
ပစ်ကပ်တစ်စီးက ဒရိုင်ဘာဖြစ်သူ ပစ်ဆာနူ မွမ်ထရွတ်(၂၉) နှစ်ဟာ အလွဲသုံးစားမှုနဲ့  ဖမ်းဝရမ်းထုတ်ခံထားရသူဖြစ်ကြောင်း စစ်ဆေးရေးဂိတ်မှ ရဲတွေက ပြောပါတယ်။ ၄င်းကို ထိန်းသိမ်းပြီး ဆီးစစ်ခဲ့ရာမှာ မူးယစ်ဆေးဝါးသုံးစွဲထားတယ်လို့  တွေ့ ရှိရကြောင်း သိရပါတယ်။ ယင်းအတွက်ကြောင့် မသင်္ကာဖြစ်ကာ တာဝန်ရှိသူတွေဟာ ပစ်ကပ်ကားကို စစ်ဆေးရှာဖွေခဲ့ရာမှ ဒရိုင်ဘာ ထိုင်ခုံအနီးက လျှို့ ဝှက်အခန်းတစ်ခုနဲ့  အပို ကားတာယာထဲကနေ မက်သာဖီတမင်း ၂၂ ကီလိုဂရမ်ကို တွေ့ ရှိခဲ့ပါတယ်။
ယင်းနောက် တာဝန်ရှိသူတွေဟာ ဒုတိယမြောက်ကားကိုလည်း စစ်ဆေးရှာဖွေခဲ့ကြပြီး ယာဉ်ပေါ်က လျှို့ ဝှက်အခန်းနှစ်ခုနဲ့ အပို ကားတာယာတစ်ခုအတွင်း ၀ှက်သယ်လာတဲ့ မက်သာဖီတမင်း ၃၇ ကီလိုဂရမ်ကို ထပ်မံတွေ့ ရှိခဲ့ကြကြောင်း သိရပါတယ်။ ယင်း ဒုတိယကားရဲ့ ဒရိုင်ဘာကိုလည်း ဖမ်းဆီးခဲ့ပါတယ်။
သံသယရှိသူနှစ်ဦးဟာ အုပ်စုတစ်ခုတည်းကလို့  ယုံကြည်ရပြီး ၄င်းတို့ ကို မူးယစ်ဆေးဝါးပြစ်မှု တွေနဲ့ စွဲချက်တင်ဖို့ အတွက် ဆောင်ခလာဘူရီ ရဲတပ်ဖွဲ့ ကို လွှဲပြောင်းပေးခဲ့ကြောင်း သိရပါတယ်။
No comments:
Post a Comment