ဘရာဇီးကွင်းလယ်တွင်အာ သာနှင့်ကက်စီမီရိုတို့ တွဲကစား မည်ဖြစ်ကာ မန်စီးတီးကွင်းလယ် လူ ဖာနန်ဒင်ဟိုပါဝင်မည် မဟုတ် ဟု သိရသည်။
ဘရာဇီးသည် ၂၀၁၆ ကိုပါ အမေရိကပြိုင်ပွဲတွင် ယခုနှစ်ပြိုင် ပွဲကဲ့သို့ပင် တစ်ပွဲနိုင်၊ တစ်ပွဲသရေ ရလဒ်ဖြင့် တတိယပွဲကိုပီရူးနှင့် ယှဉ်ပြိုင်ခဲ့ရပြီး ၁-၀ ဂိုးဖြင့် ရှုံး ကာ ထိုစဉ်ကနည်းပြ ဒွန်ဂါထုတ် ပယ်ခံရသည်။
၂၀၁၆ က ပါဝင်ယှဉ်ပြိုင် သော အသင်း ၁၆ သင်းရှိခဲ့ သော်လည်း ယခုနှစ်တွင် ၁၂ သင်းသာရှိရာ ဘရာဇီးသည် အုပ် စုတတိယရရုံဖြင့် နောက်တစ်ဆင့် တက်ခွင့်ရမည်ဖြစ်သည်။
ပီရူးနှင့်ပွဲသည် မိမိတို့အ တွက် အရေးကြီးသောပွဲတစ်ပွဲ ဖြစ်ကြောင်း နည်းပြတိုက်ကပြော ကြားပြီး ခံစစ်ပိုင်း ပိုကောင်းလာ စေရန် အာရုံစိုက်ထားသည်ဟု ပြောသည်။ လက်ရှိဘရာဇီးအသင်း၏ ဟန်ချက်သည် မှန်ကန်သော အ နေအထား၌ မရှိသေးဟု နည်းပြ တိုက်က ဝန်ခံထားသည်။
No comments:
Post a Comment