Monday, June 10, 2019

ယူရို ၂၀၂၀ ခြေစစ်ပွဲများတွင် အီတလီ၊ ဘယ်လ်ဂျီယံနှင့် ဂျာမနီအနိုင်ရ

ဇွန်လ ၈ ရက်က ကစား ခဲ့သော ယူရို ၂၀၂၀ ခြေစစ်ပွဲစဉ် များတွင် အီတလီ၊ ဘယ်လ်ဂျီယံ နှင့် ဂျာမနီတို့ အနိုင်ရရှိခဲ့သည်။ တူရကီကို နှစ်ဂိုးပြတ်ရှုံးနိမ့် ပြီးနောက် ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်နည်းပြ ဒက်စ်ချမ့်က အ သင်း၏ကစားပုံကို ဝေဖန်ခဲ့သည်။ ကမ္ဘာ့ဖလားဒုတိယရ ခရို အေးရှားက ဝေးလ်စ်ကို ၂-၁ ဂိုး ဖြင့် အနိုင်ရကာ မြောက်အိုင်ယာ လန်ကလည်း သုံးပွဲဆက်နိုင်ပွဲရရှိ ခဲ့သည်။



တိုက်စစ်မှူး ဒီဇူဘာ၏သွင်း ဂိုး လေးဂိုးနှင့်အတူ ရုရှားက ဆမ် မာရီနိုကို ကိုးဂိုးပြတ်ဖြင့်အနိုင်ရ ပြီး ဆိုဗီယက်ခေတ်နောက်ပိုင်း အကြီးမားဆုံး နိုင်ပွဲဖြစ်သည်။ ယင်းသည် လက်ချင်စတိန်းနှင့် ဆမ်မာရီနိုကို ခုနစ်ဂိုးပြတ်စီ အ နိုင်ရခဲ့သော ၎င်းတို့၏ ယခင်စံချိန် ကို ကျော်လွန်ခဲ့သည်။

တိုက်စစ်မှူး ဟာဇက် ဦး ဆောင်သည့် ဘယ်လ်ဂျီယံသည် ကာဇက်စတန်ကို ပွဲအစ ၁၅ မိနစ် အတွင်း နှစ်ဂိုးသွင်းကာ သက် သောင့်သက်သာကစားပြီး သုံး ဂိုးပြတ်ဖြင့် အနိုင်ရရှိသည်။

‘‘ပွဲအစ ၁၅ မိနစ်မှာ နှစ်ဂိုး ပတ်ဦးဆောင်ထားနိုင်တယ်ဆို ရင် ဒါက ကောင်းမွန်တဲ့အရာပါ။ ဒုတိယပိုင်းကိုလည်း ကျွန်တော် တို့ ကောင်းကောင်းစတင်နိုင်ခဲ့ပါ တယ်။ ဒါကြောင့် ဒီအသင်းရဲ့စိတ် ဓာတ်ပိုင်းဟာ အလွန်ပဲကောင်း မွန်ပါတယ်’’ ဟု ဘယ်လ်ဂျီယံ နည်းပြ မာတီနက်ဇ်က ပြော သည်။

အုပ်စု (I) တွင် သုံးပွဲစီ ကစားပြီးချိန်၌ ဘယ်လ်ဂျီယံက ကိုးမှတ်ဖြင့် ပထမနေရာရရှိထား ပြီး ဆိုက်ပရပ်စ်ကို ၂-၁ ဂိုးဖြင့်အ နိုင်ရရှိသော စကော့တလန်နှင့် ရုရှားက ခြောက်မှတ်စီ ရရှိထား သည်။

တိုက်စစ်အသားပေးဟန် ကစားပြီး ပထမပိုင်း ၃၅ မိနစ်အ တွင်း သွင်းယူသော သုံးဂိုးဖြင့် ဂရိကို ဂိုးပြတ်အနိုင်ရခဲ့သော် လည်း အီတလီနည်းပြ မန်စီနီက အပြည့်အဝ မပျော်ရွှင်ပေ။

‘‘ဒါက ကျွန်တော်တို့ရဲ့ အ ကောင်းဆုံးစွမ်းဆောင်ရည် မ ဟုတ်သေးဘူး။ ဒါပေမဲ့ ကျွန် တော်တို့ ပွဲအစကတည်းက ထိန်း ချုပ်ကစားပုံကောင်းခဲ့တယ်။ ဒါ ပေမဲ့ ဒီထက်ပိုပြီး တိုးတက်သင့်ပါ တယ်’’ ဟု မန်စီနီက ပြောသည်။

အုပ်စု (J) တွင် သုံးပွဲကစား ပြီး ကိုးမှတ်ရထားသော အီတလီ သည် ဇွန်လ ၁၁ ရက်တွင် ဘော့ စနီးယားနှင့် ကစားမည်ဖြစ်သည်။

လီရွိုင်းဆာနေးနှင့် မာကိုရုစ့် တို့၏ ဂိုးများဖြင့် ဂျာမနီက ဘီလာ ရုစ်ကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိ သည်။ မြောက်အိုင်ယာလန်က အက်စ်တိုးနီးယားကို ၂-၁ ဂိုးဖြင့် အနိုင်ရပြီး သုံးပွဲကစား ကိုးမှတ် ဖြင့် အုပ်စု (C) ပထမနေရာ သိမ်း ပိုက်ခဲ့ကာ တစ်ပွဲလျော့ဂျာမနီက ခြောက်မှတ်ရရှိနေသည်။

No comments:

Post a Comment