Monday, June 10, 2019

လူမျိုးရေးအမုန်းတရား မကြီးထွားစေရေး ထိန်းသိမ်းရန် ရခိုင်ခေါင်းဆောင်များကို ခူမီးချင်းမျိုးနွယ် အစုအဖွဲ့များ မေတ္တာရပ်ခံ

ချင်းပြည်နယ် အစိုးရအ ဖွဲ့ဝင်ဝန်ကြီးနှင့် ၀န်ကြီးဟောင်း အချို့အပါအ၀င် ဘာသာရေး ခေါင်းဆောင်အချို့အား လူမှုကွန် ရက်မှတစ်ဆင့် အသက်အန္တရယ် ခြိမ်းခြောက်ခံနေရကြောင်း၊ ဒေ သတွင်း မလိုလားအပ်သည့် နား လည်မှုလွဲမှားခြင်း မဖြစ်စေရန်နှင့် အမုန်းတရားများ မကြီးထွားစေ ရေး ၀ိုင်းဝန်းထိန်းသိမ်း ကူညီ ဆောင်ရွက်ပေးရန် ရခိုင်တိုင်းရင်း သား ခေါင်းဆောင်များကိုမေတ္တာ ရပ်ခံကြောင်း ခူမီးချင်းမျိုးနွယ်စု များရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကောင်စီ (KACC) က ထုတ်ပြန် ကြေညာသည်။

ဇွန်လ ၈ ရက်စွဲဖြင့် ထုတ် ပြန်သည့် ယင်းကြေညာချက်တွင် ချင်းပြည်နယ် စည်ပင်သာယာ ရေး၊ လျှပ်စစ်နှင့်စက်မှု လက်မှု ၀န်ကြီး ဦးစိုးထက်(ခ) ဆလိုင်းခဲ လု၊ ယခင်ဝန်ကြီးဟောင်း ဆ လိုင်းအိုက်ဇက်ခင်၊ ပလက်ဝနှစ် ခြင်း ခရစ်ယာန်အသင်းတော်များ နယ်အဖွဲ့အတွင်းရေးမှူး ဆရာ တော်စတီဗန်တို့ကို ရခိုင်လက် နက်ကိုင်အဖွဲ့ (AA) ထောက်ခံသူ များက လူမှုကွန်ရက်မှတစ်ဆင့် ခြိမ်းမ်းခြောက်နေကြောင်း၊ သ တင်းများအပေါ် စိတ်မကောင်း ဖြစ်ရကြောင်း၊  ချင်းပြည်နယ်သစ် တောနှင့် သတ္တုဝန်ကြီးဟောင်း ဦး ကျော်ငြိမ်းလည်း ယခင်က  ခြိမ်းခြောက်ခံရဖူးကြောင်း ဖော် ပြထားသည်။


ယင်းသို့ ခြိမ်းခြောက်ခြင်း သည် AA ဗဟို၏ ညွှန်ကြားချက် မဖြစ်နိုင်ဘဲ အရမ်းတက်ကြွနေ သည့် အောက်ခြေလူငယ်ပိုင်းက ပြောဆိုခြင်း ဖြစ်နိုင်ကြောင်း KACC ညှိနှိုင်းရေးမှူး ဦးစောမြက သုံးသပ်သည်။

ထိုသို့ အမုန်းပွားစေမည့် ပြောဆိုပြုမှုများ ဆက်လက်ပြု လုပ်နေပါက လူမျိုးနှစ်ခုအကြား ဆက်ဆံရေး ပိုဆိုးနိုင်သည်ဟု ၎င်းက ဆိုသည်။

‘‘ဒီလိုဆက်ဖြစ်နေတယ်ဆို ရင် ကျွန်တော်တို့ဘက်ကလည်း အဲဒီလိုတက်ကြွတဲ့သူတွေ  ရှိတာ ကိုး။ တစ်စတစ်စ မီးစပွားသွား နိုင်တယ်။ လောလောဆယ်တော့  ကျွန်တော်တို့ဘက်ကတော့ ငြိမ် နေသေးတယ်။  အဲဒါကြောင့်မို့လို့  ရခိုင်တွေဘက်က လူကြီးတွေ အဲ ဒါနည်းနည်း ထိန်းထိန်းသိမ်းသိမ်း လုပ်ပေးဖို့ မှတ်ချက်ပေးချင် တယ်’’ ဟု ဦးစောမြကပြော သည်။

ရခိုင်အမျိုးသားပါတီ မူဝါဒ ရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်ကမူ လူမှု ကွန်ရက်ပေါ်မှ ကိစ္စရပ်များသည်  ခိုင်လုံမှုမရှိ၍ ချင်းပြည်နယ်ဝန် ကြီးအချို့ ခြိမ်းခြောက်ခံရသည် ဆိုသည့်ကိစ္စအပေါ် မှတ်ချက်မပြု လိုဟု ပြောကြားသည်။

‘‘တိုင်းရင်းသား အချင်းချင်း ကတော့ ကျွန်တော်တို့မှာ အရမ်း ကို တစ်ယောက်နဲ့ တစ်ယောက်  စည်းလုံးညီညွတ်ဖို့လိုတဲ့ အခြေ အနေပေါ့ဗျာ။ ဒါပေမဲ့ ခုနကပြော တဲ့ အကြောင်းအရာ (ခြိမ်းခြောက် ခံရဆိုသည့်ကိစ္စ) ကတော့ ကြား လည်းမကြားဘူး၊ သိလည်းမသိ ဘူးဗျ’’ ဟု ဦးထွန်းအောင်ကျော် က ပြောသည်။

ချင်းပြည်နယ် ပလက်ဝမြို့ နယ်အတွင်း စစ်မက်ဖြစ်ပွားခြင်း ကို မထောက်ခံကြောင်း၊ ပြည်သူ လူထု အေးချမ်းလွတ်လပ်စွာသွား လာလှုပ်ရှားနေထိုင်၊ လုပ်ကိုင်စား သောက်နိုင်ရေး ဆောင်ရွက်ပေး သူများကိုသာ ထောက်ခံကြောင်း KACC ၏ ကြေညာချက်၌ ဖော် ပြထားသည်။

ပလက်ဝမြို့နယ်အတွင်း တိုင်းရင်းသားပေါင်းစုံ အရှည်သ ဖြင့် ချစ်ကြည်ရင်းနှီးစွာ အတူတ ကွ နေထိုင်နိုင်ရေး အစဉ်တစိုက် လိုလားကြောင်း၊ တိုင်းရင်းသား အချင်းချင်းချစ်ကြည် ရင်းနှီးငြိမ်း ချမ်းစွာ အတူနေထိုင်နိုင်မည့်  အ ခြေအနေမျိုးကို ထိခိုက်ပျက် ယွင်းစေမည့် အမုန်းစကားပြော ကြားမှုများ အပါအ၀င် မည်သည့်  လုပ်ဆောင်ချက်မဆို ကန့်ကွက် ရှုတ်ချကြောင်းလည်း ပါရှိသည်။ တပ်မတော် နှင့် AA တို့အ ကြား ပလက်ဝမြို့နယ်အတွင်း မကြာခဏ တိုက်ပွဲဖြစ်ပွားခြင်း ကြောင့် ဒေသခံရာချီ စစ်ဘေး ရှောင်နေရသည်။

No comments:

Post a Comment