
ယာဉ်အဝင်အထွက် အမြဲတမ်း ပြည့်နေတယ်။ ပြင်တဲ့အခါမှာလည်း သေချာစနစ်တကျ မလုပ်ဘဲနဲ့ လာဖာသွားတာ လောက်ဆိုရင်တော့ မကြာခဏချိုင့် ခွက်တွေ ပြန်ဖြစ်နေဦးမှာပါပဲ။ ပြင်မယ်ဆိုရင်တော့ ရေရှည်အတွက် သေချာစနစ်တကျ ပြုပြင်ပေးစေလိုပါတယ်”ဟု တောင်ကြီး ဒေသခံတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
အဆိုပါ ဈေးလမ်းသည် ချိုင့်ခွက် များစွာဖြစ်ပေါ်နေပြီး အများပြည်သူ သွားလာရေး အခက်အခဲဖြစ်ပေါ် လျက်ရှိသဖြင့် အမြန်ဆုံး ပြုပြင်ပေးရန် ဒေသခံပြည်သူများက လိုလားလျက်ရှိကြောင်း သိရသည်။
ထို့အတူ တောင်ကြီးဒေသခံကိုဦးမှလည်း “အဲဒီလမ်းကတော်တော်လေးကို ပြုပြင်ရမှာပါ။ လမ်းကပေါက် ပြဲနေတာတွေအပြင် ကျဉ်းတော့သွားရခက်ခဲတယ်။ ယာဉ်တွေ ရှောင်ဖို့ခက်ခဲပါတယ်။ ဘာပဲဖြစ်ဖြစ် လူသုံးများတဲ့ လမ်းဆိုတော့ ပြင်သင့်ပါတယ်”ဟု ကမ္ဘောဇတိုင်းသို့ ပြော သည်။
တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက် တွင်းလမ်းများပေါ်တွင် မိုးသည်းထန် စွာရွာသွန်းမှုကြောင့် ရေပြည့်ရေလျှံမှု ဖြစ်ပွားနေခြင်း၊ မကြာခဏ ချိုင့်ခွက်ဖြစ်ကာ ပြည်သူအများ လမ်းခရီး အန္တရာယ် ဖြစ်ပွားနေရခြင်းတို့ကြောင့် ပြုပြင်ပေးရန် လိုအပ်နေကြောင်း ဒေသခံများမှ ပြောဆိုလျက်ရှိသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ တောင်ကြီးမြို့နယ် စည်ပင်သာယာ ရေးဌာနမှ အမှုဆောင်အရာရှိ ဦးအေးကိုအား ကမ္ဘောဇတိုင်းမှ ဆက်သွယ် မေးမြန်းခဲ့ရာ “ဒီနှစ်ဘတ်ဂျက် ထဲမှာတော့ မပါသေးပါဘူး။ လာမယ့် နှစ်တွေကျမှ ပြင်ဖြစ်မှာပါ။ အခုလော လောဆယ်တော့ ကုန်သည်လမ်းပေါ့။ နောက်နှစ်မှာကတော့ စဝ်စံထွန်းလမ်း ပိုင်းပေါ့။ ဈေးလမ်းကိုတော့ နောက်လာမယ့်နှစ်တွေမှ လုပ်ဖြစ်မှာပါ”ဟု ပြန်လည်ဖြေကြားခဲ့သည်။
No comments:
Post a Comment