Monday, June 10, 2019

အွန်လိုင်းစနစ်ဖြင့် တစ်လလျှင် ကုမ္ပဏီအသစ် ၁,၄၀၀ ကျော် မှတ်ပုံတင်

အွန်လိုင်းစနစ် အသုံးပြု ပြီးနောက် တစ်လလျှင် ကုမ္ပဏီ အသစ် ၁,၄၀၀ ကျော် မှတ်ပုံတင် နေပြီး လက်ရှိတွင် တစ်နိုင်ငံလုံး၌ ကုမ္ပဏီ ၆၄,၀၀၀ ကျော်ရှိပြီဖြစ် ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သော စာရင်းများတွင် ဖော်ပြ ထားသည်။  ကုမ္ပဏီဥပဒေသစ်အရ ၂၀၁၈ ဩဂုတ်ကစတင်ကာ ကုမ္ပဏီများ အွန်လိုင်းမှ ပြန်လည် မှတ်ပုံတင်ရပြီး ကုမ္ပဏီအ ဟောင်း ၄၆,၀၀၀ ကျော် စာရင်း တင်သွင်းခဲ့သည်ဟု အဆိုပါဌာန က ထုတ်ပြန်သည်။



ကုမ္ပဏီအသစ် မှတ်ပုံတင် ရာတွင် ဘဏ္ဍာနှစ်အပြောင်းအလဲ ပြုလုပ်သည့် ၂၀၁၈ စက်တင်ဘာ တွင် အမြင့်ဆုံးဖြစ်ပြီး တစ်လ တည်း ကုမ္ပဏီ ၂,၂၀၀ ကျော်မှတ်ပုံတင်ခဲ့သည်။

‘‘ကုမ္ပဏီမှတ်ပုံတင်တာများ လာတယ်ဆိုတာ နိုင်ငံမှာ စီးပွား ရေး တိုးတက်လာတယ်ဆိုတာ ပြတာပဲ။ ကုမ္ပဏီတွေ မှတ်ပုံတင် တာမရှိတော့ဘူးဆိုရင် တိုင်းပြည် က စီးပွားရေးမတိုးတက်ဘူးဆို တာ ပြတာပဲ’’ဟု ကုမ္ပဏီနှင့် စီးပွားရေးဆိုင်ရာ အကြံပေးလုပ်ကိုင်သူ ဦးဝဏ္ဏကျော်က ပြောသည်။

မှတ်ပုံတင်ရာတွင် ကုမ္ပဏီ အမျိုးအစားခွဲခြားထားမှု မရှိခြင်း နှင့် ဥပဒေအသစ်တွင် ကုမ္ပဏီ၏ စီးပွားရေးရည်မှန်းချက်ကို ထည့် သွင်းရန် မလိုခြင်း၊ ပြည်တွင်း၊ ပြည်ပကုမ္ပဏီဟူ၍ မခွဲခြားခြင်း တို့ကြောင့် ကုမ္ပဏီက လုပ်ငန်း အစီရင်ခံစာ တင်ပြမှသာ စီးပွား ရေးလုပ်ငန်းကို ခွဲခြားနိုင်မည်ဟု အဆိုပါဌာန ညွှန်ကြားရေးမှူး ဦးမျိုးမင်းကပြောသည်။

နှစ် (၁၀၀)ကျော်ကြာမြင့်နေ သည့် ကုမ္ပဏီဥပဒေကို ၂၀၁၄ တွင် အသစ် ပြင်ဆင်ရေးဆွဲပြီး၂၀၁၇ တွင် အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့သည်။ ထိုဥပဒေ၌ စီးပွားရေး လုပ်သာကိုင်သာရှိရေး ဖြေလျှော့မှု အများအပြားပြုလုပ်ထား ကြောင်းဌာနကပြောကြားသည်။

အွန်လိုင်းစနစ်သုံး ကုမ္ပဏီ မှတ်ပုံတင်စနစ် (MyCo) ကို ၂၀၁၈ ဩဂုတ် ၁ ရက်တွင် စတင် ကျင့်သုံးခဲ့သည်။ ထိုစနစ်အရ ကုမ္ပဏီများ ပြန်လည်မှတ်ပုံတင်ရ ပြီး အသစ်လျှောက်သူများလည်း အွန်လိုင်းမှ တိုက်ရိုက်လျှောက် ထားရသည်။ ထို့အပြင် မေလလယ်တွင် ကုမ္ပဏီ ၁၇၀ ကို ဆန္ဒအလျောက် ဖျက်သိမ်းခြင်းခေါင်းစဉ်ဖြင့် အ ထက်ပါဦးစီးဌာနက ဖျက်သိမ်း ကြောင်း ထုတ်ပြန်ကြေညာသည်။

No comments:

Post a Comment