ပီပီကို မန်စီးတီး၊ အာဆင်နယ်တို့ကလည်း ချိတ်ဆက်နေပါတယ်။ နောက်ထပ် ကစားသမားကတော့ အစ်စမေးလ်လားဆားလို့ခေါ်တဲ့ အသက် ၂၁ နှစ်အရွယ် ဆီနီဂေါ တောင်ပံကစားသမား ဖြစ်ပါတယ်။ လိုင်လီမှာ ပီပီနဲ့အတူ တွဲဖက်ကစားပြီး ခြေစွမ်းပြထားနိုင်ပါတယ်။
နိုင်ဂျီးရီးယားအသင်းရဲ့ ရော်ဘင်လက်သစ်လို့ တင်စားခံနေရတဲ့ အသက် ၂၀ အရွယ် ချူကွီဇီ၊ ထရက်ဇီဂေးလက်သစ်လို့ ဖော်ပြနေကြတဲ့ အီဂျစ်အသင်းက မာမွတ်ဟက်ဆန်ထရက်ဇီဂေး၊ ဇင်ဘာဘွေက မားဗီးလပ်စ် နာကမ်ဘာ၊ အေဂျက်စ်က မော်ရိုကိုတိုက်စစ်မှူး ဇီရက်ခ်ျနဲ့ အဲလ်ဂျီးရီးယားက နိုက်စ်ညာနောက်ခံလူ ယူဆက်ဖ်အေတယ်လ်တို့ပဲ ဖြစ်ပါတယ်။
ဒီကစားသမားတွေကိုတော့ ပရီးမီးယားလိဂ်ကလပ်တွေက အဓိကစိတ်ဝင်စားနေတာ ဖြစ်ပြီး သူတို့ရဲ့ ပြောင်းရွှေ့ကြေးတွေကတော့ ပြိုင်ပွဲပြီးဆုံးချိန်မှာ အခြေအနေတမျိုး ဖြစ်လာနိုင်ပါတယ်။
No comments:
Post a Comment