Monday, June 10, 2019

ဂျပန်က ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုများအား လျှော့ချပြီး နျူကလီးယားစွမ်းအင်ကို ပိုမိုအာရုံစိုက်ရန် စီစဉ်

ဂျပန်တွင် ၂၀၁၁ ခုနှစ်၌ ဖူကူရှီးမား နျူကလီးယားကပ်ဘေးကြုံခဲ့ရသော်လည်း နျူကလီးယားစွမ်းအင်ကို ပိုမိုတွန်းအားပေးနေစဉ် ပြန်လည် သန့်စင်စွမ်းအင်များအား တိုးမြှင့်ပြီး ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ် မှုများကို လျှော့ချရန် စီစဉ်နေသည်။ ဂျပန်သည် သန့်စင်သော နျူ ကလီးယားစွမ်းအင်များထုတ်လုပ်မှု လျော့နည်းနေခြင်းအတွက် ရုပ် ကြွင်းလောင်စာစက်ရုံများအား အလွန်အမင်း မှီခိုနေရမှုမှ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုများကို လျှော့ချနိုင်ရန်အတွက် အရေးပေါ်လုပ်ဆောင်ရန် လိုအပ်နေကြောင်း အစိုးရအဖွဲ့က ဇွန် ၇ ရက်တွင် ထုတ် ပြန်ခဲ့သည့် စွမ်းအင်မူဝါဒစာတမ်း၌ ဖော်ပြခဲ့သည်။



ဖူကူရှီးမား နျူကလီးယားအကျပ်အတည်း နောက်ပိုင်း နျူကလီးယား ဆန့်ကျင်သည့်လှုံ့ဆော်မှုအား ကောင်းနေစဉ် ဂျပန်နိုင်ငံတစ်ဝန်းမှ နျူကလီးယားဓာတ်ပေါင်းဖိုများအား ပြန်လည်လည်ပတ်မှု နှေး ကွေးနေချိန်တွင် ထိုမူဝါဒစာတမ်း ထွက်လာခဲ့ခြင်းဖြစ်သည်။
ဂျပန်သည် နိုင်ငံ၏စွမ်းအင်လိုအပ်ချက်အတွက် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်မှ ထုတ်လုပ်မှုအား လက်ရှိ ၁၆ ရာခိုင်နှုန်းမှနေ၍ ၂၀၃၀ ပြည့်နှစ်တွင် ၂၂ ရာခိုင်နှုန်းနှင့်၂၄ ရာခိုင်နှုန်းအထိလည်းကောင်း၊ နျူကလီးယားမှ စွမ်းအင်ထုတ်လုပ်မှုအား သုံးရာခိုင်နှုန်းမှနေ၍ ၂၀ ရာ ခိုင်နှုန်းနှင့် ၂၂ ရာခိုင်နှုန်းအထိ လည်းကောင်း တိုးမြှင့်ရန် လိုလား နေသည်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မှ ထုတ်လုပ်မှုအတွက် ကုန်ကျစရိတ်ကို လျှော့ချရန်လည်း လိုအပ်ကြောင်း ထိုအစီရင်ခံစာက ဖော်ပြခဲ့သည်။

ဂျပန်သည် အမေရိကန်နှင့် ဥရောပတို့ထက် ရုပ်ကြွင်းလောင်စာ စက်ရုံများအား ပိုမို၍ အလွန်အကျွံ မှီခိုနေကြောင်း၊ ကျောက်မီးသွေးနှင့် သဘာဝဓာတ်ငွေ့မှ လျှပ်စစ်ထုတ်လုပ်မှုများသည် ဂျပန်စွမ်းအင်လို အပ်ချက်၏ ၇၄ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးနေကြောင်း ထိုအစီရင်ခံစာ၌ ဖော်ပြခဲ့သည်။

ဖူကူရှီးမားဒိုင်အိချိနျူကလီး ယားစက်ရုံများ၏ အအေးပေးစနစ် ပျက်စီးခဲ့ပြီး ゞင်း၏ ဓာတ်ပေါင်းဖို သုံးခု မတော်တဆပျော်ကျမှုဖြစ်ပွားစေခဲ့သည့် အင်အားပြင်းငလျင်နှင့် ဆူနာမီဖြစ်ပွားခဲ့သော ၂၀၁၁ ခုနှစ် မတိုင်မီအထိ နျူကလီးယားစွမ်းအင်သည် ဂျပန်လျှပ်စစ်လိုအပ်ချက်၏ သုံးပုံတစ်ပုံခန့်ကို ဖြည့်ဆည်းပေး နေသည်။

