သက်ထားသူဇာသည် ယင်းပြိုင်ပွဲ ရှုံးထွက်အဆင့်၌ မောရစ်သျှ ကစားသမားကို နှစ်ပွဲ၊ တစ်ပွဲ၊ ကွာတားဖိုင်နယ်တွင် ပါကစ္စတန် ကစားသမားကို နှစ်ပွဲပြတ်၊ အကြိုဗိုလ်လုပွဲ၌ အီရန်ကစားသမားကို နှစ်ပွဲပြတ်ဖြင့် အနိုင်ရကာ ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သည်။
အာဖရိက ကြက်တောင် အဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် ၂၀၁၉ အိုင်ဗရီကို့စ် နိုင်ငံတကာ ကြက်တောင်ပြိုင်ပွဲကို ဇူလိုင် ၄ ရက်မှ ၇ ရက်အထိ ကျင်းပခဲ့ သည်။
ပြိုင်ပွဲတွင် နိုင်ငံအသီးသီးမှ ကစားသမား ၅၀ ကျော် ပါဝင်ယှဉ် ပြိုင်ကာ သက်ထားသူဇာ ၀င်ပြိုင်သည့် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် အိမ်ရှင်အိုင်ဗရီကို့စ်၊ မောရစ်သျှ၊ ဆလိုဗက်ကီးယား၊ အိန္ဒိယ၊ အီရန်နှင့် ပါကစ္စတန်နိုင်ငံတို့မှ ကစားသမားများ ပါဝင်ခဲ့ သည်။ အသက်(၂၁)အရွယ် သက် ထားသူဇာသည် အီဂျစ်၊ ယူဂန်ဒါ၊ မောရစ်သျှ၊ ကင်ညာနှင့် ဘီနင် နိုင်ငံတကာပြိုင်ပွဲများ၌ ရွှေတံဆိပ် ငါးခုဆွတ်ခူးထားပြီးဖြစ်သည်။
No comments:
Post a Comment