ယင်းဇာတ်လမ်းတွဲတွင် ၎င်းနှင့်အတူ သရုပ်ဆောင် နက္ခတ် ပါဝင်မည်ဖြစ်ပြီး အခြား သရုပ် ဆောင်များစွာလည်း ပါဝင်မည် ဖြစ်ကာ မန္တလေး၌ သွားရောက် ရိုက်ကူးမည်ဖြစ်သည်။
‘‘အဲဒီဇာတ်လမ်းတွဲလေးအ တွက်တော့ စိုးရိမ်တယ်။ ဆရာတွေးထားတဲ့ ကာရိုက်တာကို လုပ်နိုင်ပါ့မလား။ ကိုယ့်စိတ်ထဲမှာ ပေါ် လာတဲ့ ကာရိုက်တာနဲ့၊ ဆရာဖြစ် စေချင်တဲ့ ကာရိုက်တာနဲ့ ထပ်တူ ကျပါ့မလားဆိုတာကိုတော့ စိုးရိမ်တယ်။ နန်းကတော့ အတတ်နိုင် ဆုံး ကြိုးစားမယ်။ ပရိသတ်တွေ လည်း ကြည့်တဲ့အခါကျရင် မအေးဖြူဆိုတဲ့ ကာရိုက်တာထဲမှာ တကယ်ရှိနေပါလားလို့ ဖြစ်အောင် လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်’’ ဟု နန်းစန္ဒာလှထွန်းက ပြော သည်။
ဇူလိုင် ၁၁ ရက်တွင် ရုံတင်ပြသမည့် ဒဏ္ဍာရီမိုးဇာတ်ကား သည် ရဲတိုက် ပထမဆုံး ပြန်လည် သရုပ်ဆောင်ထားသဖြင့် စိတ်ဝင် စားကြောင်း ၎င်းက ပြောသည်။ ‘‘ဒဏ္ဍာရီမိုးက ကိုရဲတိုက် ပထမဆုံး ပြန်ရိုက်တဲ့ ကားဖြစ် တယ်။ နောက် မကစ်၊ ဒေါင်း၊ ကိုရွှေထူးအပြင် ကိုရဲတိုက်ရောဆိုတော့ အရမ်းကို စိတ်ဝင်စား တယ်။ ကိုရဲတိုက် စပေါ်ကတည်း က သူ့ရဲ့မျက်လုံး အက်တင်တွေ ကို သဘောကျခဲ့ရတာပါ။ ကိုယ်အားကျတဲ့သူနဲ့သာ တွဲရိုက်ခွင့်ရမယ်ဆိုရင် အတိုင်းထက်အလွန် ပေါ့’’ ဟု ၎င်းက ပြောသည်။
No comments:
Post a Comment