Monday, June 10, 2019

နိုင်ငံခြားငွေ ပြန်လည်ပေးသွင်းရန် ကျန်ရှိသောကုမ္ပဏီများ စာရင်းထုတ်ပြန်

ပို့ကုန်တင်ပို့ပြီး ဘဏ်စာ ရင်းသို့ နိုင်ငံခြားငွေပြန်လည်ပေး သွင်းရန်ကျန်ရှိနေသော ကုမ္ပဏီ၄၀ အနေဖြင့် နှစ်လအတွင်းငွေသွင်းရန် ကုန်သွယ်ရေးဦးစီးဌာနက ဇွန်လ ၆ ရက်စွဲဖြင့် အသိပေး ကြေညာစာထုတ်ပြန်သည်။ ယခုထုတ်ပြန်သည့် ကုမ္ပဏီ များသည် ၂၀၁၇ က ပြည်ပသို့ ပို့ ကုန်တင်ပို့ပြီး ဘဏ်စာရင်းများသို့ ငွေပြန်လည်ပေးသွင်းရန် ကျန်ရှိ သော ကုမ္ပဏီများဖြစ်သည်။



ငွေပေးသွင်းရန် ကျန်ရှိနေ သော ကုမ္ပဏီများစာရင်းတွင် ပြည်ပသို့ ဆန်တန်ချိန်များစွာ တင်ပို့ရောင်းချနေသော ဧရာဟင်္သင်္ာ၊ ရွှေဝါရောင်စိုက်ပျိုးရေး ထုတ်ကုန်ကဲ့သို့သော ကုမ္ပဏီကြီးများ ပါဝင်သည်။ ထို့အပြင် ၂၀၁၇ တွင် ဆန်ကုန်သည်များကို လိမ်လည်ခဲ့သော ASO ကုမ္ပဏီလည်းပါဝင် သည်။

‘‘ဒီစာရင်းက ဗဟိုဘဏ်က ပို့လို့ စီးပွားကူးသန်းက ကြေညာ ပေးတာပါ။ စာရင်းတွေထဲမှာ ဖျက်သိမ်းတဲ့ ကုမ္ပဏီတွေလည်း ပါတယ်’’ဟု စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင် မောင်လွင်က ပြောသည်။

ပြည်ပပို့ကုန်တင်ပို့နေသည့် ကုမ္ပဏီများသည် ၂၀၁၂ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေအရ ကုန် ပစ္စည်းများ သင်္ဘောတင်ပြီး ခြောက်လအတွင်း သက်ဆိုင်ရာ ကုမ္ပဏီက ဘဏ်များတွင် နိုင်ငံ ခြားငွေ ထည့်သွင်းပေးရမည် ဖြစ် သည်။

‘‘ငွေတွေက ဘဏ်တွေထဲမှာ ရှိတယ်။ စာရင်းရှင်းဖို့ ကျန်ခဲ့တဲ့ ဖြစ်စဉ်မျိုးတွေလည်း ဖြစ်နိုင် တယ်’’ ဟု ၂၀၁၆ တွင် ပြည်ပသို့ ကုန်ပစ္စည်းတင်ပို့ပြီး စာရင်းရှင်း ရန် ကျန်ရှိခဲ့ဖူးသူ ဦးမျိုးသူရအေး က ပြောသည်။ ဘဏ်တွင်ငွေ ထည့်ထားသော်လည်း စာရင်း ကိုင်ဝန်ထမ်းက စာရင်းရှင်းရန် ကျန်ရှိသဖြင့် သတိပေးကြေညာ စာတွင် ပါဝင်ဖူးသည်ဟု ၎င်းက ဆိုသည်။ ကုန်သွယ်ရေး ဦးစီးဌာန  အသိပေးစာတွင် ကုမ္ပဏီ ၄၀ အ နေဖြင့် ရက် ၆၀ အတွင်း သက်ဆိုင်ရာဘဏ်စာရင်း၌ နိုင်ငံခြား ငွေဖြင့်ထည့်သွင်းပြီး ဗဟိုဘဏ်နှင့် စာရင်းရှင်းရန် အသိပေးထား သည်။

No comments:

Post a Comment