Monday, June 10, 2019

ယူ-၂၀ ကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲသို့ တောင်ကိုရီးယားနှင့် အီကွေဒေါ တက်ရောက်

အသက် (၂၀) အောက် ဖီဖာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် တောင်ကိုရီးယားက ဆီနီဂေါကို ပင်နယ်တီ၌ ၃-၂ ဂိုးဖြင့်နိုင်ပြီး ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့ သည်။ မိနစ် ၁၂၀ ကစားပြီးချိန် သုံး ဂိုးစီသရေကျခဲ့ပြီးနောက် ပင်နယ် တီကန်သွင်းရာ တောင်ကိုရီးယား အောင်ပွဲခံခဲ့သည်။ ဆီနီဂေါ၏ ၃၇ မိနစ်ဦး ဆောင်ဂိုးကို တောင်ကိုရီးယားက ၆၂ မိနစ်တွင် ချေဖျက်ခဲ့ကာ ၇၆ မိနစ်ဦးဆောင်ဂိုးကိုလည်းတောင် ကိုရီးယားက မိနစ် ၉၀ ၌ ချေဖျက် ခဲ့သည်။ အချိန်ပို ၉၆ မိနစ်တွင် တောင်ကိုရီးယား၏ ဦးဆောင်ဂိုး ကို နောက်ဆုံးမိနစ်၌ ဆီနီဂေါက ချေပခဲ့သည်။ အခြားကွာတားဖိုင်နယ်ပွဲ စဉ်တွင် အီကွေဒေါက အမေရိ ကန်ကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိပြီး ၎င်းတို့၏ ပထမဆုံးယူ-၂၀ ဆီမီး ဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ သည်။ အမေရိကန်သည် သုံးကြိမ် ဆက်တိုက်ယူ-၂၀ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်မှ လှည့်ပြန်ခဲ့ရ သည်။ တောင်ကိုရီးယားနှင့်အီကွေ ဒေါတို့ ဇွန်လ ၁၂ ရက်တွင် ဆီမီး ဖိုင်နယ်ကစားမည် ဖြစ်သည်။

No comments:

Post a Comment