Monday, June 10, 2019

သဘာဝဓာတ်ငွေ့ အသုံးပြုမှု မြင့်တက်လာခြင်းကြောင့် ပတ်ဝန်းကျင် ထိန်းသိမ်းသူများက အပြင်းအထန် စိုးရိမ်နေကြ

ကမ္ဘာတစ်ဝန်းမှ ဝယ်လိုအားများ ထိုးတက်လာခြင်းကြောင့် ၂၀၁၈ ခုနှစ်သည် သဘာဝဓာတ်ငွေ့အတွက် ‘ရွှေနှစ်’ ဟုဆိုရမည်ဟု အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) က ဇွန် ရရက်တွင် ထုတ်ပြန်ခဲ့သည်။ ယင်းထုတ်ပြန်ချက်ကြောင့် ကမ္ဘာပေါ်တွင် ရေပန်းအစားဆုံးဖြစ်လာသည့် လောင်စာသစ်ကြောင့် ရာသီဥတုကို သက်ရောက်မှုနှင့် ပတ်သက်၍ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းသည့်အဖွဲ့များထံမှ စိုးရိမ်မှုများမြင့်တက်လာ ခဲ့သည်။

ပြီးခဲ့သည့်နှစ်က သဘာဝဓာတ်ငွေ့ဝယ်လိုအားသည် ၄.၆ ရာခိုင် နှုန်းမြင့်တက်လာခဲ့ရာ ယင်းသည် ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း အမြန်ဆုံးနှုန်းထားဖြစ်သည်။ ထို့ပြင် ကမ္ဘာတစ်ဝန်းမှ စွမ်းအင်သုံးစွဲမှု ဘက်စုံမြင့်တက်လာခြင်း၏ ထက်ဝက်နီးပါးမှာ သဘာဝဓာတ်ငွေ့ကြောင့် ဖြစ်သည်ဟု IEA နှစ်ပတ် လည်အစီရင်ခံစာအရ သိရသည်။

သဘာဝဓာတ်ငွေ့သည် ကျောက်မီးသွေးထက် သန့်ရှင်းသည်ဟုဆိုသော်လည်း လူလုပ်ကာ ဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှုများထဲတွင် ပါဝင်သောတွင်းထွက်လောင်စာ တစ်မျိုးဖြစ်နေဆဲဖြစ်သည်။ သဘာဝဓာတ်ငွေ့အသုံးပြုမှုမြင့်တက်လာခြင်းကြောင့် အမေရိကန်၌ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုမှာ သိ သိသာသာ မြင့်တက်လာခဲ့သည်။ တရုတ်၌လည်း ကျောက်မီးသွေးအပြင် အခြားရွေးချယ်စရာ ဖြစ်လာသည့် သဘာဝဓာတ်ငွေ့အပေါ် လိုအပ်ချက် မြင့်တက်လျက်ရှိသည်။


‘‘၂၀၁၈ ခုနှစ်မှာ သဘာဝဓာတ်ငွေ့ဟာ စွမ်းအင်အတွက် ထူးခြားတဲ့နှစ်တစ်နှစ်ရဲ့ အဓိကအခန်းကဏ္ဍဍကနေ ပါဝင်ခဲ့ပါတယ်’’ ဟု IEA ၏ အမှုဆောင်ဒါရိုက်တာဖြစ်သူ ဖာတီဘီရိုက ပြောကြားခဲ့သည်။

‘‘ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်သုံးစွဲမှုဟာ ဆယ်စုနှစ်အတွင်း အမြန်ဆုံးနှုန်းနဲ့ မြင့်တက်ခဲ့ပါတယ်။ အဲဒီ မြင့်တက်မှုထဲက ၄၅ ရာခိုင်နှုန်းဟာ သဘာဝဓာတ်ငွေ့ကြောင့်ဖြစ်ပြီး အခြားဘယ်လောင်စာထက်မဆို ပိုများပါတယ်’’ ဟု ゞင်းက ဖြည့်စွက် ပြောကြားခဲ့သည်။

