အနုကြမ်းစီးသူများက ရွှေ ဘယက်တစ်ကုံး၊ ဆွဲကြိုးတစ်ကုံး အပါအဝင် စုစုပေါင်း ကျပ်သိန်း ၄၀၀ ကျော်တန်ဖိုးရှိ ရွှေထည် ပစ္စည်းများ ယူဆောင်သွား ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
‘‘ဆိုင်ဖွင့်ဖို့ ပြင်ဆင်နေတုန်း ဆိုင်ကယ်နဲ့ လူနှစ်ယောက်လာ ပြီး အနုကြမ်းစီးသွားတာ။ သူတို့ မှာ သေနတ်ကိုယ်စီပါတယ်လို့ သိရတယ်’’ဟု တာချီလိတ်မြို့မ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ သေနတ်ကိုင် အနု ကြမ်းစီးသူနှစ်ဦးကို ဓားပြမှု ပုဒ်မ ၃၉၅ ဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီး ရမိရေး ပိတ်ဆို့ရှာဖွေနေကြောင်း ၎င်းက ဆက်လက်ပြောသည်။
တာချီလိတ်မြို့တွင် ဇွန်လ ၃ ရက်ကလည်း မယ်ခေါင်ရပ် ကွက် ဗိုလ်ချုပ်လမ်းမဘေးရှိ နန်း နန်းဘွန်းကျောက်ရွှေဆိုင် (၂)ကို သေနတ်ကိုင်ဆောင်ထားသော မျက်နှာဖုံးစွပ်လူနှစ်ဦးက အနု ကြမ်းစီးကာ ရွှေထည်ပစ္စည်းများ ယူဆောင်ခဲ့သည်။ မျက်နှာဖုံးစွပ် ဓားပြနှစ်ဦးက ရွှေဆိုင် (၂)သို့ လာရောက်ပြီး သေနတ်ဖြင့် ခြိမ်း ခြောက်၍ ရွှေဆွဲကြိုးနှင့် ရွှေဟန်း ချိန်း စုစုပေါင်း ၈၀ ကျပ်သားခန့် ယူဆောင်ခဲ့သည်။
နန်းနန်းဘွန်းကျောက်ရွှေ ဆိုင် (၂)သည် တာချီလိတ်မြို့တွင် ပြီးခဲ့သည့်လပိုင်းက ဓားပြတိုက်ခံရသည့် နန်းနန်းဘွန်းကျောက် ရွှေဆိုင်၏ ဆိုင်ခွဲတစ်ဆိုင်ဖြစ် သည်။
မတ်လ ၂၉ ရက်က တာချီ လိတ်မြို့ ဆန်ဆိုင်း (က) ရပ်ကွက်ဗိုလ်ချုပ်လမ်းဘေးရှိ နန်းနန်းဘွန်းကျောက်ရွှေဆိုင်ကို လူခြောက်ဦးက ကားတစ်စီးဖြင့် လာရောက်ဓားပြတိုက်ပြီး ရွှေထည်ပစ္စည်း များ အပါအဝင် ကျပ်သိန်းသုံး ထောင်ခန့် ယူဆောင်မှု ဖြစ်ပွားခဲ့သည်။ အဆိုပါ ဓားပြတိုက်မှုတွင်ပါဝင်သူ ထိုင်းနိုင်ငံသားတစ်ဦး အပါအဝင် နှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်။
နန်းနန်းဘွန်းကျောက်ရွှေ ဆိုင် (၂) အနုကြမ်းစီးသူနှစ်ဦးကို ရဲတပ်ဖွဲ့က လက်ရှိအချိန်အထိ ဖမ်းမမိသေးပေ။ တာချီလိတ်မြို့တွင် ယခုနှစ် ငါးလအတွင်း အနုကြမ်းစီးခံရမှု သုံးကြိမ်ဖြစ်ပွားခဲ့သည်။
No comments:
Post a Comment