Monday, June 10, 2019

အပစ်ရပ်သက်တမ်းမကုန်မီ အစိုးရနှင့် မြောက်ပိုင်းလေးဖွဲ့ ဆွေးနွေးသင့်ဟု PCG ယူဆ

တပ်မတော်၏ တစ်ဖက် သတ်အပစ်ရပ်ကြေညာမှု ယခု ဇွန်လကုန်တွင် သက်တမ်းကုန် ဆုံးမည်ဖြစ်၍ အစိုးရနှင့် မြောက် ပိုင်းလက်နက်ကိုင်လေးဖွဲ့၏ ဆွေးနွေးပွဲကို အဆိုပါကာလအတွင်း ကျင်းပသင့်ကြောင်း ဆွေးနွေးပွဲ ဖြစ်မြောက်ရေး ကြားဝင်ညှိနှိုင်း ပေးနေသည့် ငြိမ်းချမ်းရေးအကျိုး ဆောင်အဖွဲ့ (PCG)မှ ဦးလမိုင်ဂွန်ဂျာက ပြောကြားသည်။ အစိုးရနှင့် ကချင်အဖွဲ့ (KIO/KIA)၊ တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ ရခိုင် အဖွဲ့ (AA)တို့၏ အပစ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို ဧပြီ ၃၀ ရက်က မူဆယ်မြို့၌ ကျင်းပရာ ဆွေးနွေးပွဲကို မေလအတွင်းထပ်မံကျင်းပရန် သဘောတူခဲ့ သော်လည်း ကျင်းပမည့် နေရာ ညှိနှိုင်းမရခြင်းကြောင့် ရွှေ့ဆိုင်း ထားရသည်။

‘‘တပ်မတော်က ဒီဇွန်လ ၃၀ ရက် နောက်ဆုံးသက်တမ်းပြန်တိုး ထားတာဆိုတော့ အဲဒီအတောအ တွင်း အစည်းအဝေးလုပ်ဖြစ်ရင် တော့ တစ်ခုခု အဖြေတော့ ပေါ် လာလိမ့်မယ်လို့ ကျွန်တော်တို့က မျှော်လင့်တာပေါ့။ အဲဒီလိုမဟုတ် ဘဲနဲ့ ၃၀ ရက်နေ့ ကျော်သွားတဲ့ နောက်ပိုင်းဆိုရင် မမျှော်လင့်ဘဲ ပြဿနာဆိုတာ ပြန်ဖြစ်လာမှာကို ကျွန်တော်တို့လည်း စိုးရိမ်တယ်’’ ဟု ဦးလမိုင်ဂွန်ဂျာက ပြောသည်။

တပ်မတော်က တိုင်းစစ်ဌာန ချုပ်ငါးခု နယ်မြေတွင် ၂၀၁၈ ဒီဇင်ဘာ ၂၁ ရက်မှ ဧပြီလကုန် အထိ အပစ်ရပ်ကြေညာခဲ့သည်။ ဧပြီ ၃၀ ရက်တွင် နှစ်လကြာ အ ပစ်ရပ်သက်တမ်း ထပ်တိုးရာ ကချင်၊ တအာင်းနှင့် ကိုးကန့်အဖွဲ့က NCA လက်မှတ်ထိုးနိုင်သည် အထိ ငြိမ်းချမ်းရေးလုပ်ငန်းများ ဆက်လက်ဆွေးနွေးဆောင်ရွက် နိုင်ရေး အပစ်အခတ်ရပ်စဲရေးကာလ ထပ်မံတိုးမြှင့်ပေးရန် တောင်းဆိုခြင်းကြောင့်ဟု ဖော်ပြထားသည်။

သို့ရာတွင် အပစ်ရပ်သက် တမ်းတိုးပြီး ရက် ၄၀ ခန့်ကြာ သည်အထိ ဆွေးနွေးပွဲကျင်းပမည့် နေရာကို အစိုးရဘက်က နေပြည် တော်၊ ရန်ကုန်၊ မန္တလေး၊ လားရှိုး၊ကျိုင်းတုံမြို့နယ်တို့၌ ကျင်းပလို ကြောင်း အဆိုပြုထားပြီး မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့က ‘ဝ’ ဒေသ ပန်ဆန်း၊ မိုင်းလားဒေသ နှင့် မူဆယ်တို့တွင် အဆိုပြုထား ရာ ညှိနှိုင်းမရဖြစ်နေသည်။

‘‘အကောင်းဆုံးဖြစ်အောင် သဘောထားကြီးဖို့တော့ လို တယ်။ နှစ်ဖက်စလုံးပေါ့ဗျာ။ တိုင်းရင်းသားတွေ လုပ်ချင်တဲ့နေရာက အစိုးရသဘောမတူ၊ အစိုးရ လုပ်ချင်တဲ့နေရာကျလည်း တိုင်း ရင်းသားတွေ သဘောမတူဘူး။ အဲဒီလိုဖြစ်နေတဲ့အခါ နှစ်ဖက် စလုံးက သဘောထားကြီးကြီးနဲ့ နေရာကိစ္စလေးနဲ့ပဲ ဒီဆွေးနွေးပွဲ မဖြစ်ဘူးဆိုတဲ့ဟာမျိုး မဖြစ်သင့် ဘူးလို့ ကျွန်တော်က ဒီလိုပဲမြင်ပါ တယ်’’ဟု၎င်းက ပြောသည်။ အစိုးရနှင့် မြောက်ပိုင်းလေး ဖွဲ့၏ ဧပြီ ၃၀ ရက် မူဆယ်ဆွေး နွေးပွဲတွင် Bilateral အပစ်ရပ်စဲ ရေး စာချုပ်ချုပ်ဆိုနိုင်ရေး ဆက် လက်ညှိနှိုင်းရန် သဘောတူခဲ့ သည်။ မြောက်ပိုင်းလေးဖွဲ့က တစ်ဖွဲ့ချင်းစီ၏ အပစ်ရပ်စာချုပ် မူကြမ်းကို အစိုးရထံ တင်ပြထား ပြီး အစိုးရဘက်က အပစ်ရပ်စာ ချုပ် ညှိနှိုင်းရေးနှင့် ပတ်သက်ပြီးဆွေးနွေးရန် ပြင်ဆင်ထားကြောင်း ပြောကြားထားသည်။

No comments:

Post a Comment