လေထုညစ်ညမ်းမှုလျှော့ချရာတွင် သဘာဝဓာတ်ငွေ့သည် ကဏ္ဍဍတစ်ရပ်အနေနှင့် ပါဝင်ကူညီလျက်ရှိပြီး ယင်းကြောင့် ဖန်လုံအိမ်အာနိ သင်ရှိဓာတ်ငွေ့များထွက်ရှိမှု မြင့် တက်လာခြင်းကို အကန့်အသတ် ဖြစ်စေခဲ့သည်ဟု ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်အာဏာပိုင်အဖွဲ့ဖြစ်သည့် IEA က ဆိုသည်။

သို့သော် သဘာဝပတ်ဝန်းကျင်နှင့် စွမ်းအင်နယ်ပယ်မှ စောင့်ကြည့်သူများကမူ သဘာဝဓာတ် ငွေ့အသုံးပြုမှု မြင့်မားလာခြင်းသည် ကမ္ဘာ့ရာသီဥတုအပေါ် ကြောက်မက်ဖွယ် သက်ရောက်မှု ဖြစ်ပေါ်စေသည်ဟု ဆိုကြသည်။ထို့ပြင် တွင်းထွက်လောင်စာအသုံး ပြုမှုသည် ကာလတစ်လျှောက်လုံး ၌ အမြင့်ဆုံးဖြစ်နေသဖြင့် လျှော့ချရန်လိုအပ်ကြောင်း သိပ္ပံနည်းကျ သတိပေးချက်များလည်း ထွက်ပေါ်လျက်ရှိသည်။

‘‘IEA ဟာ မြင်းတစ်ကောင်ဆိုရင် သဘာဝဓာတ်ငွေ့ဟာ မြင်းရဲ့မျက်လုံးဖုံးဖြစ်နေပြီး အဲဒီမြင်းဟာ ရာသီဥတုဘေးအန္တရာယ် ချောက်ကမ်းပါးကို တစ်ဟုန်ထိုး ပြေးနေတာဖြစ်ပါတယ်’’ ဟု Oil Change International မှ အကြီးတန်းလေ့လာရေးသုတေသီ လော်နီစတော့မန်က ပြောကြားခဲ့သည်။

‘‘သဘာဝဓာတ်ငွေ့ဟာ မသန့်ရှင်းသလို ဈေးလည်းမပေါဘူး။ မရှိမဖြစ်လည်း မဟုတ်ပါဘူး’’ ဟု ゞင်းက ပြောကြားသွားခဲ့သည်။

■ ရာသီဥတုဆိုးရွားတဲ့နှစ်

ကမ္ဘာကြီး၏ အပူချိန်မြင့်တက်မှုကို နှစ်ဒီဂရီဆဲစီးယပ်စ်အောက်တွင် ကန့်သတ်ထားရန်နှင့် ဖြစ်နိုင်ပါက ၁.၅ ဒီဂရီဆဲစီးယပ်စ်၌ ကန့်သတ်ရန် ကမ္ဘာ့နိုင်ငံများသည် ၂၀၁၅ ခုနှစ်က ပါရီရာသီဥတု သဘောတူညီချက်အတွက် ကတိ ပြုခဲ့ကြသည်။

ထိုသို့ ၁.၅ ဒီဂရီဆဲစီးယပ်စ်၌ ကန့်သတ်ထားနိုင်ရေးအတွက် အကောင်းဆုံးနည်းလမ်းမှာ သဘာဝ ဓာတ်ငွေ့အသုံးပြုမှုကို ၂၀၃၀ ပြည့်နှစ်တွင်  လေးပုံတစ်ပုံ၊ ၂၀၅၀ ပြည့်နှစ်တွင် ၇၄ ရာခိုင်နှုန်း လျှော့ချရ မည်ဖြစ်သည်ဟု ရာသီဥတု ပြောင်း လဲမှုဆိုင်ရာ ကုလသမဂ္ဂအစိုးရများ အဖွဲ့ (IPCC) က ယမန်နှစ်တွင် ထုတ်ပြန်ခဲ့သည်။

