Monday, June 10, 2019

လားရှိုးမြို့ နမ့်ကျန်ဆည်အတွင်း စောင်ဖြင့်ပတ်၍ နှစ်မြှုပ်ထားသော ရုပ်အလောင်းတွေ့

ရှမ်းပြည်နယ်မြောက် ပိုင်း ရှိ အဓိက စီးပွားရေးမြို့ဖြစ် သော လားရှိုးမြို့ရှိ နမ့်ကျန်ဆည်အတွင်း စောင်ဖြင့်ပတ်ထားကာဒဏ်ရာများဖြင့် သေဆုံးနေသော ရုပ်အလောင်းတစ်ခုတွေ့ရှိပြီး သေဆုံးသူနှင့် လူသတ်မှုကျုးလွန်သူကို ရဲတပ်ဖွဲ့က စစ်ဆေးနေသည်။ နမ့်ကျန်ဆည် ရေလွှတ်ချိန် တွင် ရေထဲ၌ တစ်ပိုင်းတစ်စ နစ်မြုပ်လျက် မျောပါလာသောစောင်အထုပ်တစ်ခုကို  လူအချို့ ကမြင်တွေ့၍  သွားရောက်ဆယ်ယူရာမှ အမျိုးသားတစ်ဦး၏    ရုပ်အ လောင်းကို    တွေ့ရှိခြင်းဖြစ်  ကြောင်း လားရှိုးလူငယ်များ လူမှု ကူညီရေးအဖွဲ့မှ ကိုထွန်းမြင့်က ပြောသည်။


‘‘စောင်ထဲမှာ ပတ်ထားပြီး  ခဲတွေနဲ့ မြှုပ်ထားတာ။ နဖူးမှာအ ပေါက်ရာတွေ့တယ်။ ကိုယ်မှာ လည်း ဆေးမင်ကြောင်တွေနဲ့’’ဟု ကိုထွန်းမြင့်က ပြောသည်။

ရုပ်အလောင်းကို ဆေးရုံ တွင် ခွဲစိတ်စစ်ဆေးရာ နဖူမှဒဏ် ရာသည် သေနတ်ဒဏ်ရာမဟုတ် ဘဲ ချွန်ထက်သော အရာတစ်ခုခု ဖြင့် ထိုးနှက်ထားခြင်းဟု ရဲတပ်ဖွဲ့ က ဆိုသည်။ သေဆုံးသူမည်သူ ဖြစ်သည်ကို အတည်ပြုနိုင်မှ နောက်ဆက်တွဲ အခြေအနေကို  ဆက်လက်ဖော်ထုတ်နိုင်မည်ဟု လားရှိုးမြို့မရဲစခန်းမှူး ဒုတိယရဲ မှူးမြင့်ကျော်က ပြောသည်။

‘‘သေဆုံးသူ ဘယ်သူဆိုတာ  အရင်ဖော်ထုတ်နေတယ်။ ဓာတ် ပုံကို သက်ဆိုင်ရာနေရာတွေမှာ ဖြန့်ဝေထားတယ်။ ဆေးမင်ကြောင် ထိုးတဲ့ ဆိုင်တွေကတစ်ဆင့်လည်း လိုက်စုံစမ်းနေတယ်’’ ဟု ဒုတိယရဲမှူးမြင့်ကျော်က ပြောသည်။

လားရှိုးမြို့သည် တရားဥပ ဒေစိုးမိုးမှု အားနည်းနေပြီး ယင်း အနေအထားကို အဖြေရှာရန် လို အပ်သည်ဟု ဒေသခံ အရပ်ဘက် အဖွဲ့အစည်းများက တိုက်တွန်း သည်။

‘‘လားရှိုးမှာက ဒီနောက်ပိုင်း  မူးယစ်ဆေးဝါးကြောင့် အခုလို ကိစ္စတွေ ခဏခဏဖြစ်နေတယ်။ နမ့်ကျန်ဆည်မှာ လူတစ်ယောက် ကို ကြိုးတုပ်လျက် ပစ်ထားခဲ့တဲ့ နေရာဆိုတာကလည်း မူးယစ်သုံးစွဲသူတွေ ကျက်စားတဲ့နေရာပါ။ ပြီးတော့ အဲဒီဆည်ရှိတဲ့ နမ့်ကျန်ရွာသွားတဲ့လမ်းဘေးမှာတင်ဆေး တွေ ပေါ်ပေါ်တင်တင် သုံးနေ တော့ ဒီလိုကိစ္စဖြစ်တာဟာ ဒေသ ခံတွေအတွက်တော့ လုံခြုံမှုမရှိတဲ့ အခြေအနေပါ’’ ဟု လားရှိုးမြို့ အ ခြေစိုက်သတင်းသမား    မိုင်း ကောင်းစံက ပြောသည်။


၂၀၁၉  ဖေဖော်ဝါရီက လည်း လားရှိုးမြို့ ရေပူစမ်းအနီး ရေအေးချောင်းဘေးတွင် မီးရှို့ သတ်ဖြတ်ထားသော အမျိုးသား ရုပ်အလောင်းတစ်ခု တွေ့ရှိခဲ့ပြီး တရားခံကို စုံစမ်းဖော်ထုတ်နိုင် ခြင်း မရှိသေးပေ။

No comments:

Post a Comment