Monday, June 10, 2019

တရုတ်နိုင်ငံသို့ အခွန်သက်သာသော ဆန်ကွဲ တရားဝင်ရောင်းချရေး နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးမည်

တရုတ်နိုင်ငံသို့ ဆန်အ ပြင် အခွန် ၅ ရာခိုင်နှုန်းသာ ကောက်ခံမည့် ဆန်ကွဲကိုပါ တရားဝင်ရောင်းချနိုင်ရန် နားလည်မှုစာ ချွန်လွှာ မကြာမီလက်မှတ်ရေးထိုး မည်ဟု မြန်မာနိုင်ငံ ဆန်စပါးအ သင်းချုပ် ဗဟိုအလုပ်အမှုဆောင် ဦးမျိုးသူရအေးက ပြောသည်။ြ မန်မာနိုင်ငံမှ ပြည်ပသို့ ဆန် ရောင်းချမှုတွင် ၂၅ ရာခိုင်နှုန်းခန့် ပါဝင်နေပြီး ပြီးခဲ့သည့် ၂၀၁၈ ဧပြီ ၁ ရက်မှ ၂၀၁၉ မတ်လကုန်အထိ ကန်ဒေါ်လာ သန်း ၁၃၀ ကျော် ဝင်ငွေရရှိသော ဆန်ကွဲဈေးကွက် သည်လည်း လယ်သမားများအ တွက် အရေးပါသော ဝင်ငွေတစ် ခုဖြစ်ကြောင်း ၎င်းက ပြောသည်။

တရုတ်နိုင်ငံက အာဆီယံ နိုင်ငံများသို့ ပေးထားသော ဆန် ကွဲတင်သွင်းခွင့်တွင် မြန်မာနိုင်ငံ အနေဖြင့်ပါဝင်နိုင်ရန် ပြင်ဆင်နေ သည်။ နှစ်နိုင်ငံ နားလည်မှုစာချွန် လွှာအတွက် စာချုပ်မူကြမ်းညှိနှိုင်းမှု ပြီးစီးလုနီးပါးဖြစ်နေပြီးတစ်လ၊ နှစ်လအတွင်း လက်မှတ်ရေးထိုး နိုင်မည်ဖြစ်သည်ဟု ၎င်းကဆို သည်။

‘‘ဆန်ကွဲ တရုတ်ကို ရောင်း မယ်ဆိုရင် ပြည်တွင်းဈေးက မာ (ပြန်တက်)လာမယ်’’ဟု ဦးမျိုး သူရအေးက ပြောသည်။

လက်ရှိ ပြည်တွင်းဈေးကွက် တွင် ဆန်ကွဲဈေးနှုန်း တစ်အိတ် လျှင် ကျပ် ၁၅,၀၀၀ အောက် ဈေးကျဆင်းနေပြီး သင်္ကြန်ကာလနှင့် နှိုင်းယှဉ်ပါက တစ်အိတ်လျှင် ကျပ် ၃,၀၀၀ ခန့် ဈေးကျဆင်းနေ ကြောင်း ဘုရင့်နောင် ဆန်ကုန် စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦး က ပြောသည်။

တရုတ်နိုင်ငံသို့ တရားဝင် ဆန်ရောင်းချမည်ဆိုပါက ဆန် တစ်အိတ်၏ ရောင်းဈေးပေါ်တွင် အခွန် ၅၀ ရာခိုင်နှုန်း တရုတ် အစိုးရက ကောက်ခံသည်။

ဆန်ကွဲရောင်းချမည်ဆိုပါ က အခွန် ၅ ရာခိုင်နှုန်းသာ ကောက်ခံခြင်း၊ ခွဲတမ်းသတ်မှတ်ထားမှု မရှိခြင်းတို့ကြောင့် ရောင်းချသူ များ အဆင်ပြေကြောင်း ဦးမျိုးသူ ရအေးကပြောသည်။

တရုတ်နိုင်ငံက အရက်ချက် လုပ်ရန်၊ တိရစ္ဆာန်အစားအစာ များနှင့် စက်မှုကုန်ကြမ်းများအ တွက် ဆန်ကွဲနှင့် ပြောင်းဖူးစေ့ကို ပြည်ပမှ တင်သွင်းခြင်းဖြစ်သည်။

၂၀၁၈-၁၉ ဘဏ္ဍာနှစ် ရှစ် လအတွင်း ပြည်ပသို့ ဆန်ကွဲတန် ချိန် ၂၇၀,၀၀၀ ကျော် တင်ပို့ထား ပြီး ပို့ကုန်တန်ဖိုး ဒေါ်လာ ၇၄ သန်းကျော်ရှိသည်။  လက်ရှိတွင် ဆန်ကွဲကို ဥရောပနိုင်ငံများသို့ အများဆုံး တင်ပို့ရောင်းချနေသည်။

No comments:

Post a Comment