Monday, June 10, 2019

လူ့အခွင့်အရေးကော်မရှင်၏ ကျောက်တန်းရွာဖြစ်ရပ် စစ်ဆေးချက် ယနေ့ သမ္မတထံတင်မည်

 ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)နှင့်ပတ်သက်၍ မသင်္ကာသူ ၂၇၅ ဦးကို တပ်မတော်က ဖမ်းဆီးစစ်ဆေးနေစဉ် ပစ်ခတ်မှုဖြစ်ပွားပြီး အရပ်သားခုနစ်ဦး သေဆုံးခဲ့သည့် ကျောက်တန်းရွာဖြစ်ရပ် ကွင်းဆင်းစစ်ဆေးချက်ကို လူ့အခွင့်အရေးကော်မရှင်က နိုင်ငံ တော်သမ္မတရုံးသို့ ယနေ့ တင်ပြ မည်ဖြစ်သည်။ ရခိုင်ပြည်နယ် ရသေ့တောင် မြို့နယ် ကျောက်တန်းရွာမှ ဒေသ ခံ အမျိုးသား ၂၇၅ ဦးကို လုံခြုံရေး အဖွဲ့က မေလ ၂ ရက်တွင် ဖမ်း ဆီးထိန်းသိမ်းပြီး စစ်ဆေးနေစဉ် ပစ်ခတ်မှုဖြစ်ပွားပြီး ခုနစ်ဦးသေ၊ ခုနစ်ဦး ဒဏ်ရာရခဲ့သည်။ ယင်း ဖြစ်ရပ်ကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က မေလ ၂၈ ရက်မှ ၃၀ ရက်အတွင်း မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ခြင်း ဖြစ်သည်။
‘‘နိုင်ငံတော်သမ္မတရုံးကို မနက်ဖြန်တင်မယ်။ အများပြည် သူ သိအောင်တော့ နောက်မှ သတင်းထုတ်ပြန်မယ်’’ ဟု ကျောက်တန်းရွာ စာသင်ကျောင်း ၌ ဖြစ်ပွားခဲ့သော ပစ်ခတ်မှုကို စစ် ဆေးခဲ့သည့်အပေါ် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ဇွန်လ ၉ ရက်တွင် ပြောသည်။

 ပစ်ခတ်မှုဖြစ်ပွားစဉ်က ကျောက်တန်းကျေးရွာတွင် တာဝန်ထမ်းဆောင်ခဲ့သော တပ်မတော်တပ်ရင်းမှ တပ်ရင်းမှူးနှင့် အရာရှိစစ်သည်ရှစ်ဦး၊ သေဆုံးသူများ၏ မိသားစုဝင် ၁၁ ဦးတို့ကိုလည်း တွေ့ဆုံ၍ ဖြစ်စဉ်အခြေအနေများ မေးမြန်းခဲ့သည်ဟု မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က သတင်းထုတ်ပြန်ထားသည်။ ထို့အပြင် ထိန်းသိမ်းထားသော ကျောက်တန်းရွာသား ရှစ်ဦးကိုလည်း ရခိုင်ပြည်နယ် ပြည်နယ်ရဲတပ်ဖွဲ့ရုံးသို့ ခေါ်ဆောင်၍ မေးမြန်းမှုများ ပြုလုပ်ခဲ့ သည်။

ပစ်ခတ်မှုအပေါ် တပ်မတော်က သတင်းထုတ်ပြန်ရာတွင် ထိန်းသိမ်းထားသူများအနက် လူအုပ်စု တစ်စုက အော်ဟစ်ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်၏ လက်နက်ကိုလုရန် ကြံရွယ်ခြင်းကြောင့် ပစ်ခတ်နှိမ် နင်းရခြင်းဖြစ်သည်ဟု ဆိုသည်။ ဒေသခံရွာသားများကမူ စိတ်မမှန်သူတစ်ဦးက အော်ဟစ်သဖြင့် ပစ် ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသူ သည် စိတ်မမှန်သူဖြစ်ကြောင်းကို လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက သိရှိကြောင်း ပြောဆိုခဲ့သည်။ ကျောက်တန်းရွာဖြစ်ရပ်ကို လူ့အခွင့်အရေးကော်မရှင်က စစ် ဆေးခဲ့သလို တပ်မတော်ကလည်း စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့၍ စစ် ဆေးနေသည်။ ထို့အပြင် ရခိုင် ပြည်နယ်လွှတ်တော်က ဒေသ တွင်း လွှတ်တော်ကိုယ်စားလှယ် အချို့ပါဝင်သော လုံခြုံရေး၊ စီမံခန့်ခွဲရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းအဖွဲ့ဖွဲ့၍ စစ်ဆေးနေသည်။

No comments:

Post a Comment