Monday, June 10, 2019

Brexit ကျေအေးငွေကို မပေးဘဲ ဆက်ထိန်းထားမည်ဟု ဘောရစ်ဂျွန်ဆင် ပြောကြား

 ဇွန် ၇ ရက်က လန်ဒန်ရှိ နေအိမ်တစ်လုံးမှ ထွက်လာသော ကွန်ဆာဗေးတစ်အမတ် ဘောရစ်ဂျွန်ဆင်ျဗိတိန္ဝန္ျကီးခ်ုပ္ထရီဆာေမ၏ နေရာအား ဆက်ခံနိုင်ခြေအများဆုံးသူဟု ရေပန်းစားနေသည့် ဘောရစ်ဂျွန်ဆင်က ဥရောပသမဂ္ဂအနေနှင့်  ပိုမိုကောင်းမွန်သည့် နုတ်ထွက်ရေးအခြေအနေများကို သဘောတူပေးနိုင်ခြင်းမရှိပါက ဗြိတိန်ဘက်မှ Brexit ကျေအေးငွေပေးရမည့်အရေးကို ゞင်းင်းဘက်မှ လက်ခံမည်မဟုတ်ဟု ဇွန် ၈ ရက်က ပြောကြားခဲ့သည်။ ဇွန် ၇ ရက်က ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်နေရာမှ နုတ်ထွက်သွားခဲ့သော မေ၏ နေရာတွင် အစားဝင်ရန် ယှဉ်ပြိုင်သူများအနက် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဘောရစ်ဂျွန်ဆင်မှာ အခြေအနေ အကောင်းဆုံးဖြစ်နေသည်။
ဥရောပသမဂ္ဂထဲမှ ဗြိတိန်ခွဲခွာရန် လက်ရှိသဘောတူညီချက်ထဲ၌ ပါဝင်သော အိုင်ယာလန်နယ်စပ် အရေးကိစ္စနှင့်ပတ်သက်သည့် အငြင်းပွားဖွယ် ပြဋ္ဌဌာန်းချက်ကိုလည်း ဖျက်ပစ်မည့်အကြောင်း ဂျွန်ဆင်က အရိပ်အခြေပြခဲ့သေးသည်။

“ရှေ့ဆက်သွားရမယ့်လမ်းအတွက် ကျွန်တော်တို့ဘက်မှာ ပိုပြီး ရှင်းရှင်းလင်းလင်း မဖြစ်သရွေ့ ငွေတွေကို ဆက်လက်ထိန်းသိမ်းထားမှာဖြစ်တဲ့အကြောင်း ကျွန်တော်တို့ မိတ်ဆွေတွေ၊ မိတ်ဖက်တွေအနေနဲ့ နားလည်ဖို့ လိုပါတယ်” ဟု ဂျွန်ဆင်က The Sunday Time သို့ ပြောကြားခဲ့သည်။


“ကောင်းမွန်တဲ့ သဘောတူညီချက်တစ်ခုရရှိဖို့ ငွေကြေးဟာ အထောက်အပံ့ကောင်းနဲ့ ချောဆီလိုမျိုး စွမ်းဆောင်ပေးနိုင်ပါတယ်” ဟု ဂျွန်ဆင်က ဆိုသည်။ ဂျွန်ဆင်သည် ဗြိတိန်၏ ဝန်ကြီးချုပ်သစ် ဖြစ်လာရန် စတင်ကြိုးပမ်းချိန်မှစပြီး ယခု ပထမဆုံးအကြိမ် မေးမြန်းခန်း၌ ဖြေကြားခဲ့ခြင်းဖြစ်သည်။

မေ နုတ်ထွက်သွားပြီးနောက် ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင်နေရာအတွက် ယှဉ်ပြိုင်မှုမှာ တရားဝင်စတင်ခဲ့ပြီး လက်ရှိတွင် ထိုနေရာအတွက် ဂျွန်ဆင်အပါအဝင် အခြားလွှတ်တော်အမတ် ၁၀ ဦးက ပြိုင်ဆိုင်လျက်ရှိသည်။ ခေါင်းဆောင်သစ် မထွက်ပေါ်သေးမီအထိ မေသည် ဝန်ကြီးချုပ်ရာထူးတွင် ဆက်ရှိနေဦးမည်ဖြစ်သည်။

ကွန်ဆာဗေးတစ်ပါတီသည် ၂၀၁၇ ခုနှစ်က အထွေထွေရွေးကောက်ပွဲတွင် အမတ်နေရာအများဆုံးရရှိခဲ့သဖြင့် ပါတီ၏ ခေါင်းဆောင်ဖြစ်လာသူသည် ဝန်ကြီးချုပ် ရာထူးကို အလိုအလျောက် ရရှိလိမ့်မည်ဖြစ်သည်။ ပါတီခေါင်းဆောင်နေရာအတွက် ယှဉ်ပြိုင်မှုသည် လာမည့်လကုန်တွင် ပြီးဆုံးမည်ဟု မျှော်မှန်းရပြီး လန်ဒန်မြို့တော်ဝန်ဟောင်းလည်း ဖြစ်ခဲ့သည့် ဂျွန်ဆင်သည် ဖြစ်နိုင်ခြေအများဆုံးသူဟု ယူဆခံနေရသည်။

