ဆန္ဒထုတ်ဖော်သူများသည် ဗစ်တိုးရီးယားအတွက် တရားမျှ တမှုရရှိရေး၊ မြန်မာ့လူ့အဖွဲ့ အစည်းအတွင်း တရားဥပဒေ စိုးမိုးရေး၊ နောက်ထပ်ဗစ်တိုးရီး ယားများ ထပ်မံမပေါ်ပေါက်စေ ရေး၊ လုံခြုံစိတ်ချရသော လူ့အဖွဲ့ အစည်းတစ်ခု ဖန်တီးနိုင်ရေး၊ သက်ငယ်မုဒိမ်းမှု လျော့နည်းပ ပျောက်ရေး စသည်တို့ ဟစ် ကြွေးကာ လမ်းလျှောက်ဆန္ဒ ထုတ်ဖော်ခဲ့သည်။
‘‘ဗစ်တိုးရီးယားလေးအ တွက် တရားမျှတမှုရှိစေရေးအ တွက် ဦးတည်ပါတယ်’’ ဟု ဦး ဆောင်သူတစ်ဦးဖြစ်သည့် ဦး ပြည့်စုံအောင်က ပြောသည်။
ထို့အပြင်သက်ငယ်မုဒိမ်းမှု များ ပပျောက်ရေး ကမ်ပိန်းများ၊ အသိပညာပေးခြင်းများ ဆက် လက်ဆောင်ရွက်မည် ဖြစ် ကြောင်း သက်ငယ်မုဒိမ်းမှု ပ ပျောက်ရေးအဖွဲ့ (မန္တလေး) မှ တာဝန်ရှိသူများက ဆိုသည်။
သက်ငယ်မုဒိမ်းမှုများ ဖြစ် ပွားမှ ကြီးလေးသည့် ပြစ်ဒဏ်များ ချမှတ်ခြင်းထက် ကြိုတင်ကာ ကွယ်မှု ပြုလုပ်သင့်ကြောင်း ဆန္ဒပြပွဲတွင် ပါဝင်သည့် အဆို တော်မွန်းအောင်က ပြောသည်။
‘‘ကလေးတွေက တိုင်းပြည် ရဲ့ အနာဂတ်တွေလေ။ ဒီကလေး တွေရဲ့ လုံခြုံမှုကို ဒီအရာက တော်တော် တုန်လှုပ်စေတယ်’’ ဟု အဆိုတော် မွန်းအောင်ကပြော သည်။ ထို့အပြင် စစ်ကိုင်းမြို့တွင် ဒေသခံ ၃၀၀ ကျော်ကလည်း ဗစ် တိုးရီးယားအမှု တရားမျှတမှုရရှိ စေရေး မြို့တွင်းလှည့်လည် ဆန္ဒ ထုတ်ဖော်ခဲ့သည်။
No comments:
Post a Comment