိုပါအမျိုးသမီးကို စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

ထရိန်နင် ၅ နှစ် ဆင်းပြီးနောက် ဥရောပရဲ့ အသန်မာဆုံးအမျိုးသမီး ဖြစ်လာသူ

Image may contain: 1 person, smilingဂျယ်လီနာ မာရင်ကို အမည်ရ ဆာဘီးယားနိုင်ငံသူ အမျိုးသမီးတစ်ဦးကတော့ ယခုအခါ ဥရောပဒေသမှာ အားအသန်ဆုံး အမျိုးသမီးအဖြစ် သတ်မှတ်ခံထားရလျက် ရှိပါတယ်။ အသက် ၃၅ နှစ်ရှိ မာရင်ကိုကတော့ လွန်ခဲ့တဲ့ ငါးနှစ်ကမှ gym နဲ့ ပထမဆုံး ထိတွေ့လေ့ကျင့်ခဲ့တာဖြစ်ပေမယ့် ခုချိန်မှာ လူသန်အမျိုးသမီးတစ်ဦး ဖြစ်နေခဲ့ပြီဖြစ်ပါတယ်။ အလေးမ ပြိုင်ပွဲတွေမှာ အမြင့်ဆုံး ရမှတ်တွေ ရရှိထားခဲ့တာကြောင့်လည်း မာရင်ကို ကို ဥရောပရဲ့ အားအသန်ဆုံး အမျိုးသမီးအဖြစ် ခေါ်ဝေါ်နေကြတာဖြစ်ပါတယ်။

နေပြည်တော်တွင် ကမ္ဘာ့အကြီးဆုံး ဆေးဝါးစက်ရုံတည်ဆောက်ရန် စင်ကာပူမှ လာရောက်ဆွေးနွေး

 ဒေါ်လာတစ်ဘီလီယံခန့်ရှိမည့် ကမ္ဘာ့အကြီးဆုံးဆေးဝါး စက်ရုံကို နေပြည်တော်တွင် တည်ဆောက်ရန် စင်ကာပူမှ လာ ရောက်ဆွေးနွေးခဲ့သည်ဟု ကျန်း မာရေးနှင့် အားကစားဝန်ကြီးဌာန က ထုတ်ပြန်သည်။ စင်ကာပူနိုင်ငံ အခြေစိုက် ကုမ္ပဏီ Yishan Biotechnology Pte.Ltd မှ ဥက္ကဋ္ဌနှင့် သံလွင်ဧရာ စိုက်ပျိုးရေးကုမ္ပဏီတို့က နေပြည်တော်တွင် စက်ရုံတည်ဆောက်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် ဇူလိုင် ၃ ရက်က ဆွေးနွေးခဲ့သည်။

သမိုင်းထဲက ဆဲဗင်းဇူလိုင်

ကျောင်းဝင်းထဲတွင် ဆန္ဒပြနေသော ကျောင်းသားများကို သေနတ်ဖြင့် ပစ်ရခြင်း အကြောင်းရင်း နှင့် သမဂ္ဂအဆောက်အဦးကို ဖောက်ခွဲဖျက်ဆီးရခြင်း အကြောင်းရင်းကို စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်း၏ ရှင်းလင်းချက် 
ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေ၀င်းက ရန်ကုန်တက္ကသိုလ်အဖြစ်အပျက်နှင့်ပတ်သက်၍ မြန်မာ့အသံမှ ဇူလိုင် ၈ ရက်နေ့ ည ၇ နာရီတွင် တိုင်းပြည်သို့ မိန့်ခွန်းပြောကြားချက်
    ပြည်သူလူထုပေါင်းတို့ခင်ဗျာ.....
    ဒီနေ့ဟာ ကျွန်တော်တို့တော်လှန်ရေးကောင်စီအတွက် အလွန်စိတ်မချမ်းမသာဖြစ်ရတဲ့ နေ့တစ်နေ့ဖြစ်ပါ တယ်။

နှစ်ပေါင်း ၃၀ အတွင်း မြန်မာနိုင်ငံ၏ အဓိကကဏ္ဍဍ ၁၁ ခု၌ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ်ဘီလျံ ၁၈၈၀ဝ ကျော်ခွင့်ပြုထားပြီး အိမ်ခြံမြေကဏ္ဍဍ၌ ၂၂ ရာခိုင်နှုန်းကျော်ဖြင့် အများဆုံး ခွင့်ပြုထား

မေလကုန်အထိ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု အခြေအနေ ဖော်ပြထားမှုကို တွေ့ရစဉ် (Photo : DICA)နှစ်ပေါင်း ၃၀ အတွင်း မြန်မာနိုင်ငံ၏ အဓိကကဏ္ဍဍ ၁၁ ခု၌ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ်ဘီလျံ ၁၈၈၀ဝ ကျော် ခွင့်ပြုပေးထားပြီး အိမ်ခြံမြေကဏ္ဍဍ၌ ၂၂ ရာခိုင်နှုန်းကျော်ဖြင့် အများဆုံး ခွင့်ပြုပေးထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။ ၁၉၈၈-၁၉၈၉ ဘဏ္ဍဍာနှစ်မှ ၂၀၁၈- ၂၀၁၉ ဘဏ္ဍဍာနှစ် မေလအကုန်အထိ နှစ်ပေါင်း ၃၀ အတွင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၁၅၇၄ ခု ခွင့်ပြုပေးထားပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၁၈၈၃၅ ဒသမ ၄၇၅ ဘီလျံကျော်အထိ ရှိကြောင်း သိရသည်။