စစ်ကား ရုပ်ရှင်သည် Adventure ဆန်ပြီး ဟာသနှင့် ရောနှောထားကာပါဝင်မည့် သရုပ် ဆောင် အားလုံးပေါ့ပေါ့ပါးပါး ရိုက်ကူးမည်ဖြစ်ကြောင်း ရွှေထူးက ပြောသည်။
7Sense ရုပ်ရှင်ထုတ်လုပ် ရေးနှင့် ချုပ်ဆိုထားသည့် ၂ နှစ်စာချုပ် ဒီဇင်ဘာတွင် ပြည့်မည်ဖြစ်သော်လည်း ယင်းထုတ်လုပ် ရေးနှင့် အလုပ်လုပ်ရခြင်းသည် အဆင်ပြေသည့်အပြင် ညီအစ် ကိုလိုဖြစ်နေသောကြောင့် စာချုပ်သက်တမ်းထပ်တိုးရန် ညှိနှိုင်းနေ သည်ဟု ဆိုသည်။ ‘‘ဒီနှစ်စာချုပ်ထပ်တိုးဖို့ ကမ်းလှမ်းလာတာလေးတွေ ရှိတယ်။ ကျွန်တော်တို့တွေ စကားပြောနေ ကြပါတယ်။ ရှစ်ကားချုပ်ထား တာပါ။ ဒါပေမဲ့ နှစ်ကားပဲပြီးသေး တယ်။ အဲဒါကြောင့် စာချုပ်သက် တမ်းတိုးပြီး ဒီလထဲမှာလည်း ထပ် ပြီးရိုက်ဖြစ်သွားဦးမှာပါ’’ဟု ရွှေထူး ကပြောသည်။
No comments:
Post a Comment