ဒီတံတားပေါ်က မသွားရတော့ အခက်အခဲဖြစ်တယ်။ အခုဆို မိုးရွာလာပြီ၊ ချောင်းရေလာရင် လနဲ့ချီပြီးလာတယ်၊ ကူသန်းသွားလာဖို့ ခက်ပြီ။ နိုင်ငံတော်ငွေတွေ အလဟဿ ဖြစ်နေတယ် ဆိုတာ ခံစားရလို့ ကျေးလက်တောင်သူတွေရဲ့ လက်မှတ်ထိုးနဲ့ နိုင်ငံတော် အကြီးအကဲတွေဆီ တိုင်ကြားသွားမှာပါ”လို့ ပြောပါတယ်။
၂၀၁၇ ခုနှစ် အောက်တိုဘာ ၂၄ ရက်မှာ မိုးများပြီး စမုံချောင်းရေကြီးတာကြောင့် ရေထဲ မျောပါသွားခဲ့ပါတယ်။ တံတားအသစ် ပြန်တည်ဆောက်တဲ့နေရာ တံတားချဉ်ကမ်းလမ်းဟာ တောင်သူမြေထဲမှာ ရှိနေတဲ့အတွက် တောင်သူက ထရံကာထားလို့ သွားလာလို့မရ ဖြစ်နေတာပါ။
တံတားနဲ့ မလွတ်တဲ့ မြေပိုင်ရှင်ကို ညှိနှိုင်းခဲ့တာ အဆင်ပြေခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အဆင်မပြေဖြစ်ပြီး ဝင်းထရံခတ်သွားတာ ဘယ်လိုမှ ညှိနှိုင်းပေးလို့ မရဘူးဖြစ်နေတယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမင်းထက်က ပြောပါတယ်။
စမုံချောင်းကူးတံတားကို အစိုးရရံပုံငွေနဲ့ သိန်းပေါင်း ၆၅၀၀ လောက် အကုန်အကျခံ တည်ဆောက်ထားပါတယ်။ တံတားအရှေ့ဘက်မှာ ကျေးရွာ ၂၀ နဲ့ တံတားအနောက်ဘက်က ကျေးရွာ ၃၀ လောက် ဒီတံတားကို အသုံးပြုနေကြပါတယ်။
အခုအခါမှာ ရေမလာသေးလို့ စမုံချောင်းထဲက ဖြတ်သန်းသွားလာလို့ ရနေပါသေးတယ်။ အဲ့ဒီချောင်းကို ကားကြီးကားငယ် ၁၅၀ လောက်နဲ့ ဆိုင်ကယ် ၂၀၀၀ ကျော်လောက် လယ်ယာလုပ်ငန်းခွင်ဝင် နွားလှည်း ၁၀၀ကျော် ဖြတ်သန်းသွားလာနေပါတယ်။
No comments:
Post a Comment