Monday, June 10, 2019

အီးယူ-ဥရောပပါလီမန် ရွေးကောက်ပွဲ

ဥရောပပါလီမန် ရွေးကောက်ပွဲကို အီးယူမှ မထွက်ရသေးသည့် ဗြိတိန်အပါအဝင် အဖွဲ့ဝင် ၂၈ နိုင်ငံအတွင်း မေလ ၂၃-၂၉ ရက်နေ့များတွင် ကျင်းပခဲ့ရာ ၁၉၇၉ ခုနှစ် စတင်တိုက်ရိုက် ရွေးကောက် သည့် ၁၉၇၉ မှ စတင်ရေတွက်ပါ က နဝမအကြိမ်မြောက်သက် တမ်း ၂၀၁၉-၂၀၂၄ အတွက် ဖြစ်ပါသည်။ လူဦးရေ ၅၁၂ သန်းကို ကိုယ်စားပြုသည့် အမတ် ၇၅၁ ဦး ကို နိုင်ငံအလိုက်နှင့် လူဦးရေအ လိုက် ရရှိသည့် အရေအတွက်အ တိုင်း အချိုးကျကိုယ်စားပြုစနစ် ဖြင့် ရွေးကောက်တင်မြှောက်ရ မည်ဖြစ်ပါသည်။ ပါလီမန်တစ်ခု တည်းအတွက် ဖြစ်သော်လည်း သက်ဆိုင်ရာ နိုင်ငံအလိုက် ရွေး ကောက်ပွဲ ကျင်းပကြ၍ နေ့ရက် နှင့် ကျင်းပပုံမတူညီကြပါ။

ဥရောပပါလီမန်သည် ပြင် သစ်နိုင်ငံ စထရပ်စ်ဘုနှင့် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တွင် ရုံး စိုက်ပြီး အီးယူနိုင်ငံများအတွင်း အကျိုးသက်ရောက်မှု ရှိသော ဥပဒေများ ပြဋ္ဌာန်းနိုင်ခြင်း၊ အသုံး စရိတ် သတ်မှတ်ကန့်သတ်နိုင် ခြင်းတို့အပြင် အီးယူအစိုးရအဖြစ် ခေါ်ဆိုနိုင်မည်ဖြစ်သော ဥရောပ ကော်မရှင်ဥက္ကဋ္ဌကို ရွေးချယ်ခန့် အပ်နိုင်ပြီး အဖွဲ့ဝင်များကိုလည်း အတည်ပြုပေးရသဖြင့် အရေးပါ သော ခန့်အပ်ပိုင်ခွင့်ကိုလည်း ရရှိ ထားပါသည်။ အီးယူပေါင်းစည်း မှု ပိုမိုခိုင်မာလာသည်နှင့်အမျှ ဥရောပပါလီမန်မှ ချမှတ်သော ဥပဒေစည်းကမ်းများသည် ပြည် သူလူထုကို ပိုမိုအကျိုးသက် ရောက်စေသဖြင့် စင်စစ်တွင် နိုင်ငံအလိုက် ပါလီမန်များထက်ပင် အရေးကြီးသည့်သဘောဖြစ်ပါ သည်။ ဥရောပပါလီမန်တွင် အ မတ်များသည် နိုင်ငံအလိုက် မစု စည်းဘဲ ဝါဒအလိုက် စုစည်းလှုပ် ရှားလေ့ရှိရာ အဓိကအုပ်စုကြီး ရှစ်ခုရှိပါသည်။ ဝါဒတူရာ ပါတီ များ စုစည်းနိုင်မှုအပေါ် မူတည်၍ ပါလီမန်ဥက္ကဋ္ဌကို ရွေးချယ်ကြရာ လွှတ်တော်အတွင်း အင်အားအ ကောင်းဆုံးမှာ ဗဟိုလက်ယာ ဥရောပပြည်သူ့ပါတီ အုပ်စုဖြစ်ပြီး ဂျာမန်အာဏာရပါတီနှင့် ပြင်သစ်အတိုက်အခံပါတီတို့ ဦးဆောင်ပါ သည်။ ယခုအခါ ဥရောပပါလီမန် ဥက္ကဋ္ဌအဖြစ် အရွေးခံရန် ယှဉ်ပြိုင် နေသူ ခြောက်ဦးရှိပါသည်။ ရွေး ကောက်ပွဲရလဒ်အရ မဲအများဆုံး ရရှိသည့် အုပ်စုမှ ခေါင်းဆောင် က လက်ရှိ ပါလီမန်ဥက္ကဋ္ဌ လူဇမ် ဘတ်နိုင်ငံသား ဂျန်ကလော့ဒ်ဂျန် ကာ၏ နေရာကို ဆက်ခံရန်ရှိပါ သည်။

