
တောင်ကုတ်မြို့မရဲစခန်းမှ နယ်ထိန်းအရာရှိ ဒုရဲအုပ် ဘရှိန် နှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များ က တောင်ကုတ်မြို့ပေါ်အတွင်း လိုက်လံစုံစပ်းရှာဖွေခဲ့ရာ ဇွန် ၃၀ ရက် ည ၃ နာရီက တောင်ကုတ်မြို့ အေးရိပ်ငြိမ်း (၄) လမ်း ၊ ကားကြီးဝန်းအနီးတွင် ဦးတင်ရွှေအောင် (၄၃ နှစ်)၊ မီးစက်ကွက်သစ်(၅)လမ်း၊ ဂူတာရပ်ကွက်၊တောင်ကုတ်မြို့၌ နေထိုင်သူသည် MI-7 ဖုန်း တစ်လုံး၊ HUAWEI Y-3 ဖုန်း တစ်လုံး တို့ကို လိုက်လံရောင်းချနေကြောင်း တွေ့ရှိရသဖြင့် ဆက်လက် စစ်ဆေးမေးမြန်းရာ သံတွဲမြို့နယ် ၊ ငပလီမြို့ ၊ ဂျိတ္တောကျေးရွာနေ ဦးမောင်မောင်ချေ (၄၆ နှစ်) ဂျိတ္တောကျေးရွာ၊ အမှတ်(၇) ရပ်ကွက်ရှိ ငှားရမ်းနေထိုင်သည့် ဒေါ်နှင်းစိန် (၆၆ နှစ်) နေအိမ်တွင် ဝှတ်ထားကြောင်း သိရှိရသဖြင့် အဆိုပါ နေအိမ် အိပ်ယာခေါင်းအုံးအောက်၌ ပလစတစ်အဖြူရောင်ဖြင့် ထုတ်၍ ပျောက် ဆုံးနေသည့် OPPO ဖုန်း တစ်လုံး ၊ ViVO ဖုန်း တစ်လုံး၊ CM-7 ဖုန်း နှစ်လုံး၊ SHOWN ဖုန်း တစ်လုံး ၊ MI ဖုန်း တစ်လုံး တို့ကို တွေ့ရှိ ဖော်ထုတ် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
No comments:
Post a Comment