အဲဒီရုပ်တုက ဖက်ဆစ်တော်လှန်ရေးခေတ်ကာလက ဗိုလ်ချုပ်အောင်ဆန်း ဓားထောက်ပြီး ဦးထုပ်ကိုင်ထားတဲ့ ပုံစံကို ပုံဖော် ထုဆစ်ထားတာပါ။
ဗိုလ်ချုပ်အောင်ဆန်း ပုံတူ ကြေးရုပ်တုက အမြင့် ၉ ပေခွဲရှိပြီး ကြေးပိဿာချိန် ၃၀၀ ကျော်နဲ့ ကြေးသွန်းလောင်းခဲ့တာလို့ ပန်းချီ၊ ပန်းပုပညာရှင် ဦးဇင်မင်းထွန်းက ပြောပါတယ်။
ဗိုလ်ချုပ်ကြေးရုပ်တု ဖြစ်မြောက်ရေးမှာ ပါဝင်ကူညီခဲ့တဲ့လူတွေကို အမြင့် ၆ လက်မရှိ ဗိုလ်ချုပ်ပုံတု ပလာစတာ ရုပ် ၅၅ ရုပ်ကို ပေးအပ်ဖို့ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ ရေစကြိုမြို့ ဗိုလ်ချုပ်ပုံတူ ကြေးရုပ်တု ဖွင့်ပွဲကိုတော့ ဇူလိုင် ၁၄ ရက် ပြုလုပ်မယ်လို့ သိရပါတယ်။
No comments:
Post a Comment