
မိန်းကလေးဟာ ဘာသာရေးကျောင်းမှာ တက်နေတဲ့ ဒေသခံ ကျောင်းသူ ၁၅ ဦးအနက် တစ်ဦးဖြစ်ပြီး မိခင်ဖြစ်သူက စစ်တကောင်းမြို့မှာ အိမ်အကူအဖြစ် လုပ်ကိုင်နေသူဖြစ်ကြောင်း သိရပါတယ်။ မိန်းကလေးရဲ့ ဦးလေးဖြစ်သူက ဘယ်လာလီကို ရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့သလို အလားတူ ဖြစ်ရပ်မျိုးကြုံခဲ့ရတဲ့ အခြား ကျောင်းသူတစ်ဦးရဲ့ ဖခင်ကလည်း ၄င်းကို တိုင်ချက်ဖွင့်ခဲ့ပါတယ်။
ကျောင်းသူနှစ်ဦးစလုံးကို ဆေးစစ်မှုတွေလုပ်ဖို့ အတွက် နက်ထရိုကိုနာ ခေတ်မီအထွေထွေရောဂါကု ဆေးရုံကို ပို့ ဆောင်ခဲ့ကြောင်း နက်ထရိုကိုနာ ခရိုင် ရဲအရာရှိ ဆာဂါဂျာဟန် မီယာက စနေနေ့ မှာ ပြောဆိုပါတယ်။ ကနဦးမှာ မုဒိမ်းကျင့်ဖို့  ကြံစည်မှုနဲ့  ဘယ်လာလီကို အမှုဖွင့် ဆောင်ရွက်ထားတာဖြစ်ကြောင်း၊ နောက်ပိုင်းမှာ ကျောင်းသူကို မိမိတို့  စစ်မေးကြည့်ခဲ့ရာမှာ သူ မုဒိမ်းကျင့်ခံခဲ့ရတယ်ဆိုတာ သိခဲ့ရကြောင်းနဲ့  ဘယ်လာလီကိုယ်တိုင်ကလည်း ထွက်ဆိုမှုတွေ လုပ်ခဲ့ကြောင်း ၄င်းက ပြောဆိုခဲ့ပါတယ်။
ကျောင်းဆရာဟာ တစ်နှစ်အတွင်း ကျောင်းသူ ၈ ဦးကို သူ မုဒိမ်းကျင့်ခဲ့တယ်လို့  ၀န်ခံခဲ့ကာ ကျူးလွန်ခံရသူတွေဟာ အသက် ၈ နှစ်နဲ့  ၁၁ အကြား အရွယ်တွေဖြစ်ကြောင်း ရဲအရာရှိက ပြောဆိုခဲ့ပါတယ်။
ကျောင်းဆရာဟာ ကျောင်းသူတွေကို သူ့ အခန်းထဲခေါ်ပြီး သူ့ လက်တွေ၊ ခြေတွေကို နှိပ်နယ်ခိုင်းကာ ယင်းနောက် သူတို့ တွေကို မုဒိမ်းကျင့်ခဲ့တာဖြစ်တယ်လို့  သတင်းမှာ ဖော်ပြပါတယ်။
No comments:
Post a Comment