ဒီတွေ့ဆုံဆွေးနွေးပွဲကို ပထမဆုံးအကြိမ်ပြုလုပ်တာဖြစ်ပြီး ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၇ ခုနှစ်၊ ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွေရဲ့ အတွေ့အကြုံတွေနဲ့ပတ်သက်လို့ အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲတာဝန်ရှိသူတွေက လာမယ့် ၂၀၂၀ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ မဲဆန္ဒရှင်စာရင်းပြုစုတာအပါအဝင် ကြိုတင်ပြင်ဆင်နေတာတွေ၊ ပြင်ဆင်ဖြည့်စွက်ပယ်ဖျက်ဖို့ လိုအပ်နေသေးတဲ့ ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေနဲ့ပတ်သက်ပြီး လုပ်ဆောင်ချက်တွေကိုလည်း ရှင်းလင်း ပြောကြားခဲ့ကြပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဟာ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ တိုင်းအတွင်းက ဌာနဆိုင်ရာတွေနဲ့လည်း တွေ့ဆုံကာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ အပြန်အလှန်ဆွေးနွေးတာတွေလည်း သီးသန့်ပြုလုပ်ခဲ့ပါသေးတယ်။
No comments:
Post a Comment