Monday, June 10, 2019

ဆန်တန်ချိန်တစ်သိန်း ရောင်းချရေး တရုတ်ကုမ္ပဏီနှင့် မကြာမီ စာချုပ်ချုပ်ဆိုမည်

တရုတ်နိုင်ငံသို့ တရား ၀င် ဆန်တန်ချိန်တစ်သိန်း ရောင်း ချရန် ယခုလတတိယပတ်တွင် နှစ်နိုင်ငံကုမ္ပဏီများ အရောင်း အ၀ယ်စာချုပ် လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။  မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဦးဆောင်မှုဖြင့် ဆန် ရောင်းချမည့် ကုမ္ပဏီများနှင့် တရုတ်နိုင်ငံမှ COSCO ကုမ္ပဏီ တို့ ဘေဂျင်းမြို့၌ ဆန်တန်ချိန် တစ်သိန်း ရောင်းချရေး အရောင်း အ၀ယ်စာချုပ် လက်မှတ်ရေးထိုး မည်ဖြစ်သည်။ ပြီးခဲ့သည့်ဧပြီက ဒုတိယအကြိမ်မြောက်ရပ်ဝန်းနှင့် ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် တက်ရောက်ခဲ့သော နိုင်ငံတော်၏ အတိုင်ပင်ခံခရီးစဉ်တွင် မြန်မာနိုင်ငံမှ ဆန်တန်ချိန်တစ်သိန်း တရားဝင်ဝယ်ယူရေး သဘောတူညီမှု စတင်အကောင်အထည် ဖော်ခြင်းဖြစ်သည်။



 ‘‘အရောင်းအ၀ယ်အတွက် တရုတ်ကုမ္ပဏီနဲ့ ဒီဘက်က MRF ဦးဆောင်ပြီး ကုမ္ပဏီတွေနဲ့ စာ ချုပ်ချုပ်ဖို့ပါ’’ဟု မြန်မာနိုင်ငံ ဆန် စပါးအသင်းချုပ် ဗဟိုအလုပ်အမှု ဆောင် ဦးမျိုးသူရအေးက ပြော သည်။

တရုတ်နိုင်ငံသို့ ဆန်တန်ချိန်တစ်သိန်း ရောင်းချရေးနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၁၀ ရက်တွင် နေပြည်တော် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ပြုလုပ်မည်ဖြစ်သည်။

ယခုတရုတ်နိုင်ငံသို့ ဆန် တန်ချိန်တစ်သိန်း တရားဝင် ရောင်းချရေးသည် ဒုတိယအကြိမ် ဖြစ်ပြီး ပြီးခဲ့သည့် အစိုးရလက် ထက်က ဆန်တန်ချိန် တစ်သိန်း ပင်လယ်ရေကြောင်းမှ တရားဝင် ရောင်းချနိုင်ခဲ့သည်။

ယခုဘဏ္ဍာနှစ် ရှစ်လအ တွင်း တရုတ်နိုင်ငံသို့ ဆန်တန် ချိန် ငါးသိန်းကျော်သာ တင်ပို့နိုင် သည်။ ယခင်နှစ်နှင့် ယှဉ်လျှင် ထက်ဝက်ခန့် လျော့နည်းနေချိန် တွင် တရားဝင်ဆန်ရောင်းချရန် အစီအစဉ်က မြန်မာ့လယ်ယာ ကဏ္ဍအတွက် သတင်းကောင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် တာဝန်ရှိသူအချို့က ပြောသည်။

ပြည်ပသို့ ဆန်တင်ပို့မှု နှစ်(၇၀)ကျော်အတွင်း စံချိန်တင်ခဲ့ သော ၂၀၁၇-၁၈ ဘဏ္ဍာနှစ်၌ တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၁ ဒသမ ၉ သန်းခန့် တင်ပို့နိုင်သည်။ ပြည်ပဆန်တင်ပို့မှု ၃ ဒသမ ၆သန်းခန့်တွင် တရုတ်တစ်နိုင်ငံတည်းသို့ ၅၀ ရာခိုင်နှုန်းကျော် တင်ပို့ခဲ့သည်။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံ သို့ ဆန်ရောင်းချမှုတွင် နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းဖြင့် ရောင်းချပြီး တရုတ်နိုင်ငံက တရားမ၀င်ဝယ်ယူခဲ့သည်။

 ၂၀၁၈ နှစ်ကုန်က စတင်ပြီး ယူနန်အစိုးရက တရားမ၀င် ကုန်သွယ်ရေး တားဆီးမှုကြောင့် မြန်မာနိုင်ငံမှ ဆန်အပါအ၀င် လယ်ယာထွက်ကုန်များ တင်ပို့နိုင်ခြင်းမရှိပေ။

ထိုအခြေအနေကို ဖြေရှင်းရန် နှစ်နိုင်ငံ ကုန်စည်ဖလှယ်သည့်စနစ် အကောင်အထည်ဖော်ရန် ယူနန်အစိုးရ တာဝန်ရှိသူများနှင့် စီးပွားကူးသန်းဝန်ကြီးဌာနတို့က နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။

ထို့နောက် ပြီးခဲ့သည့်ရက် ပိုင်းအတွင်း ကူမင်းမြို့၌ နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များ ညှိနှိုင်း ၍ မူဆယ်နယ်စပ်မှ ဆန်တန်ချိန် တစ်သောင်းကို တရားဝင်ရောင်း ချရန် သဘောတူညီမှုရရှိခဲ့သည်။ မြန်မာ၊ တရုတ် နယ်စပ်ကုန်သွယ် ရေး စတင်ပြီး ဆယ်စုနှစ်တစ်ခုအတွင်း ပထမအကြိမ် တရားဝင်ကုန်သွယ်ရေး စတင်အကောင်အထည်ဖော်ခြင်းဖြစ်သည်။  ဆန်တစ်အိတ်လျှင် ၁၀၁ ယွမ် (၂၂,၃၂၁ ကျပ်)ဖြင့် ဆန် တန်ချိန် တစ်သောင်း (အိတ်ရေ နှစ်သိန်း) ရောင်းချမည်ဖြစ်သည်။ ထို့အပြင် ယူနန်အစိုးရက တရုတ် ကုန်သည်များကို ချပေးသော ပါမစ်များဖြင့် တစ်ပတ်လျှင် ဆန် တန်ချိန် တစ်ထောင်ခန့် တင်ပို့ ရောင်းချနေကြောင်း မူဆယ်ဆန်ကုန်စည်ဒိုင်မှ အသင်းဝင် ဦးမင်းသိန်းက ပြောသည်။

No comments:

Post a Comment