Monday, June 10, 2019

ထိုင်းရေနံကုမ္ပဏီ PTT နှင့် ကမ္ဘောဇကုမ္ပဏီအုပ်စု ပူးပေါင်း၍ စက်သုံးဆီဆိုင် ၇၀ ဖွင့်မည် စက်သုံးဆီနှင့် မီးဖိုချောင်သုံး ဓာတ်ငွေ့ရည်သိုလှောင်ကန်များတွင်လည်း ရင်းနှီးမြှုပ်နှံမည်

ထိုင်းရေနံကုမ္ပဏီ PTT နှင့် ကမ္ဘောဇကုမ္ပဏီအုပ်စုတို့ ပူးပေါင်း၍ ပြည်တွင်း၌ စက်သုံးဆီဆိုင် ၇၀ ဖွင့်လှစ်မည်ဖြစ်ပြီး ဆီလှောင်ကန်နှင့် မီးဖိုချောင်သုံး ဓာတ်ငွေ့ရည်(LPG) သိုလှောင်ကန်များတွင်လည်း ရင်းနှီးမြှုပ်နှံလုပ်ကိုင်မည်ဖြစ်သည်။ ဓာတ်ငွေ့ရည်သိုလှောင်ကန်များကို သီလဝါ၌ တည်ဆောက်မည်ဖြစ်ပြီး လုပ်ငန်းအားလုံးအတွက် ကန်ဒေါ်လာ သန်း ၂၀၀ ရင်းနှီးမြှုပ်နှံမည်ဟု ဇွန်လ ၉ ရက်တွင် ကျင်းပသည့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု အခမ်းအနား၌ ထုတ်ပြန်သည်။ သိုလှောင်ကန်များကို ၂၀၂၀ တွင် အပြီးတည်ဆောက်မည်ဖြစ် ပြီး PTT တံဆိပ်ပါ စက်သုံးဆီဆိုင် ၇၀ ကို ၂၀၂၃ မတိုင်မီ နိုင်ငံအနှံ့ တွင် ဖွင့်လှစ်မည်ဟုဆိုသည်။



‘‘စက်သုံးဆီကဏ္ဍက အရေး ကြီးတဲ့ ကဏ္ဍတစ်ခုမှာ ရှိနေပါ တယ်။ နိုင်ငံမှာ လိုအပ်တဲ့ပမာဏ ကို သိုလှောင်ထားနိုင်ဖို့၊ နိုင်ငံတ ကာ သင်္ဘောကြီးတွေ ဝင်ထွက် သွားလာနိုင်ဖို့ ဆိပ်ကမ်းကြီးတွေ တည်ဆောက်ထားနိုင်ဖို့ အရေး ကြီးပါတယ်။ ဒီကဏ္ဍကို အစိုးရက သာ ဆောင်ရွက်နေတာမဟုတ်ဘဲ နဲ့ ပုဂ္ဂလိကကဏ္ဍနဲ့ ပူးပေါင်းပြီး တော့ ဆောင်ရွက်နေတာပါ’’ ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်းက ပြောသည်။

အဆိုပါ စက်သုံးဆီအရောင်း ဆိုင်များတွင် Cafe' Amazon ကော်ဖီဆိုင်၊ မီနီမတ်၊ ကားအင် ဂျင်ဝိုင်ဆားဗစ်၊ ငွေလဲကောင်တာ နှင့် နားနေခန်းများလည်း ပါဝင် မည်ဟုဆိုသည်။

‘‘ယခင်က ကမ္ဘောဇအုပ်စု ပိုင် နီလာရိုးမစက်သုံးဆီဆိုင်များ ကို နိုင်ငံအနှံ့အပြားမှာ ဖွင့်လှစ်ပြီး လက်လီရောင်းချခဲ့ရာမှ ယခုစက် သုံးဆီကဏ္ဍက လက်လီအဆင့်မှ လက်ကားအဆင့် တိုးတက်အ ဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်’’ဟု ကမ္ဘောဇအုပ်စု အကြီးတန်းအုပ်ချုပ်မှုဒါရိုက်တာ ဦးညိုမြင့်က ပြောသည်။

ကမ္ဘောဇကုမ္ပဏီအုပ်စု လက်အောက်မှ Brighter Energyကုမ္ပဏီအနေဖြင့် ထိုင်း PTT နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ် သည်ဟု ၎င်းက ဆိုသည်။

နိုင်ငံအတွင်း စက်သုံးဆီဈေး တည်ငြိမ်ရေးသည် နိုင်ငံစီးပွားရေး တည်ငြိမ်ရေး များစွာအထောက် အကူပြုသောကြောင့် စက်သုံးဆီ ဈေးတည်ငြိမ်ရန် နိုင်ငံတကာမှ စက်သုံးဆီဆိုင်များ ဖွင့်လှစ်ခွင့် ပေးခြင်းဖြစ်သည်ဟု ဦးဖြိုးမင်း သိန်းက ဆိုသည်။

ထိုင်း PTT သည် ရေနံနှင့် LPG ဖြန့်ချိရေးကုမ္ပဏီတစ်ခုဖြစ် ပြီး ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို နှင့် ဖိလစ်ပိုင်နိုင်ငံတို့တွင် စက်သုံး ဆီဆိုင် ၂,၀၀၀ ကျော် ဖွင့်လှစ်ထားသည်။ မြန်မာနိုင်ငံတွင် စက်သုံးဆီ ကဏ္ဍ၌ တရုတ်နိုင်ငံမှ CNPC ကုမ္ပဏီက ပိုင်ဆိုင်သည့် စင်ကာပူ နိုင်ငံအခြေစိုက် SPC က ရွှေ တောင်ကုမ္ပဏီနှင့် ပူးပေါင်းကာ လက်လီစက်သုံးဆီအရောင်းဆိုင် များ ဖွင့်လှစ်လုပ်ကိုင်နေသည်။ ထို့အပြင် စင်ကာပူနိုင်ငံအခြေ စိုက် PUMA က စက်သုံးဆီလက် ကားရောင်းချခြင်းနှင့် စက်သုံးဆီ သိုလှောင်ကန်တို့ ရင်းနှီးမြှုပ်နှံ ထားသည်။

No comments:

Post a Comment