
ထိုဒရုန်းများအား ကယ်လီဖိုးနီးယားပြည်နယ် Beale နှင့် မြောက်ဒါကိုတာပြည်နယ် Grand Forks တို့ရှိ လေတပ်အခြေစိုက်စခန်းများမှ ဒရုန်းမောင်းသူများက အဝေးမှနေ၍ ထိန်းချုပ်ပျံသန်းနေခြင်းဖြစ်သည်။ အမေရိကန်လေတပ်တွင် ထိုဒရုန်း၏ အဆင့်မြင့်ဆုံးအမျိုးအစားဖြစ်သော RQ- 4B ဒရုန်းကို တပ်စွဲထားသည်။
အမေရိကန်ရေတပ်သည် ရေကြောင်းသုံးပုံစံ MQ- 4 Triton ကို အပြည့်အဝ အသုံးပြုနိုင်ရန်အတွက် စောင့်ဆိုင်းနေစဉ် ဒရုန်းပုံစံဟောင်းများကို မှီခိုနေရသည်။ ဟော်မုဇ်ရေလက်ကြားအပေါ် အပြည်ပြည်ဆိုင်ရာ လေပိုင်နက်တွင် အီရန်၏ မြေပြင်မှ ဝေဟင်ပစ်ဒုံးဖြင့် ပစ်ချခံခဲ့ရသည့် အမေရိကန်ဒရုန်းသည် ပုံစံဟောင်း ဒရုန်းတစ်စင်းသာဖြစ်ကြောင်း အမေရိကန်ရေတပ်က ထုတ်ပြန်ခဲ့သည်။
Northrop Grumman က တည်ဆောက်ခဲ့သော Global Hawk ဒရုန်းသည် အရှည် ၄၇.၆ ပေ (၁၄.၅ မီတာ) ရှိပြီး ဝေလငါးပုံစံရှိသော မီးလုံးပုံစံ ဦးပိုင်းပါရှိသည်။ ဒရုန်း၏ တောင်ပံအစွန်းနှစ်ဖက်ကြား အရှည်သည် ၁၃၀.၉ ပေရှိပြီး အလွန်အဆင့်မြင့်သော ရေဒါကိရိယာများနှင့် ကြည်လင်မှုမြင့်မားသော ကင်မရာများကို တပ်ဆင်ထားသည်။
Global Hawk ဒရုန်းသည် အမြင့်ဆုံးအားဖြင့် အမြင့်ပေ ၆၀ဝ၀ဝ (၁၈.၃ ကီလို မီတာ) ၌ ပျံသန်းနိုင်ပြီး အကွာအဝေး ကီလိုမီတာ ၂၂၇၈၀ အထိ ပျံသန်းနိုင်သည်။
ကြည်လင်ပြတ်သားမှုအားကောင်းသော ပုံရိပ်များကြောင့် ယာဉ်များ၊ လေယာဉ်၊ လူနှင့် ဒုံးအမျိုးအစားများကို ကောင်းမွန်စွာခွဲခြားနိုင်ခြေရှိပြီး မည်သည့်ရာသီဥတု သို့မဟုတ် နေ့ဖြစ်စေ၊ ညဖြစ်စေ ကြည့်ရှု စစ်ဆေးနိုင်ကြောင်း Northrop က ゞင်း၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
Global Hawk ဒရုန်းသည် အမေရိကန်လက်နက်များစာရင်းတွင် ဈေးအကြီးဆုံးများထဲမှ တစ်ခုဖြစ်ပြီး တစ်စင်းလျှင် ဒေါ်လာ ၁၂၃ သန်း တန်ဖိုးရှိကြောင်း တရားဝင်ထုတ်ပြန်ထားချက်များအရ သိရသည်။
ထောက်လှမ်းစောင့်ကြည့်ရေးအတွက်သာ အသုံးပြုသော Global Hawk ဒရုန်းတွင် လက်နက်များ တပ်ဆင်ခြင်းမရှိပေ။
အမေရိကန်ရေတပ်သည် ပစ်ချခံရသော Global Hawk ဒရုန်း၏ အပျက်အစီးအပိုင်းအစများ အီရန်လက်ထဲသို့ မရောက်ရှိစေရန်အတွက် ပြန်လည်ရရှိရန် ကြိုးပမ်းဖွယ်ရှိသည်။
အီရန်သည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာတွင်လည်း ゞင်း၏ ပိုင်နက်ကို ကျူးကျော်ဝင်ရောက်လာသည်ဆိုသော အမေရိကန်၏ RQ- 170 Sentinel ဒရုန်းကို ဖမ်းဆီးမိခဲ့ပြီး ကိုယ်ပိုင်ဒရုန်းပုံစံ ပြန်လည်တည်ဆောက်ခဲ့သည်။ ဖမ်းဆီးခံရသော ထိုဒရုန်းသည် အီရန် နျူကလီးယားစက်ရုံများကို ထောက်လှမ်းနေခြင်းဖြစ်သည်ဟု အမေရိကန်မီဒီယာများက ဖော်ပြခဲ့သည်။
ယင်းကဲ့သို့ ဖမ်းဆီးခဲ့ပြီးနောက် သုံးနှစ်အကြာတွင် အီရန်က Sentinel ဒရုန်းအား ပုံတူပွားထားသည့် အီရန်ဒရုန်းတစ်စင်း ပျံသန်းမှုအား ရိုက်ကူးထားသည့် ပုံရိပ်များကို ထုတ်လွှင့်ပြခဲ့သည်။
No comments:
Post a Comment