ဆာတွန်ပြည်နယ် လန်ငူ တံငါရွာလေးရဲ့ ပင်လယ်ကမ်းရိုးတန်းက အလုပ်ရုံမှာ အန်နျူရာဟာ ညတိုင်း သူ့ရဲ့ရိုက်ကူးရေးအဖွဲ့သားတွေနဲ့ တိုက်ရိုက် Live လွှင့်ပြီး ပုစွန်ခြောက်၊ ကင်းမွန်ခြောက်နဲ့ ငါးခြောက်တွေ စတဲ့ ထုတ်ကုန်တွေ ရောင်းပါတယ်။
လုပ်ငန်းသေးသေးလေးနဲ့ အစပြုခဲ့ပေမယ့် အခုဆိုရင် သူ့ရဲ့ လုပ်ငန်းဟာ တော်တော်လေး အောင်မြင်လာပြီး Live လွှင့်ချိန် သုံးနာရီမှာ ဘတ်တစ်သန်း (အမေရိကန်ဒေါ်လာ ၃၂,၀၀၀) အထိ ဝင်ငွေရနေပါပြီ။
ပြီးခဲ့တဲ့မတ်လမှာတော့ အန်နျူရာရဲ့ ရောင်းအားဟာ ထိုင်းဘတ်ငွေ ၂၆ သန်းအထိ စံချိန်တင် ရရှိခဲ့ပါတယ်။
ပင်လယ်စာ ထုတ်ကုန်တွေအကြောင်း အကုန်နားလည်တဲ့ ငါးဖမ်းသမားတယောက်အနေနဲ့ ပြီးတော့ ကျနော်ရဲ့စိတ်ကူးနဲ့ပေါင်းပြီး တင်ဆက်ပါတယ်။
ဘယ်အချိန်က ပင်လယ်သတ္တဝါတွေ ဖမ်းလို့ကောင်းတဲ့ ရာသီလဲ၊ ဘယ်အပိုင်းက စားလို့ အကောင်းဆုံးဆိုတာတွေကို ကျနော်သိတယ်လေ” လို့ အန်နျူရာဆာရီခရိုင် အွန်လိုင်းပင်လယ်စာအရောင်း လုပ်ငန်းရှင်က ပြောပါတယ်။
HasunDriedSeafood လို့ အမည်ပေးထားတဲ့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ပေ့ခ်ျဟာ follower ငါးသိန်းကျော်ရှိပြီး တနိုင်ငံလုံးက စားသုံးသူတွေဆီ အရောက်ပို့ပေးနိုင်တဲ့ ဖြန့်ချိရေး ၀န်ဆောင်မှုလည်း ရှိပါတယ်။
ငါးဖမ်းသမားတယောက်ရဲ့ သားဖြစ်တဲ့ အန်နျူရာက သူ့အနေနဲ့ ပင်လယ်စာ ကုန်သွယ်ရေးလုပ်ငန်းမှာ ပါရမီမပါပေမယ့် ပင်လယ်စာတွေ အရသာရှိအောင် ဘာတွေ ထည့်ထားတယ်ဆိုတာနဲ့ ငါးဖမ်းသမားတွေရဲ့ ဇာတ်ကြောင်းကိုပြောပြပြီး စားသုံးသူတွေကို ဆွဲဆောင်ခဲ့တယ်လို့ ပြောပါတယ်။
“စားသုံးသူတွေအနေနဲ့ ကျနော့် စားသောက်ကုန်ကိုဝယ်ဖို့ လိုအပ်တဲ့အကြောင်းအရင်းကို ပရိသတ်တွေ သိအောင်လုပ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လူတွေက ကုန်ပစ္စည်းတခုကို ဝယ်ဖို့ဆိုရင် ငါဘာအတွက်လိုတာကြောင့် ဝယ်ရမှာလည်းဆိုတဲ့ အကြောင်းအရင်း လိုက်ရှာလေ့ရှိကြတယ်” လို့ သူက ထပ်ပြောပါတယ်။
အွန်လိုင်းကနေ ဈေးရောင်းသူအများစုဟာ Facebook နဲ့ Instagram စတဲ့ လူမှုမီဒီယာ စာမျက်နှာတွေကနေတဆင့် ရောင်းကြသလို ယနေ့ခေတ် စားသုံးသူတော်တော်များများကလည်း အွန်လိုင်းကနေ ဈေးဝယ်ကြတာပါ။
၂၀၁၈ ခုနှစ်မှာ အွန်လိုင်း အရောင်းအဝယ်လုပ်ငန်းတွေရဲ့ ဝင်ငွေစီးဆင်းမှု စုစုပေါင်း အမေရိကန် ၁၀ ဘီလျံထိ ရှိခဲ့တယ်လို့ ထိုင်းအီလက်ထရောနစ်စနစ် အရောင်းအဝယ် ဖွံဖြိုးတိုးတက်ရေး အေဂျင်စီ ETDA က ခန့်မှန်းခဲ့ပါတယ်။
No comments:
Post a Comment