ဒီပြိုင်ပွဲနောက်ဆုံးဗိုလ်လုပွဲမှာ ဆီဒင်သတ်မှတ်ချက် အဆင့် (၁) ရ အိန္ဒိယကစားသမား ကူဒါရာဗီလီကို ၂၁-၁၈ မှတ်၊ ၂၁-၁၃ မှတ်နဲ့ နှစ်ပွဲပြတ်အနိုင်ရပြီး ဗိုလ်စွဲခဲ့တာလည်းဖြစ်ပါတယ်။
သူ့ကို အားပေးတဲ့သူအားလုံးကို အထူးကျေးဇူးတင်ရှိတဲ့အကြောင်း မသက်ထားသူဇာက သူ့ရဲ့ လူမှုကွန်ရက်မှာ ပြောထားပါတယ်။
သက်ထားသူဇာဟာ ၂၀၁၈ အောက်တိုဘာကနေ ၂၀၁၉ ဇူလိုင်လအထိ နိုင်ငံတကာ ပြိုင်ပွဲတွေမှာ ချန်ပီယံဆု ခြောက်ကြိမ်၊ ဒုတိယဆု တကြိမ်ရထားပါတယ်။
ဒီပြိုင်ပွဲမတိုင်ခင် လက်ရှိ ကမ္ဘာ့အဆင့် သတ်မှတ်ချက် ၁၀၁ ရှိနေတဲ့ သက်ထားသူဇာဟာ အခုပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့လို့ ခုရက်ပိုင်းအတွင်း အသစ်ထုတ်ပြန်ဖို့ရှိနေတဲ့ ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာ အဆင့် ထပ်မြင့်တက်လာဖွယ် ရှိနေပါတယ်။
No comments:
Post a Comment