

မွန်ပြည်နယ်၊ ဘီးလင်းမြို့ မိုးလေဝသစခန်း၏ ဇူလိုင်(၉)ရက် နံနက်(၇)နာရီခွဲအချိန် တိုင်းတာချက်အရ ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့၏စိုးရိမ်ရေအမှတ်(၁၀၂၂)စင်တီမီတာအောက်(၉၆၀)စင်တီမီတာတွင် ရောက်ရှိနေကြောင်း သိရသည်။ သထုံမြို့နယ်နှင့်ဘီးလင်းမြို့နယ် နယ်စပ် ဒုံဝန်းကျေးရွာအနီး ဘီးလင်းမြစ်အတွင်း တောင်ကျရေများ စီးဆင်းနေသည်ကို ဇူလိုင်(၉)ရက် နံနက်ပိုင်းကတွေ့ရစဉ်။ သထုံမြို့နယ်နှင့်ဘီးလင်းမြို့နယ်အတွင်းက ပြည်သူများ အားလုံး သတိဝီရိယ ရှိကြပါစေလို့ အကြောင်းကြားအပ်ပါသည်။
No comments:
Post a Comment