ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် စစ်ကိုင်းတိုင်ဒေသကြီးအတွင်းရှိ နိုင်ငံရေးပါတီများ ရွေးကောက်ပွဲဆိုင်ရာကဏ္ဌစုံမှ ပါဝင်ပတ်သက်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက မုံရွာမြို့ အထွေထွေစုပေါင်းရုံးတွင်ကျင်းပပြုလုပ်သည်။ ဆွေးနွေးပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲအဖွဲ့ဝင် ကော်မရှင် စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်အာင်မှ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးရွေးကောက်ပွဲ အရာရှိ ဦးအောင်မျိုးလွင်မှရွေးကောက်ပွဲ ကော်မရှင်၏ မဟာဗျူ ဟာစီမံကိန်းနှင့် (၂၀၂၀)အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းပြုစုခြင်းလုပ်ငန်းများကို ရှင်းလင်းတင်ပြပေးသွားပါသည် ။
ထို့နောက် တက်ရောက်လာကြသည့် နိုင်ငံရေးပါတီအဖွဲ့များနှင့် အရက်ဖက်အဖွဲ့အစည်းများမှလည်း ပြန်လည်ဆွေးနွေးတင်ပြခဲ့ကြသည်။
ပြည်ထောင်စုရွေးကောက်ကော်မရှင်နှင့် စစ်ကိုင်တိုင်းဒေသကြီးအတွင်းရှိ နိုင်ငံရေးပါတီများရွေးကောက်ပွဲဆိုင်ရာကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများ တွေ့ဆုံဆွေးနွေးပွဲကို ပထမဆုံးအကြိမ်ကျင်းပပြုလုပ်ခြင်းဖြစ်ကြာင်းသိရသည်။
No comments:
Post a Comment