အခုလိုရေကြီးရေလျှံတာတွေကို လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းကလည်း ကြုံခဲ့ရပေမယ့် အခုလို အိမ်တွေထဲအထိ ရေဝင်တာမျိုးတော့ မရှိခဲ့ဘူးလို့ ၉၂ ရပ်ကွက် အန်အယ်လ်ဒီရပ်ကျေး ဥက္ကဋ္ဌ ဦးလင်းလင်းက ပြောပါတယ်။
ဒဂုံဆိပ်ကမ်းမြို့နယ် စစ်တောင်းရိပ်မွန် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဟိန်းအောင်အောင်က ရေတံခါး တည်ဆောက်မှုအပိုင်းကို အများပြည်သူတွေရဲ့ ဆန္ဒတွေနဲ့ လုပ်ကိုင်စေချင်တယ်လို့ ပြောပါတယ်။ ဒဂုံဆိပ်ကမ်းမြို့နယ် စစ်တောင်းရိပ်မွန် ၉၂ ရပ်ကွက်မှာ အိမ်ခြေ ၁၆၃၀ ကျော်ရှိပါတယ်။
ရေတံခါးတည်ဆောက်မှုနဲ့ ပတ်သက်ပြီး ဇူလိုင် ၇ ရက်နေ့မှာတော့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ရေတံခါးတည်ဆောက်နေတဲ့ တာဝန်ရှိသူတွေနဲ့ ရပ်ကွက်နေပြည်သူတွေ တွေ့ဆုံဆွေးနွေးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
No comments:
Post a Comment