 လတ်တလောနှစ်များအ တွင်း လက်ယာစွန်းဝါဒ ပြန်လည် ခေါင်းထောင်လာပြီး ပါလီမန်တွင်ပါဝင်လာနိုင်သည်သာမက နိုင်ငံ အချို့တွင် အစိုးရအဖွဲ့၌ပင် ပါဝင်လာနိုင်ရာ ဥရောပပါလီမန်တွင် လက်ယာစွန်းများ ကြီးစိုးလာနိုင် သည့် အနေအထားဖြစ်ပါသည်။ ကမ္ဘာ့မတည်ငြိမ်သောဒေသများ၊ အထူးသဖြင့် အရှေ့အလယ်ပိုင်း နှင့် အာဖရိကတို့မှ ကူးပြောင်းဝင် ရောက်လာသူတို့ အဆမတန် များပြားလာနေခြင်းကလည်း ဒေသခံ တို့အနေဖြင့် အမျိုးသားအစွန်း ရောက်တို့ကို ပိုမိုထောက်ခံလာ စေပါသည်။ ထို့အပြင် ဥရောပ ပါလီမန် ရွေးကောက်ပွဲသို့ လူထု စိတ်ဝင်စားမှုနှင့် လာရောက်မဲပေးမှုမှာလည်း ကျဆင်းလာရာ ပထမဆုံးအကြိမ် ကျင်းပစဉ် ၁၉၇၉ ခုနှစ်က ၆၂ ရာခိုင်နှုန်း လာရောက်မဲပေးသော်လည်း နောက်ဆုံးရွေး ကောက်ပွဲ ၂၀၁၄ တွင် ၄၂ ဒသမ ၆ ရာခိုင်နှုန်းကျော်သာ လာရောက်မဲပေး၊ သက်ဆိုင်ရာနိုင်ငံရွေး ကောက်ပွဲလောက် လူထုစိတ်ဝင် စားမှုမရှိဟု ဆိုပါသည်။ ယခုနှစ် ရွေးကောက်ပွဲတွင်မူ လက်ယာ စွန်းများ အသာရနိုင်ခြေကို စိုးရိမ် ၍ ဥရောပပေါင်းစည်းရေးအပေါ် ယုံကြည်သူတို့ ပိုမိုလာရောက် မဲပေးကြသဖြင့် အနှစ် ၂၀ အတွင်းအမြင့်ဆုံးအဖြစ် ၅၀ ရာခိုင်နှုန်း လာရောက်မဲပေးခဲ့ပါသည်။

