Monday, June 10, 2019

ကျားခေါင်းက ဒီချုပ်ကို ကန့်ကွက်သည့် ရွေးကောက်ပွဲအယူခံအမိန့်ချတော့မည်

၂၀၁၈ ကြားဖြတ်ရွေး ကောက်ပွဲတွင် မန္တလေးတိုင်း ရှမ်း တိုင်းရင်းသားရေးရာ ကိုယ်စား လှယ်အဖြစ် အနိုင်ရရှိသော ဒီချုပ် ပါတီဝင် ဦးစိုင်းပန်းဆိုင်ကို ကန့်ကွက်လွှာတင်သွင်းထားမှု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မ ရှင်ခုံအဖွဲ့က ဇွန်လ ၁၃ ရက်တွင် အမိန့်ချမှတ်မည်ဖြစ်သည်။  အဆိုပါကန့်ကွက်မှုနှင့်ပတ် သက်၍ ယခုလ ၇ ရက်က ပြုလုပ် သည့် ရုံးချိန်းတွင် ကန့်ကွက်လွှာ တင်သွင်းသူနှင့် တင်သွင်းခံရသူ တို့ နှစ်ဖက်အပြီးသတ်လျှောက်လဲ ချက်တင်ပြပြီး လာမည့် ရုံးချိန်း၌ အမိန့်ချမှတ်ရန် စီစဉ်ထား ကြောင်း ကန့်ကွက်လွှာတင်သွင်း သူ ဒေါ်နန်းထွေးမှုံက ပြောသည်။



ရှမ်းတိုင်းရင်းသားများဒီမို ကရေစီအဖွဲ့ချုပ်(SNLD) ပါတီ ဝင် ဒေါ်နန်းထွေးမှုံသည် ပြီးခဲ့သည့်ကြားဖြတ်ရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်း ရင်းသားရေးရာ ကိုယ်စားလှယ်  လောင်း (မန္တလေးတိုင်းအစိုးရ အဖွဲ့၊ ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီးလောင်း)အဖြစ် ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိသူ ဒီချုပ်ပါတီဝင် ဦးစိုင်း ပန်းဆိုင်ကို ဆန္ဒမဲ ၂,၅၀၀ ကျော်အကွာဖြင့် ရှုံးနိမ့်ကာ ဒုတိယမဲအများဆုံးရသူအဖြစ် ရပ် တည်ခဲ့သည်။ 
သို့သော် အနိုင်ရရှိသူ ဦးစိုင်း ပန်းဆိုင်သည် ရွေးကောက်ပွဲအ သုံးစရိတ်မမှန်မကန်တင်ပြခြင်း၊ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေး ကာလပြီးဆုံးချိန်တွင် မဲဆွယ်ခြင်း စသည်တို့အပါအဝင် ရွေးကောက် ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်မှုများ ဆောင်ရွက်သည်ဆိုကာ ဒေါ်နန်း ထွေးမှုံက ကန့်ကွက်လွှာတင်သွင်း ခဲ့သည်။

ယင်းနှင့်ပတ်သက်၍ ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင်အဖွဲ့ဝင် ဦးအောင်မြင့် ဦး ဆောင်သော ခုံအဖွဲ့က နှစ်ဖက် သက်သေများကို ရုံးချိန်း ၁၆ ကြိမ် ခန့် စစ်ဆေးထားသည်။ ရုံးချိန်း များတွင် ကန့်ကွက်လွှာတင်သွင်း ထားသည့် အကြောင်းအရာများ မှန်ကန်ကြောင်း သက်သေပြနိုင် ခဲ့သည်ဟု ယုံကြည်ကြောင်း ဒေါ်နန်းထွေးမှုံက ဆိုသည်။

‘‘ကော်မရှင်က အမှန်တရား အတိုင်း ဆုံးဖြတ်ပေးမယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်’’ ဟု ၎င်းက ပြောသည်။ ကော်မရှင် အနေဖြင့် ကန့်ကွက်လွှာအမှုများ ကို စစ်ဆေးတွေ့ရှိပေါ်ပေါက် ချက်အတိုင်း ဥပဒေနှင့်အညီ ဆုံး ဖြတ်မည်ဖြစ်ကြောင်း ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောသည်။

၂၀၁၈ ကြားဖြတ်ရွေး ကောက်ပွဲရလဒ်အပေါ် ကန့်ကွက် လွှာတင်သွင်းမှုနှစ်မှုသာရှိပြီး ဆိပ်ကမ်းမြို့နယ်ကန့်ကွက်လွှာအမှု တွင် ကန့်ကွက်လွှာတင်သွင်းသူ ဒီချုပ်ကိုယ်စားလှယ်လောင်း ဦးသန်းထိုက်အောင်ကို ကော်မ ရှင်က အနိုင်ပေးခဲ့သည်။ ကျန်ရှိနေသည့် အမှုတွင် ကန့်ကွက်လွှာတင်သွင်းသူကို အနိုင်ပေးပါက ရွေးကောက်ပွဲ၌ ဒုတိယမဲအများဆုံးရသည့် ကန့် ကွက်သူ ဒေါ်နန်းထွေးမှုံသည် မန္တလေးတိုင်းအစိုးရအဖွဲ့ ရှမ်း တိုင်းရင်းသားရေးရာ ဝန်ကြီးဖြစ် မည်ဖြစ်သည်။ သို့သော် ကန့် ကွက်မှုမမှန်ကန်ကြောင်း ဆုံးဖြတ် ပါက ဒီချုပ်ပါတီဝင် ဦးစိုင်းပန်း ဆိုင်က ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီးအဖြစ် ဆက်လက်တာဝန် ထမ်းဆောင်ရမည်ဖြစ်သည်။

No comments:

Post a Comment