ထပ်မံချမှတ်သော ဘေးကင်းလုံခြုံရေးဆိုင်ရာ အစီအစဉ်များအတွက် ရင်းနှီးမြှုပ်နှံမှုပြုလုပ်မည့်အစား လျှပ်စစ်ဓာတ်အားကုမ္ပဏီများက သက်တမ်းရင့် ဓာတ်ပေါင်းဖိုများအား ဖျက်သိမ်းရန် ရည်ရွယ်နေ ချိန်တွင် နျူကလီးယားစည်းမျဉ်းထိန်းသိမ်းရေး တာဝန်ရှိသူများက ဖူကူရှီးမားအလွန် စံများကို ပိုမိုတင်းကျပ်စွာ စစ်ဆေးနေသောကြောင့် ဂျပန်တွင် ဓာတ်ပေါင်းဖိုများ ပြန်လည်လည်ပတ်ရန်အစီအစဉ်များသည် အလွန်အမင်းနှေးကွေးနေခဲ့သည်။

ဖူကူရှီးမားနျူကလီးယားအကျပ်အတည်းအပြီး ဂျပန်တွင် ဓာတ်ပေါင်း ဖို ၅၄ ခု၏ ထက်ဝက်နီးပါးအား ဖျက် သိမ်းရန် လျာထားပြီး ဓာတ်ပေါင်းဖို ကိုးခုကိုသာ ပြန်လည်လည်ပတ်နေသည်။ ဓာတ်ပေါင်းဖိုပြန်လည်လည် ပတ်မှုနှေးကွေးနေမှုကြောင့် အသုံးပြုပြီး နျူကလီးယားလောင်စာများက များပြားလှသော ပလူတိုနီယမ် သိုလှောင်မှုထဲ ထပ်မံရောက်ရှိခဲ့သည်။

နိုင်ငံ၏လောင်စာ ပြန်လည် အသုံးပြုရေးအစီအစဉ် တန့်နေခဲ့ ပြီးနောက် ဂျပန်သည် မတတ်သာ သည့်အဆုံးတွင် ၄၇ တန်ရှိသော ပလူတိုနီယမ်များအား သမားရိုးကျ ဓာတ်ပေါင်းဖိုများတွင်သုံးစွဲပြီး လျှော့ချရန် ကြိုးစားနေသည်။ ထိုပလူတိုနီယမ်များသည် လတ်တလောတွင် အဏုမြူဗုံး ၆၀ဝ၀ ခန့် ထုတ်လုပ်ရန် လုံလောက်သည့်ပမာဏဖြစ်သည်။

သို့သော် ထိုပမာဏသည် လျော့ကျသွားခြင်းမရှိသေးသဖြင့် နျူကလီးယား မပြန့်ပွားရေးအတွက် ဂျပန် ၏တောင်းဆိုမှုများအား ခိုင်မာမှုကို အားနည်းစေသည်ဟု ဝေဖန်ခံနေရစဉ် ပလူတိုနီယမ်သိုလှောင်မှုကို လျှော့ချရန်အတွက် ထိရောက်သော ခြေလှမ်းများလှမ်းရန် ကျွမ်းကျင်သူများက တောင်းဆိုနေကြသည်။

ဂျပန်တွင် အသုံးပြုပြီး နျူကလီးယားလောင်စာများအား ပြန်လည်စီမံသုံးစွဲသည့်စွမ်းရည် ကင်းမဲ့ခဲ့ပြီးနောက်ပိုင်း ဂျပန်က အသုံးပြုပြီးနျူကလီးယားလောင်စာ ၃၇ တန်ခန့်အား ပြန်လည်စီမံရန် ပြင်သစ်နှင့် ဗြိတိန်တို့၌ သိုလှောင်ထားခဲ့သည်။

ဂျပန်တွင် ပလူတိုနီယမ်နှင့် အသုံးပြုပြီး နျူကလီးယားလောင်စာများအား သိုလှောင်ထားသော်လည်း ပြန်လည်စီမံသုံးစွဲရန် လုပ်ဆောင်မည့် Rokkasho ရှိ အဓိကစက်ရုံသည်လည်း မလည်ပတ်သေးပေ။ ဂျပန်တွင် အသုံးပြပြီး နျူကလီးယားလောင်စာ ၁၀ တန်အား သိုလှောင်ထားပြီး အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) က အနီးကပ်စောင့်ကြည့်နေကာ ပျံ့နှံ့မည့်အန္တရာယ်မရှိသေးပေ။

ဂျပန်သည် အသုံးပြုပြီး နျူကလီးယားလောင်စာများ သိုလှောင်မှုအား  နှစ်တန်မှ သုံးတန်အထိလျှော့ချသင့်ပြီး IAEA ၏ စောင့်ကြည့်မှုအောက် ထားရှိခြင်းဖြင့် နျူကလီးယားစွမ်းအင်အား ငြိမ်းချမ်းသော နည်းလမ်းဖြင့် အသုံးပြုကြောင်း တိုကျိုက အပြည်ပြည်ဆိုင်ရာကို ကတိပြုထားမှုအား ခိုင်မာစေရန် လုပ်ဆောင်သင့်ကြောင်း ဂျပန်မူဝါဒ သုတေသနအဖွဲ့တစ်ဖွဲ့ဖြစ်သော Sasakawa Peace Foundation  က ယခုသီတင်းပတ်အတွင်း အစိုးရ ကို အကြံပြုခဲ့သည်။

No comments:

Post a Comment