ရုရှားနိုင်ငံသည် ဥရောပ ဒေသမှာ လက်ယာစွန်းပါတီများ ကို ငွေကြေးနှင့် အခြားအထောက် အပံ့များ ပေးအပ်ကြောင်း၊ လစ် ဘရယ်ဝါဒကို အင်အားလျော့ကျ စေမည့် ပေါ်ပြူလာဝါဒကို အား ပေးမှုများ ပြုလုပ်နေကြောင်း လတ်တလောနှစ်များတွင် သတင်းများ ထွက်ပေါ်ခဲ့ပါသည်။ ဧပြီလ စပိန်ရွေးကောက်ပွဲတွင်လည်း သတင်းမှားများ ဖြန့်ချိမှုကို တွေ့ မြင်ခဲ့ရပါသည်။ သို့ဖြစ်ရာ အင် တာနက်နှင့် မီဒီယာများမှတစ် ဆင့် သတင်းမှား၊ အထင်လွဲစရာ ပြောဆိုမှုများဖြင့် ရုရှားဩဇာ သက်ရောက်မည်ကို စိုးရိမ်ကြပြီး ၂၀၁၆ အမေရိကန်သမ္မတ ရွေး ကောက်ပွဲအတွင်း တွေ့ကြုံခဲ့ သည့် ဆောင်ရွက်မှုမျိုးနှင့် ဒစ်ဂျစ် တယ်နည်းပညာအရ အဆက်အ စပ်များ တွေ့နေရသည်ဟု အီးယူ ပညာရှင်အသိုင်းအဝိုင်းမှ ထုတ် ဖော်ပြောကြားပါသည်။ အနောက်ဥရောပနှင့် ရုရှားအစိုးရအကြား ယုံကြည်မှုပျက်ပြားပြီး အပြန်အ လှန် နှင်ထုတ်မှုများ၊ စွပ်စွဲမှုများ လည်း ရှိခဲ့ရာ ရွေးကောက်ပွဲကာ လကို ပိုမိုသတိထားနေကြသည် ကို တွေ့ရပါသည်။ ဒစ်ဂျစ်တယ် နည်းပညာအရလည်း သတင်းမှား တစ်ခုကို လျင်မြန်စွာ ထုတ်လွှင့် နိုင်ပြီး တားဆီးနိုင်ရန် များစွာအ ခက်အခဲရှိနေသည့်ပြင် ဥရောပ နိုင်ငံများသည် အမေရိကန်ထက် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ကို ပိုမို အသုံးပြုကြသည်ဟု ဆိုပါသည်။ ထို့အပြင် ဥရောပဒေသမှ လက်ဝဲ ဝါဒီ ဝက်ဘ်ဆိုက်အချို့သည် ရုရှားနိုင်ငံမှ သတင်းများကို ကိုး ကား၍ ပြန်လည်ဖြန့်ခြင်း၊ ပုံတူကူး ဆောင်ရွက်ခြင်းများရှိသည်ဟု လည်း သိရပါသည်။ ပါရီရှိ သမိုင်း ဝင်နိုထရာဒမ်းကျောင်းတော် မီး လောင်မှုကိုပင် အစ္စလာမ်များ လက်ချက်အဖြစ် ပုံဖော်ဝါဒဖြန့် ကြသည်လည်း ရှိပါသည်။ မမှန် သတင်း ဖြန့်သူများအနေဖြင့် အ သိုင်းအဝိုင်းများအကြား မယုံ ကြည်မှု၊ မကျေလည်မှု တိုးပွား စေရန်၊ သမားရိုးကျ တည်ရှိပြီး အဖွဲ့အစည်းများ၊ တန်ဖိုးများကို သံသယရှိစေရန် ရည်ရွယ်ချက်ရှိ ရှိ လုပ်ဆောင်နေသည်ဟု ခန့်မှန်း ကြပါသည်။ လူမှုကွန်ရက်မီဒီယာ များမှ မမှန်သတင်းများ လိုက်လံ ဝေမျှခြင်းတို့ ပြုလုပ်ကြသဖြင့် ဖေ့စ်ဘွတ်ခ်ကလည်း အထူးသတိ ပြုကြည့်ရှုပေးနေကာ ဒဗ္ဗလင်တွင် စင်တာတစ်ခု သီးသန့်ဖွင့်ကာ ဥရောပပါလီမန် ရွေးကောက်ပွဲ နှင့် ပတ်သက်၍ စောင့်ကြည့်ပေး ပါသည်။ ရုရှားဝန်ကြီးချုပ်ကမူ ရွေးကောက်ပွဲမကျင်းပရသေး၊ ရလဒ်လည်း မသိသေးဘဲ သံသယများဖြင့် စွပ်စွဲခြင်းကို အဓိပ္ပာယ်မဲ့ လုပ်ရပ်အဖြစ် ပြစ်တင်ဝေဖန်ခဲ့ပါ သည်။

