
KKO ခွဲထွက်အဖွဲ့မှ ဗိုလ်မှူး အဆင့်ရှိသူ ၁ ဦးနှင့် အဖွဲ့ဝင် ၂ ဦးတို့သည် ၎င်းတို့ ကိုင်ဆောင်သည့် လက်နက်၊ ခဲယမ်း၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ သင်္ကန်းညီနောင်တပ်နယ်ရှိ နယ်မြေခံတပ်ရင်းမှ တစ်ဆင့် ဥပဒေဘောင်အတွင်းသို့ ၀င်ရောက်လာခဲ့သည်။ ၎င်းတို့အနေဖြင့် ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်လိုခြင်း၊ ထာဝရ ငြိမ်းချမ်းရေးရရှိရန် အမှန်တကယ်ဆန္ဒရှိလာခြင်း၊ တိုက်ပွဲများကြောင့် ဒေသခံပြည်သူလူထု ဆင်းရဲဒုက္ခရောက်နေကြသည်ကို တွေ့မြင်လာရခြင်းနှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ယုံကြည်လက်ခံခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်ပြီး လက်နက်၊ ခဲယမ်း၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ၀င်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ ဥပဒေဘောင်အတွင်း ၀င်ရောက်လာသူများအား သင်္ကန်းညီနောင် တပ်နယ်ရှိ တာဝန်ရှိသူများက လှိုက်လှဲစွာ ကြိုဆိုခဲ့ကြပြီး လိုအပ်သည့် ကူညီထောက်ပံ့မှု များအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
No comments:
Post a Comment