‘‘သံအမတ်ကြီးက ကြိုတင်အကြောင်းကြားပြီး ရောက်လာတာပေါ့။ ကျွန်တော်တို့ IDPs ကိစ္စ ဦးစားပေးဆွေးနွေးပါတယ်။ ဒီက အခြေအနေကတော့ သံအမတ်ကြီးလည်း တော်တော်လေး သိထားပြီးသားဖြစ်ပါတယ်။ IDPs ကိစ္စမှာ ဂျပန်ကလည်း ကူညီချင် တယ်ပေါ့။ ကူညီရန် သင့်၊ မသင့် ပါတီရဲ့ အမြင်သဘောထားမေး တာပေါ့ဗျာ။ ဆိုတော့ ကျွန်တော်က ဂျပန်အနေနဲ့ ကူညီသင့်ပါတယ်။ အမြန်ကူညီပေးပါဆိုပြီးသဘောထားပေးလိုက်တာပေါ့’’ ဟု ဒေါက်တာမနာမ်တူးဂျာက ပြောသည်။
ပါတီခေါင်းဆောင်များက လက်ရှိတွင် အစိုးရ၊ တပ်မတော်၊ ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA) နှင့် လူထုကိုယ်စားလှယ်များ ပူးပေါင်း၍ IDPs အရေးဆောင်ရွက်နေမှုများကို ဂျပန်သံအမတ်ကြီးအား ရှင်းပြခဲ့ကြောင်းလည်း ၎င်းက ပြောသည်။
‘‘IDPs ဆိုတဲ့ နေရာမှာ အခု အရင်ကနဲ့ မတူတဲ့ ပုံစံတွေက လည်း ရှိတာပေါ့နော်။ ဒါကြောင့်မို့ အကူအညီပေးချင်တဲ့ သူတွေ လည်း အတော်လေး စိတ်ချ လက်ချဖြစ်တာပေါ့။ သူတို့ကလည်း ကူညီချင်တယ်ပေါ့။ ကျွန်တော်တို့ကလည်း တိုက်တွန်းလိုက်ပါ တယ်။ ငြိမ်းချမ်းရေးမှာလည်း ဂျပန်ရဲ့ ပါဝင်ကူညီမှုကို ဂုဏ်ပြုပါတယ်လို့ ကျွန်တော်တို့ ပြောကြားခဲ့ပါတယ်’’ ဟု ဒေါက်တာ မနာမ်တူးဂျာက ပြောသည်။
ဂျပန်နိုင်ငံသည် လက်ရှိ၌ လည်း မြန်မာ့ငြိမ်းချမ်းရေးဖြစ် စဉ်တွင် အားပေးကူညီနေသည်။ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး၏ ကချင်ပြည်နယ် ခရီး စဉ်နှင့် ပတ်သက်၍ သံရုံးက သီး ခြားထုတ်ပြန်ခြင်းမရှိပေ။ ကချင်ပြည်နယ်တွင် ၂၀၁၁ က စတင်ဖြစ်ပွားသည့် တပ်မတော်နှင့် ကချင်လက်နက်ကိုင်အ ဖွဲ့ (KIO/KIA) တို့အကြား တစ်ကျော့ပြန်တိုက်ပွဲများကြောင့် ဒေသခံ တစ်သိန်းခန့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည်။
No comments:
Post a Comment