ဂျွန်ဆင်၏စည်းရုံးမှု လုပ်ငန်းစဉ်အတွက် အထောက်အပံ့ဖြစ်စေရန် ဂျွန်ဆင်အား ထောက်ပံ့ရန် အသင့်ဖြစ်နေသည့် အကြောင်း ယခုသီတင်းပတ်ကုန်ရက်၌ ကြေညာမည့် ဗဟိုဝါဒီတိုရီအမတ် (ကွန်ဆာဗေးတစ်အမတ်)များ အရေအတွက်မှာ မြင့်တက်လာခဲ့သည်။ ゞင်းတို့ထဲတွင် လူ့အဖွဲ့အစည်းရေးရာဝန်ကြီး ဂျိမ်းဘရိုကန်ရှိုင်းယား၊ သယ်ယူပို့ဆောင်ရေးဝန်ကြီး ခရစ်ဂရေးလင်း၊ ဝေလဝန်ကြီးအလန်ကိုင် အန်အပါအဝင် ဝန်ကြီးအဖွဲ့ဝင်များလည်း ပါလာခဲ့သည်။

လက်ဝဲဝါဒီလေဘာခေါင်းဆောင် ဂျရမီကော်ဘင်နှင့် ဥရောပသမဂ္ဂဆန့်ကျင်ရေး လူကြိုက်များရေးဝါဒီ နီဂယ်ဖာရာဂျီတို့အား အနိုင်ရနိုင်သည့်သူသည် ゞင်းတစ်ဦးတည်းသာရှိသည်ဟု ဂျွန်ဆင်က ဇွန် ၈ ရက်တွင် ပြောကြားခဲ့သေးသည်။ နီဂယ်ဖာရာဂျီ၏ Brexit ပါတီသစ်သည် ကွန်ဆာဗေးတစ်ပါတီက Brexit အရေးအား ကိုင်တွယ်ပုံနှင့်ပတ်သက်၍ မကျေမနပ်ဖြစ်နေသည့် တိုရီမဲ ဆန္ဒရှင်များကို ဖြတ်လုရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။     

“အောက်တိုဘာ ၃၁ ရက်မှာ ကတိပေးထားတဲ့အတိုင်း Brexit ဖြစ်မြောက်အောင် လုပ်ဆောင်နိုင်မှသာ ဒါကို စွမ်းဆောင်နိုင်မှာဖြစ်ပါတယ်” ဟု ဂျွန်ဆင်က ပြောကြားခဲ့သည်။

ကွန်ဆာဗေးတစ်ပါတီ၏ ခေါင်းဆောင်နေရာအတွက် ယှဉ်ပြိုင်သူများသည် ဥရောပသမဂ္ဂနှင့် ဗြိတိန်၏ အနာဂတ်ဆက်ဆံရေးနှင့်ပတ်သက်၍ ゞင်းတို့၏ အမြင်များကို စတင်ထုတ်ဖော်နေကြပြီဖြစ်သည်။ သို့သော်လည်း ゞင်းတို့အနက် အချို့သော အမတ်များသည် အတိတ်ကာလက အမူအကျင့်များအတွက် မေးခွန်းထုတ်ခြင်းခံနေရသည်။

ပါတီခေါင်းဆောင်နေရာအတွက် ဂျွန်ဆင်၏ အဓိက ပြိုင်ဘက်တစ်ဦးဖြစ်သည့် မိုက်ကယ်ဂို့ဗ်သည် လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်ခုခန့်က ကိုကင်းသုံးဖူးသည်ဟု ဝန်ခံခဲ့ပြီးနောက်ပိုင်း ゞင်း၏ စည်းရုံးမှုလုပ်ငန်းစဉ်အတွင်း ကသောင်းကနင်းဖြစ်စဉ်များနှင့် ကြုံနေရသည်။ သဘာဝပတ်ဝန်းကျင်ရေးရာ ဝန်ကြီးလည်းဖြစ်သည့် ဂို့ဗ်က လွန်ခဲ့သည့်နှစ် ၂၀ ခန့်က လူမှုရေးဆိုင်ရာပွဲများတွင်ကို ကင်းသုံးခဲ့ဖူးကြောင်း၊ ယင်းအတွက် အလွန်နောင်တရမိကြောင်း သတင်းစာတစ်ခုနှင့် မေးမြန်းခန်းတွင် ပြောကြားသွားခဲ့သည်။

သို့သော် ဂို့ဗ်သည် မူးယစ်ဆေးဆိုင်ရာ တင်းကျပ်သည့် ဥပဒေများကို စဉ်ဆက်မပြတ် ထောက်ခံနေသဖြင့် သူတော်ကောင်းယောင်ဆောင်သည်ဟု ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

No comments:

Post a Comment