Monday, June 10, 2019

သြစတြေးလျနိုင်ငံသူ ဘာတီ ပြင်သစ်အမျိုးသမီးအိုးပင်း ပထမအကြိမ်ဆွတ်ခူး

 ပြင်သစ်အမျိုးသမီးအိုးပင်း ဗိုလ်လုပွဲတွင် သြစတြေးလျနိုင်ငံ သူ အက်ရှ်လေဘာတီ (၂၃) နှစ် က ချက်နိုင်ငံမှ ဆယ်ကျော်သက် မာကီတာဗွန်ဒရောဆိုဗာကို အ နိုင်ရကာ ပထမဆုံးဂရင်းဆလမ် ဆုဖလား ဆွတ်ခူးခဲ့သည်။ ပါရီမြေစေးကွင်းတွင် နိုင် ခြေအဆင့် (၈)ရှိသူ ဘာတီက အသက် (၁၉) နှစ်အရွယ် မာကီ တာကို ၆-၁၊ ၆-၃ ဖြင့် အနိုင်ရရှိ သည်။ ဘာတီသည် ပရော်ဖက်ရှင် နယ် ခရစ်ကတ်ကစားရန် ၂၀၁၄ က တင်းနစ်လောကမှ နုတ်ထွက် ခဲ့ပြီး ၁၇ လအကြာတွင် တင်းနစ် လောကသို့ ပြန်လည်ဝင်ရောက် ခဲ့သည်။


ယခုအခါ ဘာတီအနေဖြင့် ၁၉၇၃ က မာဂရက်ကော့တ် နောက်ပိုင်း ရိုလန်ဂါးရို့စ်တစ်ဦး ချင်းဆုဖလား ဆွတ်ခူးနိုင်ခဲ့သော ပထမဆုံး သြစတြေးလျနိုင်ငံသူ ဖြစ်လာသည်။

‘‘ဒါက မယုံကြည်နိုင်စရာပါ။  ဘာပြောရမှန်းတောင် မသိဘူး။ ပြီးပြည့်စုံတဲ့ပွဲတစ်ပွဲ ကျွန်မကစားခဲ့ပါတယ်။ ဒီပြိုင်ပွဲက သြစတြေးလျ တင်းနစ်မယ်တွေအ တွက် အထူးနေရာတစ်ခုပါ။ ရရှိခဲ့တဲ့ အောင်မြင်မှုအပေါ် ကျွန်မဂုဏ်ယူမဆုံးပါဘူး’’ဟု ဘာတီက ပြောသည်။

ဘာတီသည် လာမည့်သီ တင်းပတ်၌ ထုတ်ပြန်မည့် ကမ္ဘာ့ အဆင့်သတ်မှတ်ချက်တွင် အ ဆင့် (၂) နေရာသို့ ရောက်လာ မည်ဖြစ်ပြီး ယင်းမှာ ၁၉၇၆ က အီဗွန်နီဂိုလာဂေါင်းကော်လေး နောက်ပိုင်း ကမ္ဘာ့အဆင့်အမြင့် ဆုံး သြစတြေးလျတင်းနစ်မယ် ဖြစ်လာမည်ဖြစ်သည်။ ရှုံးနိမ့်သော်လည်း မာကီတာက လက်ရှိအဆင့်(၃၈)မှ ထိပ်ဆုံး ၂၀ စာရင်းအတွင်းသို့ ပထမဆုံးအကြိမ် ဝင်ရောက်နိုင်မည်ဖြစ်သည်။

No comments:

Post a Comment