အီတလီဒုတိယဝန်ကြီးချုပ် မာတေယို ဆာလ်ဗိနီသည် လက် ယာစွန်းတစ်ဦးဖြစ်ပြီး ရုရှားနှင့် ပိုမိုနီးစပ်သည့် ရပ်တည်ချက်ရှိပါ သည်။ ၎င်းအနေဖြင့် ဥရောပပါလီ မန် ရွေးကောက်ပွဲကို အီတလီ နိုင်ငံ ရွေးကောက်ပွဲသဖွယ် တစ် နိုင်ငံလုံး လှည့်လည်မဲဆွယ်၍ ပါလီမန်တွင် လက်ယာစွန်း အုပ်စု အင်အားကောင်းလာစေရန် ကြိုး ပမ်းခဲ့ပါသည်။ ဗြိတိန်မှ အီးယူခွဲ ထွက်ရေးပါတီကလည်း အီးယူအ တွင်း လက်ယာစွန်းများ ပိုမိုစုစည်းမိရန် ကြိုးပမ်းနေရာ အာဏာရ ကွန်ဆာဗေးတစ်နှင့် အတိုက်အခံ လေဘာပါတီတို့ထက် ပိုမိုရေပန်း စားနေပါသည်။ သို့ရာတွင် ဗြိတိန် နိုင်ငံ ခွဲထွက်မှု အောင်မြင်သွားပါ က ဗြိတိန်မှ ရွေးချယ်သည့် အမတ်၇၃ ဦးအနက် ၄၆ ဦးက အနားယူ သွားရမည်ဖြစ်ပြီး ကျန် ၂၇ ဦးကို ကျန်အဖွဲ့ဝင်နိုင်ငံများမှ ခွဲဝေရရှိ မည်ဖြစ်ပါသည်။ ဂျာမနီမှ လက် ယာစွန်းပါတီသည်လည်း ပြီးခဲ့ သော ရွေးကောက်ပွဲတွင် လူထု ထောက်ခံမှု ပိုမိုရရှိလာပါသည်။ ရွေးကောက်ပွဲကာလအတွင်း ဟန်ဂေရီဝန်ကြီးချုပ် အော်ဘန်၏ မေလ အမေရိကန်ခရီးစဉ်သည် ၁၉၉၈ နောက်ပိုင်း အမေရိကန် သမ္မတနှင့်တွေ့သည့် ပထမဆုံး ဟန်ဂေရီဝန်ကြီးချုပ်အဖြစ် အမေ ရိကန်၏ အားပေးထောက်ခံမှုကို ပြသခဲ့ရာ အီးယူအတွင်း ပြစ်တင် ဝေဖန်မှုခံနေရသော ဟန်ဂေရီကို အမေရိကန်က အားပေးမှု ပြသ ခြင်းဟုလည်း ယူဆနိုင်ပါသည်။

 ရွေးကောက်ပွဲရလဒ်အရ လက်ယာစွန်းအုပ်စုများသည် မဲစုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းကို ရရှိသဖြင့် ၂၀၁၄ ရွေးကောက်ပွဲ က ရရှိခဲ့သော ၂၀ ရာခိုင်နှုန်းထက် သိသိသာသာ တိုးတက်လာပါ သည်။ အထူးသဖြင့် အီးယူအ တွင်း ဦးဆောင်နိုင်ငံများဖြစ်သော ပြင်သစ်နှင့် ဂျာမနီတို့တွင် အာ ဏာရပါတီများ အရေးမလှဘဲ လက်ယာစွန်းနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးပါတီတို့က အသာ ရခဲ့ပါသည်။ ဂျာမနီတွင် အာဏာ ရပါတီနှင့် ညွန့်ပေါင်းဖြစ်သည့် အက်စ်ပီဒီခေါင်းဆောင်သည် ရှုံး နိမ့်မှုအတွက် တာဝန်ယူကာ ပါတီ ခေါင်းဆောင်အဖြစ်မှ နုတ်ထွက်ခဲ့ပါသည်။ စပိန်တွင်မူ မကြာသေးမီက စပိန်ရွေးကောက်ပွဲ၌ အနိုင် ရသည့် ဆိုရှယ်လစ်ပါတီက ထောက်ခံမှု ပိုမိုရရှိပါသည်။ အီတလီ၊ ဟန်ဂေရီ၊ ပိုလန်တို့တွင် မူ အီးယူပေါင်းစည်းမှုကို သံသယ ရှိသည့် လက်ယာစွန်းတို့က အခြေအနေကောင်းရရှိပါသည်။ပြင်သစ်၊ ချက်၊ဘူလ်ဂေးရီးယားတို့ တွင် အီးယူပေါင်းစည်းမှု မလို လားသူတို့ အားကောင်းနေပြီး ဆွီ ဒင်နှင့် ရိုမေးနီးယားတွင်လည်း အင်အားအသင့်အတင့်ရှိနေပါ သည်။ ဂျာမနီ၊ ပေါ်တူဂီ၊ ဂရိနှင့် ဖင်လန်တို့တွင်မူ အီးယူလိုလား သူများက အသာစီးရရှိထားသည့် တိုင် လက်ယာစွန်းတို့ နေရာပိုရ လာသည်ကို တွေ့ရပါသည်။ ပါလီမန်တွင် ဗဟိုလက်ယာက အများစုဖြစ်သည့်တိုင် လက်ယာ စွန်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးပါတီတို့က တစ်စတစ်စ ပိုမို အင်အားကောင်းလာကြပါသည်။

