Monday, June 10, 2019

နိုင်ငံဖြတ်ကျော်ကာ ကလေးသူငယ်လုပ်သားလျော့ချရေး အသိပညာပေးသူ မြန်မာသို့ ရောက်ရှိ

၂၁ နိုင်ငံ ခရီးသွားပြီး ကလေးသူငယ်လုပ်သားလျော့ချရေးအသိပညာပေးဟောပြောပွဲလုပ်ဆောင်သူ အိန္ဒိယနိုင်ငံသား Mr. Aditya Goel သည် ဇွန် ၉ ရက်နေ့က ရန်ကုန်မြို့သို့ ရောက်ရှိလာကြောင်း သိရသည်။ Aditya Goel သည် တစ်ကိုယ်တော်ခရီးအနေဖြင့် အိန္ဒိယနိုင်ငံ၊ ဒေလီမှ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့အထိ ကားဖြင့် ၂၁ နိုင်ငံဖြတ်ကာ ခရီးတစ်လျှောက်ဖြတ်သန်းတစ်လျှောက်မြို့များတွင် ကလေးသူငယ်လုပ်သား လျှော့ချရေး အသိပညာပေးများဟောပြောပွဲများ လုပ်ဆောင်ရန် ရည်ရွယ်နေခြင်း ဖြစ်သည်။



ယနေ့ မြန်မာနိုင်ငံသို့ ပထမဆုံးနိုင်ငံခရီးစဉ်အဖြစ် ရောက်ရှိလာပြီး ရန်ကုန်ဘူတာကြီးဝန်းအတွင်း၌ ကလေးလုပ်သားလျှော့ချရေး အသိပညာပေးဟောပြောပွဲကို ပြုလုပ်ခဲ့ကာ တက်ရောက်လာသူများအား Mr. Aditya Goel ကိုယ်တိုင် လ္ဘက်ရည်ဖျော်တိုက်ခြင်းဖြင့် ဧည့်ခံခဲ့ကြောင်း သိရသည်။ ၎င်းက ကလေးသူငယ်များ အရွယ်မရောက်သေးခင် စာသင်ကျောင်းထဲရှိမနေဘဲ လုပ်ငန်းခွင်ထဲရှိနေခြင်းကို လျှော့ချရန် အဓိကထား၍ အသိပညာပေးသွားမည် ဖြစ်သည်။

No comments:

Post a Comment