Monday, June 10, 2019

အမျိုးသမီး ကမ္ဘာ့ဖလားတွင် စပိန်၊ နော်ဝေးနှင့် ဂျာမနီတို့ နိုင်ပွဲဖြင့်စတင်

ပြင်သစ်နိုင်ငံက အိမ်ရှင်အ ဖြစ် လက်ခံကျင်းပနေသော အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲတွင် စပိန်၊ နော်ဝေးနှင့် ဂျာမနီအသင်း တို့နိုင်ပွဲကိုယ်စီဖြင့် စတင်ဖွင့်လှစ် ခဲ့သည်။ အမျိုးသမီး ကမ္ဘာ့ဖလားချန် ပီယံ နှစ်ကြိမ်ဖြစ်ခဲ့သော ဂျာမ နီက ဆယ်ကျော်သက်ကစားသ မား ဂီယူလီယာဂျီဝန်း (၁၉) နှစ် ၏ တစ်လုံးတည်းသောဂိုးဖြင့် တရုတ်အသင်းကို ၁-၀ ဂိုးဖြင့် အ နိုင်ရခဲ့သည်။ ယခုအခါ ဂျာမနီသည် နောက်ဆုံးကစားခဲ့သော ကမ္ဘာ့ ဖလားအုပ်စုအဆင့်ပွဲစဉ် ၁၇ ပွဲ တွင် ရှုံးပွဲမရှိအောင် စွမ်းဆောင် နိုင်ခဲ့ပြီး နည်းပြမာတီနာဗော့စ်တီ ကလီဘာ့ဂ်၏ ဂျာမနီသည် ယခု နှစ် ကမ္ဘာ့ဖလားဗိုလ်စွဲရန် ရေပန်း စားအသင်းများ၌ ပါဝင်သည်။
စပိန်က တောင်အာဖရိက အသင်းကို နောက်မှလိုက်ကစား ကာ ၃-၁ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ဂျနီ ဖာဟာမိုဆိုက ပင်နယ်တီနှစ်ဂိုး သွင်းယူပေးခဲ့သည်။

ဒုတိယပိုင်း ၈၂ မိနစ်တွင် တောင်အာဖရိကအသင်းမှ က စားသမားတစ်ဦး နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံရပြီး ပင်နယ်တီပေး ခဲ့ရကာ ဟာမိုဆိုက ဂိုးအဖြစ် ပြောင်းလဲပြီး ၈၉ မိနစ်တွင် ဂရာ စီယာက တတိယဂိုးသွင်းယူခဲ့ သည်။

စပိန်သည် အုပ်စု (B) တွင် ဂျာမနီနှင့်တစ်အုပ်စုတည်း ကျ ရောက်နေပြီး ဇွန်လ ၁၂ ရက်တွင် ယင်းနှစ်သင်း ထိပ်တိုက်တွေ့မည် ဖြစ်သည်။

အမျိုးသမီး Ballon d’Or ဆု ရှင် အဒါဟီဂါဘာ့ဂ်မပါဝင်သော် လည်း နော်ဝေးသည် နိုင်ဂျီးရီး ယားအသင်းကို သုံးဂိုးပြတ်အနိုင် ရခဲ့သည်။ ယခုနှစ် Ballon d’Or ဆု ရှင် အဒါဘီဂါဘာ့ဂ်သည် ယခု ပြိုင်ပွဲတွင် ပါဝင်မကစားရန် ဆုံး ဖြတ်ခဲ့သည်။

ယင်းပွဲတွင် ထမ်းစင်ဖြင့် သယ်ထုတ်ခဲ့ရသော အားထားရ သည့် နောက်ခံလူ ဖိတ်မစ်ချယ်လ် ၏ ဒဏ်ရာ ထင်သလောက်ဆိုးရွား မည်မဟုတ်ဟု နော်ဝေးနည်းပြ သောမတ်စ်ဒန်နာဘီက မျှော်လင့် နေသည်။ နော်ဝေးသည် လာမည့်ပွဲစဉ် တွင် တောင်ကိုရီးယားနှင့် က စားမည်ဖြစ်သည်။

No comments:

Post a Comment