သို့ဖြစ်ရာ ဥရောပပါလီမန် အသစ်တွင် လက်ယာစွန်းတို့ ၂၅ ရာခိုင်နှုန်းသာဖြစ်၍ လွှမ်းမိုးနိုင်မှု များစွာမရသည့်တိုင် အီးယူ၏ အနာဂတ်အတွက်မူ အကျိုးသက် ရောက်မှုတို့ ရှိလာတော့မည်ဖြစ် ပါသည်။ အီးယူနိုင်ငံများအတွင်း အီးယူဆန့်ကျင်သူတို့နှင့် အီးယူ ပေါင်းစည်းလိုသူတို့ အပြိုင်အ ဆိုင် အတိုက်အခံဖြစ်မှုလည်း ပိုမို များပြားလာနိုင်ပါသည်။ အီးယူ ပေါင်းစည်းမှု အောင်မြင်ရေးအ တွက် သတိထားလုပ်ဆောင်ရ မည့် အချက်များ ဖော်ထုတ်လာ နိုင်ပြီး မူဝါဒအပြောင်းအလဲများ ဖြစ်စေ၍ အီးယူဆန့်ကျင်လိုသူ တို့ နားလည်လက်ခံလာအောင် ဆောင်ရွက်မည်ဟု ယူဆလာသူ များလည်း ပေါ်ပေါက်လာပါ သည်။

ဥရောပပါလီမန်တွင် လွှမ်း မိုးထားနိုင်မှုအရ အီးယူလိုလားသူ ဗဟိုလက်ယာ ဥရောပပြည်သူ့ ပါတီအုပ်စုမှ မန်းဖရက်ဝက်ဘာ (ဂျာမန်)က ပါလီမန်ဥက္ကဋ္ဌဖြစ် လာရန် အခွင့်အရေးကောင်း ရရှိ နေသော်လည်း ဂျာမနီနှင့် ပြင်သစ်ရှိ နိုင်ငံရေးခေါင်းဆောင်များ နှင့် အီးယူလိုလားသူ ပါတီများအ ကြား ညှိနှိုင်းကြရဦးမည်ဖြစ်ပါ သည်။ ဥရောပ ပြည်သူ့ပါတီအုပ် စုသည် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးပါတီအုပ်စုနှင့် ပူးပေါင်း ဆောင်ရွက်လိမ့်မည်ဟု မျှော်လင့် ရပါသည်။ ဥရောပပါလီမန်အ မတ်များအနေဖြင့် ပါလီမန်ဥက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌများ တင်မြှောက်ရန် ဆွေးနွေးမှုများကို ဇွန်လအ တွင်း ပြုလုပ်ကြပြီး ပါလီမန်သစ် ၏ ပထမဆုံးအစည်းအဝေးကို ဇူလိုင်လ ၂ ရက်နေ့တွင် စတင်ရန် ရှိပါကြောင်း တင်ပြအပ်ပါသည်။

No comments:

Post a Comment