
ရှမ်းပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ရေအားလျှပ်စစ် အနေဖြင့် ကုမ္ပဏီ ၂၉ ခုမှ ငှားရမ်း စာချုပ် ရှစ်ခု၊ နားလည်မှုစာချွန်လွှာ (MoU)၂၉ ခု၊ သဘောတူစာချုပ် (MoA) ရှစ်ခု စုစုပေါင်း စီမံကိန်း လုပ်ငန်း ၄၅ ခုနှင့် ကျောက်မီးသွေးသုံး လျှပ်စစ်စီမံကိန်းအနေဖြင့် သဘောတူစာချုပ် (MoA) တစ်ခုတို့အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ရှမ်းပြည်နယ် အစိုးရထံမှ သိရသည်။ ရှမ်းပြည်နယ်တွင် ကျေးရွာပေါင်း ၁၃၇၇၆ ရွာ၊ အိမ်ထောင်စု ၁၁၆၉၅၆၉ ရှိရာ၊ ဓာတ်အား အနေဖြင့် ကျေးရွာပေါင်း ၁၈၃၀၊ အခြားစနစ်ဖြင့် ၂၅၇၉ ရွာ၊ စုစုပေါင်း ၄၄၀၉ ရွာ၊ ၃၂ ရာခိုင်နှုန်းခန့် လျှပ်စစ်ဓာတ်အား ရယူသုံးစွဲလျက်ရှိပြီး ၉၃၆၇ ရွာ ဓာတ်အားရရှိ သုံးစွဲရန် ကျန်ရှိနေသေးကြောင်း သိရသည်။
ရှမ်းပြည်နယ်အတွင်း ဓာတ်အားဖြန့်ဖြူးမှု ပိုမိုကောင်းမွန်စေရန်၊ ဓာတ်အား ပြတ်တောက်မှု လျော့နည်းစေရန်နှင့် ကျေးရွာများ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရန်အတွက် ၂၀၁၈-၂၀၁၉ ခုဘဏ္ဍဍာနှစ် ပထမ ခြောက်လ နှင့် ဒုတိယ ၁၂ လ ပြည်ထောင်စု ငွေလုံးငွေရင်းဘတ်ဂျတ် ကျပ်သန်း ၈၅၈၁ ဒသမ ၄၀၄ ဖြင့် ၆၆ ကေဗွီလိုင်း သုံးမိုင်၊ ၃၃ ကေဗွီလိုင်း ၆၄ ဒသမ ၃၆ မိုင်၊ ၆၆/၃၃ ကေဗွီခွဲရုံ တစ်ရုံ၊ ၆၆/၃၃ ကေဗွီခွဲရုံ ငါးရုံ တည်ဆောက်ခြင်းနှင့် ရှမ်းပြည်နယ်အစိုးရ ငွေလုံးငွေရင်း ရန်ပုံငွေမှ ကျပ်သန်း ၄၀၂၁၁ ဒသမ ဝ၈၇ ဖြင့် ၃၃/ဝ ဒသမ ၄ ကေဗွီ ထရန်စဖော်မာ ကိုးလုံး၊ ၁၁ ကေဗွီလိုင်း ၃၁၅ ဒသမ ၇ မိုင်၊ ၄၀ဝ ဗို့လိုင်း ၄၁၀ ဒသမ ၁ မိုင်နှင့် ၁၁/ဝ ဒသမ ၄ ကေဗွီ ထရန်စဖော်မာ ၃၆၄ လုံး တိုးချဲ့ တည်ဆောက်ပေးနိုင်ခဲ့ရာ ကျေးရွာပေါင်း ၁၃၂ ရွာ ဓာတ်အားရရှိ သုံးစွဲနိုင်ခဲ့ပြီး ကျေးရွာပေါင်း ၁၃၃ ရွာခန့် ထပ်မံ၍ လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနိုင်ရန် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ဆဲ ဖြစ်ပါကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးထံမှ သိရသည်။
No comments:
Post a Comment