
ပထမဆုံးအသုတ်အဖြစ် ၂၀၁၆ အောက်တိုဘာလမှာ ၇၁ ဦး၊ ဒုတိယအသုတ်အဖြစ် ၂၀၁၈ မေလမှာ ၉၃ ဦး၊ တတိယအသုတ်အဖြစ် ဒီနှစ် ဖေဖော်ဝါရီလမှာ ၅၆၅ ဦး ပြန်လည်ပို့ဆောင်ခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောပါတယ်။
နေရာရွှေ့ပြောင်းခဲ့ကြရတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းအစိုးရက ၁၉၈၄ ခုနှစ်ကစလို့ ယာယီခိုလှုံခွင့်ပြုခဲ့ပြီး၊ အခုအခါ ခရိုင် လေးခုက ယာယီစခန်း ကိုးခုမှာ လူဦးရေ တစ်သိန်းဝန်းကျင် ရှိနေပါတယ်။
နေရာရွှေ့ပြောင်းရသူ မြန်မာနိုင်ငံသားတွေ မူလနေရပ်ပြန်ရေးဟာ တစ်ဦးချင်းရဲ့ဆန္ဒအလျောက်ဖြစ်ပြီး၊ လုံခြုံမှုနဲ့ ဂုဏ်သိက္ခာရှိရှိဖြစ်ဖို့ ထိုင်း နဲ့ မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ကြမှာဖြစ်ကြောင်းလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဒါ့ပြင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR နဲ့ ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း IOM တို့ကလည်း နေရာရွှေ့ပြောင်းရသူတွေ မူလနေရပ်ပြန်ရေးလုပ်ငန်းစဉ်မှာ ဆက်လက်ပါဝင်ကူညီနေကြပါတယ်။
No comments:
Post a Comment