Monday, June 10, 2019

ခရစ္စမတ်ပွဲအတွက် ဝတ်ပြုဆုတောင်းနေသည့်အိမ်ကို လူတစ်စုက ခဲဖြင့်ပစ်ပေါက်မှု နှစ်ဖက်ကျေအေး

ဂန့်ဂေါမြို့နယ်၌ ခရစ္စ မတ်ပွဲတော်အတွက် ဝတ်ပြုဆု တောင်းရန်  ပြင်ဆင်နေသည့်အိမ်ကိုလူတစ်စုက ခဲဖြင့်ဝိုင်းပစ်ခဲ့ သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ တရားစွဲဆိုထားမှုကို တရားလိုနှင့်တရားပြိုင်နှစ်ဖက်စလုံးက   ကျေ အေးခြင်းဖြင့်  အမှုပိတ်သိမ်းခဲ့ သည်။ မကွေးတိုင်းဒေသကြီး ဂန့် ဂေါမြို့နယ် ပေါ်လယ်ရွာတွင် နေ ထိုင်သော ခရစ်ယာန်မိသားစုတစ် စုက ခရစ္စမတ်ပွဲကျင်းပရန် ပြင် ဆင်နေစဉ် ဒေသခံလူတစ်စုက ခဲ ဖြင့် ပစ်ခတ်နှောင့်ယှက်မှု ၂၀၁၈ ဒီဇင်ဘာ  ၁၇ ရက်ညက ဖြစ်ပွားခဲ့ သည်။ အဆိုပါဖြစ်ရပ်အတွက် လူရှစ်ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီး ပြီး ပစ်ခတ်ခံရသူများက တရား လိုလုပ်၍ တရားစွဲဆိုထားသည့် အမှုကို ယခုနှစ်ဇွန်လ ၆ ရက်တွင် ကျေအေးပြီး အမှုပိတ်သိမ်းခဲ့ခြင်းဖြစ်သည်။

‘‘တိုင်တန်းသူ တရားလို ဘက်က ကျေအေးခွင့်တင်လာ တယ်။ ဒါကြောင့် မြို့နယ်တရားရုံး မှာ ကျေအေးလိုက်ကြတယ်’’ ဟု နယ်မြေရဲစခန်းမှူး ရဲအုပ်မင်းမင်း ကျော်က ပြောသည်။

ခဲဖြင့်အပစ်ခံရသော အိမ် တွင် အသက် (၁၀) နှစ်အောက် ကလေးငါးဦး၊ (၆၀) နှစ်အထက် သက်ကြီးရွယ်အိုနှစ်ဦးအပါအဝင် စုစုပေါင်း ၂၇ ဦး ရှိနေသည်။

တစ်နာရီခန့်ကြာ ပစ်ခတ်မှု ကြောင့် ခြောက်ဦးဒဏ်ရာရခဲ့ပြီး ဆိုင်ကယ်အချို့နှင့် နေအိမ်ထိ ခိုက်ပျက်စီးခဲ့သည်။ အဆိုပါအမှု ကို အာမခံပေး၍ ရသော ရာဇ သတ်ကြီးပုဒ်မ ၃၃၇၊ ၄၂၇ (ခဲဖြင့် ပစ်ပေါက်မှု၊ အကျိုးဖျက်ဆီးမှု) တို့ဖြင့် အမှုဖွင့်ခြင်းဖြစ်၍ ခဲဖြင့် ပစ်ခတ်သူများသည် ထိန်းသိမ်း ခြင်းမခံရဘဲ  ပြင်ပတွင်နေထိုင် ကာ  အမှုရင်ဆိုင်ခွင့်ရခဲ့သည်။

တရားစွဲဆိုခဲ့ခြင်းသည်အမုန်း တရားကြောင့် မဟုတ်ဘဲ ဘာ သာမတူသူချင်း ငြိမ်းချမ်းစွာ ယှဉ် တွဲနေထိုင်ရမည်ကို သိစေလိုခြင်း နှင့် ဥပဒေမဲ့အကြမ်းဖက်မှုမျိုး ပြု လုပ်၍ မရသည်ကို နားလည်စေ လိုခြင်းကြောင့်ဟု ခရစ်ယာန်ဘာ သာဝင် အသိုက်အဝန်းက ပြော သည်။

‘‘တစ်ရွာတည်းသားချင်း တွေဆိုတော့ ကျေအေးပေးလိုက် ကြတာပါ။ အစကတည်းက သူ တို့ကို ထောင်ကျစေချင်တဲ့အထိ မရည်ရွယ်ကြပါဘူး’’ ဟု ခဲဖြင့်ပစ် ပေါက်ခံရစဉ်က ပါဝင်ခဲ့သူတစ်ဦး က ပြောသည်။ နှစ်ဖက်ကျေအေးခဲ့ရာတွင် ပစ်ခတ်မှုဖြစ်စဉ်အတွင်း ပျက်စီး ခဲ့သော ဆိုင်ကယ်အချို့၏ တန်ဖိုး ကို ပြန်လျော်ပေးရန် သဘောတူ ညီခဲ့ကြသည်။ ပေါ်လယ်ရွာတွင် အိမ် ထောင်စု ၅၀ ခန့်သာရှိပြီး ခရစ် ယာန်ဘာသာကိုးကွယ်သူ အိမ် ထောင်စု လေးစုသာရှိသည်။ နောင်တွင် ယင်းကဲ့သို့ ဘာသာ ရေးနှင့်ဆိုင်သော တင်းမာမှုမရှိ စေရေး ပညာပေးဟောပြောမှုများ ကို ဌာနဆိုင်ရာတာဝန်ရှိသူများက ပြုလုပ်ခဲ့သည်။

No comments:

Post a Comment