ထိုစဉ် IEA က သဘာဝဓာတ်ငွေ့သုံးစွဲမှုသည် အနည်းဆုံး ၂၀၂၄ ခုနှစ်အထိ နှစ်စဉ်ပျမ်းမျှအားဖြင့် ၁.၆ ရာခိုင်နှုန်း မြင့်တက်သွားလိမ့်မည်ဟု ခန့်မှန်းကြောင်း ဆိုသည်။ အဆိုပါခန့်မှန်းချက်သည် IPCC မှ ချမှတ်ထားသည့် ဓာတ်ငွေ့ထုတ်လုပ်မှုဆိုင်ရာ စိတ်မှန်းအနာဂတ် ဖြစ်နိုင်ခြေနှင့် လုံးလုံးကွာခြား လျက်ရှိသည်ဟု Global Witness မှ ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာ အကြီးတန်းစည်းရုံးသူ မူရေး ဝေါ့သီကဆိုသည်။ ‘‘သဘာဝဓာတ်ငွေ့အတွက် ရွှေနှစ်ဆိုတာ သဘာဝပတ်ဝန်းကျင်အတွက် ဆိုးရွားတဲ့နှစ် တစ်နှစ်ဆိုတဲ့ အဓိပ္ပာယ်ပါ’’ ဟု ゞင်းက ပြောကြားခဲ့သည်။

ယခုထွက်ရှိလာသည့် IEA ၏အစီရင်ခံစာမှာ အလွန်စိုးရိမ်စရာ ကောင်းနေသည်ဟု Extinction Rebellion အုပ်စုမှ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရှေ့နေတစ်ဦးဖြစ်သည့် ဖာဟာနာယာမင်က ပြောကြားခဲ့သည်။ ゞင်းတို့အုပ်စုသည် ဧပြီလက လန်ဒန်၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်ပတ်သက်ပြီး မကြံစဖူး ဆန္ဒပြမှုများလုပ်ဆောင်ခဲ့သည်။

‘‘ဒီလိုညစ်ညမ်းစေတဲ့ လောင်စာဟာ ဘယ်လိုမှ သန့်ရှင်းမလာနိုင်သလို ရာသီဥတုတွေ ကသောင်းကနင်းဖြစ်ဖို့ အဓိကလှုံ့ဆော်နေတဲ့ အရာဖြစ်ပါတယ်။ သဘာဝဓာတ်ငွေ့ဟာ ပိုမိုသန့်ရှင်းတဲ့စွမ်းအင်ကို သွားဖို့ လမ်းကြောင်းထဲက တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ယုံကြည်အောင် ပြောဆိုနေမှုတွေဟာ တော်တော်လေးကို လမ်းလွဲနေတာပါ’’ ဟု ゞင်းက ဆိုသည်။
■ အနာဂတ်မရှိသည့် တွင်းထွက်လောင်စာများ
တရုတ်နိုင်ငံတွင် အစိုးရသည် ကျောက်မီးသွေးအသုံးပြုမှုကို ထိန်းချုပ်နေသဖြင့် ပြည်တွင်း ဓာတ်ငွေ့ သုံးစွဲမှုသည် ၁၈.၁ ရာခိုင်နှုန်း မြင့်တက်လာသည်။ ထိုသို့အကြောင်းရင်းများကြောင့် အမေရိကန်မှ တစ် နှစ်လျှင် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုနှုန်းထားသည် ၁၁.၅ ရာခိုင်နှုန်းမြင့်တက်လာခဲ့သည်။ ယင်းသည် ၁၉၅၁ ခုနှစ်နောက်ပိုင်း အမြင့်ဆုံး တိုးတက်မှုနှုန်းဖြစ်သည်။

တစ်ဖက်တွင်လည်း ဈေးကွက် အေးလာပြီဆိုသည့် အရိပ်အယောင်များလည်း ရှိနေသည်။ IEA ၏ အ စီရင်ခံစာထဲတွင် ရောင်းလိုအားပိုလျှံမှုကြောင့် ဈေးနှုန်းများကျဆင်းလာပြီး ရင်းနှီးမြှုပ်နှံသူတို့၏ စိတ်ဝင်စားမှုမှာ အားနည်းနေသည်ဟု ထောက်ပြခဲ့သည်။ ၂၀၁၈ ခုနှစ်အတွင်းက သဘာဝဓာတ်ငွေ့အသုံးပြုမှုသည် ကာဗွန်ထုတ်လွှတ်မှုကို ရာခိုင်နှုန်း ၄၀ ခန့်မြင့်တက်လာနိုင်စေသည့် ကျောက်မီးသွေးတန်ချိန် ၆၀ ခန့် လောင်ကျွမ်းရမည့်အရေးကို တားမြစ်ပေးနိုင်ခဲ့သည်ဟု IEA က ပြောခဲ့သည်။

No comments:

Post a Comment