Monday, June 10, 2019

ဗုံးခွဲမှုများကို စုံစမ်းစစ်ဆေးမှုနှင့်ပတ်သက်၍ သီရိလင်္ကာအမတ်များနှင့် သမ္မတ အချေအတင်ဖြစ်

အီစတာအသေခံဗုံးခွဲ မှုများမတိုင်မီ လုံခြုံရေးလျော့ရဲ ပျက်ကွက်မှုများအပေါ် အငြင်း ပွားဖွယ် စုံစမ်းစစ်ဆေးမှုကို မဖျက်ဆီးရန် သီရိလင်္ကာလွှတ်တော်က သမ္မတ မိုင်သီရိပါလာသီရိဆီနာ အား သတိပေးကြောင်း လွှတ်တော်ဥက္ကဋ္ဌရုံးက ပြောသည်။ လွှတ်တော်စုံစမ်းစစ်ဆေးမှု တွင် ပူးပေါင်းမည်မဟုတ်ကြောင်း နှင့် PSC ကော်မတီရှေ့မှောက် တွင် သက်သေခံထွက်ဆိုရန် ကာ ကွယ်ရေး (သို့မဟုတ်) ရဲအရာရှိ များကို ခွင့်ပြုမည်မဟုတ်ကြောင်း သီရိဆီနာက ပြောကြားပြီးနောက် ယခုသတိပေးချက် ထွက်ပေါ်လာ ခြင်းဖြစ်သည်။

နို
င်ငံခြားသား ၄၅ ဦး အပါ အဝင် လူ ၂၅၈ ဦး သေဆုံးပြီး ၅၀၀ ခန့် ဒဏ်ရာရသော ဧပြီ ၂၁ ရက် ဗုံးခွဲတိုက်ခိုက်မှုများအပေါ် လွှတ်တော်၏ စုံစမ်းစစ်ဆေးမှုကို ဆန့်ကျင်ကန့်ကွက်ရန် သမ္မတ သည် ဇွန်လ ၇ ရက် ညက ဝန်ကြီး အဖွဲ့ အရေးပေါ်အစည်းအဝေး ကျင်းပခဲ့သည်။

‘‘PSC က ဆင့်ခေါ်တဲ့ ဘယ် ပြည်သူ့ဝန်ထမ်းမဆို သက်သေ ထွက်ဆိုဖို့ တာဝန်ရှိပါတယ်’’ဟု လွှတ်တော်ဥက္ကဋ္ဌ ကာရူဂျာယာဆူရီယာက ပြောသည်။

‘‘တုံ့ပြန်ဖို့ပျက်ကွက်ရင် ပြင်းထန်လေးနက်တဲ့ အကျိုးဆက် တွေ ရှိမယ်ဆိုတာ အရာရှိတွေ အပြည့်အဝသတိထားမိပါတယ်’’ ဟု ၎င်းက ထပ်လောင်းပြောသည်။

 ၎င်းအနေဖြင့် PSC ကို နောက်ဆုတ်မည်မဟုတ်ကြောင်း နှင့် လူသိရှင်ကြား ဆက်လက်စစ်ဆေး ကြားနာမည်ဖြစ်ကြောင်း ဆူရီယာက သီရိဆီနာသို့ အတိအလင်းပြသခဲ့သည်ဟု လွှတ် တော်ဥက္ကဋ္ဌရုံး တာဝန်ရှိသူများက ပြောသည်။

သမ္မတသည် ဗုံးခွဲမှုများ ပြု လုပ်ခဲ့သော အစ္စလာမ်မစ်အစွန်း ရောက်များထံမှ ခြိမ်းခြောက်မှုကို အကဲဖြတ်သုံးသပ်ရေး ပုံမှန်လုံခြုံ ရေးအစည်းအဝေး ပျက်ကွက်ခဲ့ကြောင်း ရာထူးမှ ဖြုတ်ချခံရသည့် အမျိုးသားထောက်လှမ်းရေး အ ကြီးအကဲ စီစီရာမန်ဒစ်က ပြော ကြားသည်။

No comments:

Post a Comment