Monday, June 10, 2019

အပြည်ပြည်ဆိုင်ရာအာကာသစခန်း ဧည့်သည်များလက်ခံတော့မည်

အာကာသထဲမှာ လွှင့်တင်ထားတဲ့ အပြည်ပြည်ဆိုင်ရာအာကာသစခန်းကို အလည်အပတ်သွားချင်တဲ့ ခရီးသွားတွေကို တစ်ညလျှင် ကန်ဒေါ်လာ ၃၅၀၀၀ နှုန်းနဲ့ ၂၀၂၀ခုနှစ်ကစပြီး လက်ခံပို့ဆောင်ပေးသွားနိုင်စေရေးအတွက် အမေရိကန် အမျိုးသားလေကြောင်းနဲ့အာကာသ ညွှန်ကြားမှုဦးစီးဌာန(NASA)က စတင်စီစဉ်နေပြီလို့သိရပါတယ်။ အာကာသစခန်းဆီကိုအသွားအပြန်နဲ့ အဲဒီမှာ တစ်ညအိပ်ရတဲ့အတွက် ကန်ဒေါ်လာ ၃၅၀၀၀ ဆိုတာ အင်မတန်ဈေးချိုပါတယ်လို့လဲ NASA ကဆိုပါတယ်။ “ဒါဟာ အပြည်ပြည်ဆိုင်ရာအကာသစခန်းကို ဈေးကွက်ဝင်တဲ့ စီးပွားရေးတစ်ခုအဖြစ် စတင်လိုက်တာဖြစ်ပြီး၊ အရင်က တစ်ခါမှ မလုပ်ခဲ့ဖူးသေးတဲ့ လုပ်ငန်းပါပဲ”လို့ NASA ရဲ့ ဘဏ္ဍာရေးချုပ် Jeff DeWit ကပြောပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ အမေရိကန်နိုင်ငံသားတွေကိုပဲ အလည်အပတ်သွားရောက်ခွင့်ပြုဦးမှာဖြစ်တယ်လို့လဲ သူကဆိုပါတယ်။

No comments:

Post a Comment